Pages

Tuesday, February 5, 2013

ပိတောက်ချောင်း ဆိပ်ကမ်းရှိ အောင်သုခ ဧရာသဘောင်္နှင့် ဆီတွဲ မီးလောင်မှု လူလေး ဦးသေဆုံး




ယနေ့ညနေ ၅ နာရီခန့်ကလှိုင်မြို့နယ် ၊ ခိုင်ဟိုလီဒေါက်ကျင်း ၊ပိတောက်ချောင်းဆိပ်ကမ်း အနီးရှိ အောင် သုခဧရာ သဘောင်္မီးလောင်မှုတွင်လက်တလောရရှိသည့်သတင်းအရ လူ၎ ဦးသေဆုံးခဲ့ကြော င်း  မြန် မာနိုင်ငံ ဗဟိုမီးသတ်ဦးစီးဌာနမှသိရသည်။

လက်ရှိတွင် သေဆုံးသည့် သဘောင်္သားများ၏ အလောင်းများကိုတွေ့ရှိထားပြီး အဆိုပါ အလောင်းများကို ရန် ကုန်ေ ဆးရုံကြိးသို့ ပို့ဆောင်စစ်ဆေးလျက်ရှိကြောင်းလည်းသိရသည်။ အောင်သုခဧရာသဘောင်္ ဆီဖြည့်စ ဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြားသဘောင်္နှစ်စင်းအား ၀င်တိုက်ခဲ့ရာမှ ဆီတွဲတစ်စီး မှာရေလယ်တွင် မီးလောင် နစ်မြုပ်သွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ကျန်တစ်စီးဖြစ် သည့် မြ၀ တီသဘောင်္ပေါ်မှ လူသုံးဦးသေးဆုံးခဲ့ခြင်းဖြစ်သည်ဟုမီးသတ်ဦးစီးဌာနမှသိရသည်။ မီးလောင်မှု အား ညနေ ၆နာ ရီ ၁၅ မိနစ်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ပြီး လိုအပ်သည့်စစ်ဆေးမှုများေ ဆာင်ရွက် လျက် ရှိကြောင်း ဖြစ်ပွားရာသို့ သွားရောက်သတင်းရယူနေသည့်ပေါ်ပြူလာ နယူစ်သတင်းထောက် က ပေး ပို့ သည်။

Popular 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်