Pages

Sunday, February 17, 2013

နိုင်ငံခြားသား သတင်းထောက်များ အတွက် ပြည်ဝင်ခွင့် ဗီဇာ ၃လ ရမည်



နိုင်ငံခြားမှမြန်မာပြည်တွင်း သို့လာရောက်သတင်းယူမည့် ဂျာနယ်လစ်များအတွက် ပြည်ဝင် ခွင့်ဗီဇာ ကာလကို ၃လအထိတိုး မြှင့်ပေးထားသည်ဟုသတင်းရသည်။နိုင်ငံခြားသားသတင်းထောက် များ မြန် မာပြည် တွင်ပြဿနာဖြစ်  ပွားနေသောနယ်မြေများအပါ အ၀င်အခြားမည်သည့်နေရာမဆို  သတင်း ယူနိုင်ရန်အတွက် ဗီဇာ   သက်တမ်း(၃)လပေးထားသော် လည်း ဗီဇာတစ်ခုတည်းနှင့်ထပ် ကာထပ်ကာ သွားပိုင် ခွင့်ကိုမူမပြု ထားချေ။

““မြန်မာနိုင်ငံတွင်းကိုဝင်ရောက်   ပြီး သတင်းယူနိုင်ဖို့အတွက် လမ်း ဖွင့်ပေးထားတာပါ။ကျွန်တော်တို့   ဘက် က ဥပဒေတွေထိန်းချုပ်သူ တွေကိုလျှော့ပေးတဲ့သဘောပါ။  ၃လဆိုတော့ဗျာ။ပြည်တွင်းက သတင်းမှန်တွေ ရအောင် လုပ်လို့    ရတဲ့အချိန်ပါပဲ””ဟု ပြန်ကြားရေး  ၀န်ကြီးဌာန ညွှန်ကြားရေးမှူးတစ် ဦးဖြစ်သူ ဦးမြင့်ကျော်က Walt Street ဂျာနယ်ကိုဆိုကြောင်းသိ ရသည်။

၎င်းအပြင် သတင်းထောက် များသည် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာကိုမဆိုသတင်းယူ ရန်အတွက် ကြိုတင်အကြောင်း   ကြားခြင်းပြုရန်မလိုပဲသွားနိုင် ကြောင်း မှတ်တမ်းနှင့်အခြားကာလ  ရှည်စီမံကိန်းများ အ တွက် မူ အပို  ကြေးများပေးဆောင်၍သွားနိုင် ကြောင်း၎င်းကဆိုသည်။

Hot News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်