Pages

Thursday, January 16, 2014

မသန်စွမ်း အားကစား ပြိုင်ပွဲ ကာလ အတွင်း မြန်မာ့ စီးပွားရေး ဘဏ်မှ Mobile Exchange Service ဖြင့် ဝန်ဆောင်မှု ပေးနေ

(၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ကျင်းပ သည့် ကာလ အတွင်း ပါဝင် ယှဉ်ပြိုင် ကြမည့် နိုင်ငံ တကာ အားကစား သမား များ၊ အသင်း အုပ်ချုပ် သူများနှင့် နည်းပြ များ၊ ပြည်တွင်း ပြည်ပ ပွဲကြည့် ပရိသတ် များ၊ ဒေသနေ ပြည်သူများ အား လွယ်ကူ လျင်မြန် ထိရောက် သော ငွေ ကြေး ဝန်ဆောင်မှု ပေးရန် အတွက် မြန်မာ့ စီးပွားရေး ဘဏ် သည် နေပြည်တော် ဘဏ်ခွဲ အပြင် ရွေ့လျား ဝန်ဆောင် မှု (Mobile Exchange Service) ဖြင့် လည်း နေပြည်တော် မြို့ တွင်း လူစည်ကား ရာ နေရာ များ သို့ ဇန်နဝါရီ ၁၃ ရက်နေ့ မှ စ၍ လှည့်လည် ဝန်ဆောင်မှု ပေးလျက် ရှိသည်။

ရွေ့လျား ဝန်ဆောင်မှု ဖြင့် ဝန်ဆောင်မှု ပေးရာ၌ တန်ဖိုးကြီး ငွေစက္ကူ များ ကို တန်ဖိုး ငယ် ငွေစက္ကူ များဖြင့် လဲလှယ် လိုသူများ အား ဝန်ဆောင် မှု ပေးခြင်း၊ မြန်မာ နိုင်ငံတော် ဗဟို ဘဏ်၏ နေ့စဉ် ရည်ညွှန်းနှုန်း ကို အခြေခံ ၍ နိုင်ငံခြား ငွေ လဲလှယ် ပေးခြင်း ဝန်ဆောင် မှု များ ဆောင်ရွက် ပေးလျက် ရှိသည်။ ရွေ့လျား ဝန်ဆောင်မှု ပေးသည့် မော်တော်ယာဉ် ဖြင့် နေပြည်တော် ဝဏ္ဏ သိဒ္ဓိ အားကစား ကွင်း အပြင် မြို့မ ဈေး၊ သပြေ ကုန်းဈေး၊ Junction Centre၊ Capital Hyper Market စသည့် လူစည်ကား ရာ နေရာ များ သို့ လှည့်လည် ဝန်ဆောင်မှု ပေးလျက် ရှိရာ တန်ဖိုး ကြီး ငွေစက္ကူ များ ကို တန်ဖိုး ငယ် ငွေစက္ကူ များ ဖြင့် လဲလှယ် ပေးသည့် တန်ဖိုး မှာ ယနေ့ အထိ ငွေကျပ် ၇ ဒသမ ၅၉ သန်း ရှိပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ကြေးမုံ သတင်းစာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်