Pages

Thursday, January 16, 2014

ရန်ကုန် အသင်း ၏ Mobile Application ဖေဖော်ဝါရီ လ တွင် စတင် သုံးနိုင် မည်

မြန်မာ နေရှင်နယ် လိဂ် (MNL) ပြိုင်ပွဲ ကို စတင် ကျင်းပ မည့် ဖေဖော်ဝါရီ လ ၁ ရက်နေ့ တွင် ရန်ကုန် ယူနိုက်တက် အသင်း ၏ Mobile Application ကို စတင် အသုံးပြု နိုင်မည် ဖြစ်ကြောင်း ယင်း အသင်း ကို နည်းပညာ ထောက်ပံ့ ပေးသည့် Bagan Innovation Technology က ပြောရေး ဆိုခွင့် ရှိသူ ဦးဝင်းလှိုင်ဦး က ပြောကြား သည်။ ယင်း Mobil Application တွင် ရန်ကုန် ယူနိုက်တက် အသင်း ကစား သမားများ ၏ မှတ်တမ်း များ၊ ပွဲစဉ် အချိန် ဇယားများ နှင့် အမှတ်ပေး ဇယား ရပ်တည်မှု တို့ အပြင် MNL ပြိုင်ပွဲဝင် အသင်း များ ၏ သတင်း များ နှင့် ဗီဒီယို ဖိုင်များ လည်း ပါဝင် မည် ဟု ၄င်းက ဆိုသည်။ မြန်မာ နှင့် အင်္ဂလိပ် နှစ်ဘာသာ ဖြင့် ကြည့်ရှု နိုင်မည့် ယင်း Application ကို iOS နှင့် Andriod စနစ် တို့ဖြင့် ထုတ်လုပ် မည် ဖြစ်ရာ iOS စနစ် ကို I Tunes စတိုး တွင် ရယူ နိုင်မည် ဖြစ်ပြီး Andriod စနစ် ကိုမူ Google Play နှင့် Win Mobile Market တို့ တွင် ရယူ နိုင်မည် ဖြစ်ကာ မိုဘိုင်းလ် ဖုန်းဆိုင် များတွင် လည်း ရယူ နိုင်မည် ဖြစ်ကြောင်း ၄င်းက ရှင်းပြ သည်။

ယင်း ကဲ့သို့ အသုံးပြု နိုင်ခြင်း ကြောင့် အသင်း ၏ ရလဒ် များ ကို ပရိသတ် များ အချိန်နှင့် တစ်ပြေးညီ သိရှိ နိုင်မည် ဖြစ်ကြောင်း၊ ပွဲစဉ် များ၏ အသေး စိတ် အချက် အလက်များ ကို လည်း ဖော်ပြ ပေးမည် ဖြစ်ရာ ပြိုင်ပွဲ ကို လာရောက် ကြည့်ရှု နိုင် ခြင်း မရှိ သည့် ပရိသတ် များ အတွက် လည်း ပွဲရလဒ် များ ကို လက်ကိုင် ဖုန်းများမှ တစ်ဆင့် ကြည့်ရှု နိုင်မည် ဖြစ်ကြောင်း ရန်ကုန် ယူနိုက်တက် အသင်း မီဒီယာ တာဝန်ခံ ဦးအောင်ပိုင် က ပြောကြား သည်။ “MNL ပြိုင်ပွဲ ဝင် အသင်းတွေ ထဲမှာ ကျွန်တော် တို့ အသင်း Mobile Application စနစ် ကို ပထမ ဦးဆုံး အသုံးပြု နိုင် တာပါ” ဟု ၄င်း က ဆိုသည်။ လက်ရှိ အချိန် တွင် ၂၀၁၄ ဘောလုံး ရာသီ အတွက် ရန်ကုန် ယူနိုက်တက် အသင်း ကို အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ် (AGD Bank) က ငွေကျပ် သိန်း သုံးထောင် ဖြင့် အဓိက ထောက်ပံ့ ပေးထားပြီး Elite Tech က ငွေကျပ် သိန်း ၃၀၀ ထောက်ပံ့ ပေးထား သည်။ ရန်ကုန် ယူနိုက်တက် အသင်း သည် ၂၀၁၄ ဘောလုံး ရာသီ အတွက် နည်းပြ ဟောင်း အဲရစ် ဝီလျံ ကို ပြန်လည် ခန့်အပ် ခဲ့ပြီး မက်ဆီ ဒိုးနီးယား နိုင်ငံသား အလက်ဇန္ဒား၊ ဘရာဇီး နိုင်ငံသား အီမာဆင်၊ ဂျပန် နိုင်ငံသား ကာဇူကီ တို့ အပြင် ဧရာဝတီ အသင်း ဂိုးသမား ပြည့်ဖြိုးဦး၊ ဟံသာဝတီ ယူနိုက်တက် အသင်း ၏ နောက်တန်း ကစား သမား အောင်ဇော် တို့ကို ခေါ်ယူ အားဖြည့် ခဲ့သည် ။

The Voice Daily

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်