Pages

Thursday, January 16, 2014

နိုင်ငံခြားသား သီးသန့် ရထား ခရီးစဉ်များ ငှားရမ်း ပြေးဆွဲ ပေးမည်

မန္တလေး တိုင်း ဒေသကြီး သို့ လာရောက် လည်ပတ်သော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အတွက် ခရီးသွား ကုမ္ပဏီ များမှ တစ်ဆင့် သီးသန့် မီးရထား တွဲဖြင့် ခရီးစဉ် များ ငှားရမ်း ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း မန္တလေး တိုင်း ဒေသကြီး မြန်မာ့ မီးရထား၊ တိုင်း (၃) မှ သွားလာ ရေး / တိုင်း မန်နေဂျာ ဦးကျော်စိုးလင်း ထံမှ သိရ သည်။ ယင်း ကဲ့သို့ နိုင်ငံခြားသား များ အတွက် သီးသန့် ခရီးစဉ် များ ပြေးဆွဲ ရေး အတွက် နိုင်ငံခြား ခရီး သွား ကုမ္ပဏီ များ ကို ငှားရမ်း သွားမည် ဖြစ်ရာ ခရီးသွား ကုမ္ပဏီ များက တောင်းဆို သည့် ခရီးစဉ် အလိုက် လက်မှတ်ခ ကို ဒေါ်လာ ဖြင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြ သည်။ “နိုင်ငံခြား သား ခရီးသည် တွေ အတွက် သီးသန့် ခရီးစဉ် တွေ ပြေးဆွဲ ပေးမယ့် ရထား တွဲ ကလည်း မရှိသေး ဘူး။ နိုင်ငံခြား သားတွေ ဘက် ကနေ ခရီး သွား ကုမ္ပဏီ တွေကို ဘယ်မြို့ တွေ တော့ သွားချင် တယ် ဆိုပြီး တောင်းဆို ထား တာတွေ ရှိ တယ်။ ပြီးတော့ နိုင်ငံခြား ဝင်ငွေ ရရှိဖို့ အတွက် လည်း ပါတာ ပေါ့” ဟု ဦးကျော်စိုးလင်း က ဆိုသည်။

နိုင်ငံခြားသား ခရီးသည် အများစု သည် မီးရထား ခရီးစဉ် တွင် နဘား - ကသာ နှင့် ရွှေညောင် - ဟဲဟိုး ခရီးစဉ် များ ကို နှစ်သက် လေ့ ရှိသည့် အတွက် ယင်း ခရီးစဉ် များ ကို အဓိက ပြေးဆွဲ ပေးသွား မည် ဖြစ်သည့် အပြင် မန္တလေး - ပုဂံ ခရီးစဉ် များ ကိုလည်း ပြေးဆွဲ ပေးသွား မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။ “နိုင်ငံခြား သား ခရီးသည် တွေ ကတော့ လေယာဉ် နဲ့ သွားကြ တာ များတယ်။ ရထား နဲ့ သွားတာ က ကားနဲ့ သွားတာ ထက် မြန်တယ် ဆိုရင် တော့ ကောင်း တာပေါ့။ ဒါပေမဲ့ ခရီးစဉ် ဈေးနှုန်း လေးတွေ သိရရင် ပိုကောင်း တာပေါ့” ဟု Wai Thar Li Travels မှ တာဝန် ရှိသူ တစ်ဦး က ဆိုသည်။ အဆိုပါ ပြေးဆွဲ ပေးမည့် အထူး ရထား တွဲဆိုင်း ကို ဂျပန် နိုင်ငံမှ မှာယူ တင်သွင်း ထားခြင်း ဖြစ်ပြီး မြစ်ငယ် စက်ရုံ ၌ ပြုပြင် ထား သည့် လေအေး ပေးစက် ပါ အထူး တွဲဆိုင်း ( အိပ်စင် + စားသောက်တွဲ + အထက်တန်း (ထိုင်ခုံ) တွဲ + အစည်း အဝေး သုံးတွဲ ) ဖြစ်ကာ ခရီး သွား ကုမ္ပဏီ များ က စတင် ကမ်းလှမ်း လာသည့် အချိန် မှ စကာ ခရီးစဉ် များ ကို ပြေးဆွဲ ပေးသွား မည် ဖြစ်ကြောင်း သိရသည်။

The Voice Daily

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်