Pages

Monday, March 11, 2013

NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ပြီးချိန်မှ ယနေ့ အချိန်အထိ ပါတီတွင်း စည်းလုံးခြင်းမရှိဘဲ ရှုပ်ထွေးမှုများဖြင့် ရင်ဆိုင် နေရသည့် အပေါ် ပြန်လည် ဆန်းစစ်ချက်


- ပါတီဝင်အင်အား လိုအပ်သည်ထက်များပြားနေခြင်း၊
- ပါတီဝင်များ၏ တစ်ဦးချင်းအလိုက် ပါတီစည်းကမ်းလိုက်နာမှု လျှော့နည်းခြင်း၊
- ပါတီဝင် တစ်ဦးချင်းအလိုက် လုပ်ငန်းတာဝန် စီမံခန့်ခွဲပေးနိုင်မှု မရှိခြင်း၊
- ပါတီဝင်တို့၏ လုပ်ငန်း တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်း၊

* ပါတီ လုပ်ငန်းတာဝန်နှင့် ခံစားခွင့်
 
ကယားပြည်နယ် ၇ မြို့ နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် အင်အား ၁ သောင်းေ ကျာ် သည် မတ်လ ၈ရက်နေ့တွင် ပါတီဝင်အဖြစ်မှ တပြိုင်နက် နုတ်ထွက်သွားသည်ကို ဦးစောဒယ်နီယ်နှင့် အင်တာဗျူးမှ သိရှိခဲ့ရပါတယ်။

ယခု နုတ်ထွက်သွားသည် ပါတီဝင် အင်အား ၁ သောင်းကျော်နှင့်ပတ်သက်၍ ပါတီအတွက်ဘယ်လို တာဝန်တွေ ယူထားရပါတယ်၊ ပါတီအကျိုး ဘယ်လို သယ်ပိုးနေပါတယ်၊ ပါတီဝင်များရဲ့ ခံစားခွင့် လုပ်ခအနေနဲ့ မည်မျှ ရရှိထားပါတယ်ဆိုသည့် အချက်များအပြင်NLD ပါတီ၏ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ များပြားလှတဲ့ ပါတီဝင်များအနေဖြင့် ပါတီနှင့် ပတ်သက်သည့် လုပ်ငန်းတာဝန်များနှင့် ခံစားခွင့်စသည်တို့အပေါ် အတွေးနယ်ချဲ့မိ ပါတယ်။

* ပါတီဝင်များနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်း

နိုင်ငံရေးအရ အတိုက်အခံပါတီဆိုသည်မှာ နိုင်ငံ့တာဝန်များကို ဒီမိုကရေစီနည်းလမ်းအရ ဝင်ရောက် ယှဉ်ပြိုင်စေပြီး လူထုရွေးခြယ်တင်မြှောက်ခြင်း ခံရသူမှ နိုင်ငံ့တာဝန်များကို ခန့်အပ်ထားသည့် ဝန်ထမ်းများနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် ရှိသည်ဟု အချုပ်အားဖြင့် ဆိုပါမည်။

ယင်းသို့ဆိုလျှင် အတိုက်အခံပါတီအဖွဲ့အစည်းများတွင် ပါတီဝင်အရေအတွက် အများအပြားဖြင့် ဖွဲ့စည်း ထားခြင်း အပေါ် ပါတီလုပ်ငန်းတာဝန်များကို ခွဲခြမ်း၍ တစ်ဦးချင်းအလိုက် လုပ်ဆောင်စေခြင်း၊ ပါတီဝင်များ အပေါ် လစာကဲ့သို့သော အကျိုးခံစားခွင့်များ ပေးထားခြင်း တာဝန်ယူပေးခြင်းစသည့် အချက်များ အပြင် ပါတီအဖွဲ့အစည်းတရပ်လုံးနှင့်ဆိုင်သည့် ပါတီဝင်များ လိုက်နာကျင့်သုံးရမည့် ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းတရပ် ရေးဆွဲပြဋ္ဌာန်းခြင်းစသည့် အချက်များဖြင့် ပါတီအဖွဲ့စည်းအတွင်း ထိန်းချုပ် လည် ပတ်နိုင်ရေးမှာ အထူးလိုအပ်သည်ဟု သုံးသပ်မိပါသည်။
 
General Knowledge

www.mmdailystar.com

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်