Pages

Monday, February 4, 2013

လင်မယား နှစ်ယောက်ကိုဖမ်း ၊ ယောကျာင်္းကို ငယ်ပါ ဖြတ်သတ် ၊ အမျိုးသမီးကို အခုထိဖမ်းပြီး သတင်း ဖျောက်ထားတဲ့ ကေအိုင်အေ ဗိုလ်မှူး တစ်ဦးရဲ့ လုပ်ရပ်


ကိုထွန်းအောင်ကျော်နဲ့ ဇနီးမသင်းသင်းအောင် တို့ဟာ တရုတ်ပြည်ကနေ မြစ်ကြီးနားကို မိုဘိုင်းဖုန်း နဲ့ဖုန်းအပို ပစ္စည်း သယ်ယူရောင်း ချတဲ့ အလုပ်လုပ်ကိုင်ပါတယ် ။(၁၈-၁၂-၂၀၁၂)ရက်နေ့ မှာ သူတို့ လင်မယား တရုတ်ပြည်ကနေ လိုင်ဇာကို ပြန်အဝင်မှာပဲ လိုင်ဇာမြို့ဟာ အဝင်/အထွက် ပိတ်ထားခြင်း ခံ ရလို့ လိုင်ဇာထဲက အသိမိတ်ဆွေအိမ်မှာတည်းခိုနေခဲ့ရပါတယ် ။
 
 
ဒီလိုနဲ့ (၂-၁-၂၀၁၃) ရက်နေ့မှာကိုထွန်းအောင်ကျော် တို့ လင်မယားနှစ်ယောက် မြို့ထဲကို သွားခဲ့ပါတယ် ။အဲဒီအချိန်မှာ လိုင်ဇာမြို့ထဲမှာ ကလပ်ဖွင့်ထားတဲ့ ကေအိုင်အေ ဗိုလ်မှူးနဲ့ကေအိုင်အေ ရဲဘော်လေးေ ယာက် အပြင် ELEVEN MEDIA သတင်းထောက်တစ်ယောက်တို့ ပါဝင်တဲ့ အုပ်စုဟာ အဆိုပါက လပ် ထဲကို  ကားပေါ်ကဆင်းပြီး ကလပ်ထဲသို့ရယ်မောပြီး ဝင်ရောက်နေပါတယ် ။ကိုထွန်းအောင်ကျော် ဟာ သူကိုင်ဆောင်တဲ့ စမတ်ဖုန်းနဲ့ အဆိုပါကေအိုင်အေအုပ်စုကို ဓါတ်ပုံရိုက် မိပါတယ် ။အဲဒါကို ကေအိုင်အေ ရဲဘော်တစ်ယောက် ကမြင်သွားပြီး နောက်ရဲဘော် တစ်ယောက် ကိုခေါ်လာပြီး မေးမြန်းပါတယ် ။ကေ အိုင်အေ ရဲဘော်တစ်ယောက် က မေးမြန်းနေလို့ ကိုထွန်းအောင်ကျော်က ပြန်လှန်ပြောနေစဉ် လာရောက်မေးမြန်း တဲ့ အခြားကေအိုင်အေ ရဲဘော်က ကိုထွန်းအောင်ကျော်ကို သူကိုင်ဆောင် တဲ့ သေနတ်ကို အသုံးပြုပြီး သေနတ်ဒင်နဲ့ ရိုက်ချလိုက်ပါတယ် ။ပြီးတော့ မေ့လဲနေတဲ့ ကို ထွန်းအောင်ကျော် နဲ့သူ့ဇနီး မသင်းသင်းအောင် ကိုပါ ဖမ်းချုပ်ပြီး   ကေအိုင်အေဗိုလ် မှူး စီးနင်းလာ တဲ့ ကားနောက်ခန်းပေါ်ဆွဲတင်ပြီး ခေါ်ဆောင်သွားပါတယ် ။ 
 
အဲဒီအချိန်မှာ မသင်းသင်းအောင်ရဲ့ မောင်လေးဟာ ညစာသွားဝယ်နေလို့ အဲဒီအဖြစ်ကို မသိလိုက်ပါ ဘူး။သူ့အစ်မ လင်မယားစောင့်နေတဲ့နေရာကို ရောက်လာတဲ့အချိန် ပတ်ဝန်းကျင်ကပြောပြလို့သူ့ကိုပါ ဖမ်း လာမှာ စိုးတဲ့အတွက် တည်းခိုနေတဲ့အိမ်ကို အမြန်ပြန်ပြီး ၄င်းအနေနဲ့လိုင်ဇာမှ မဖြစ်မနေ ရှောင်ေ နရေ တာ့ မည်ဖြစ်ကြောင်း ပြောဆိုတဲ့အတွက် တည်းခိုနေထိုင်ရာအိမ်ရှင်နှင့် ပတ်ဝန်း ကျင် အိမ်နီးချင်းတို့မှ လိုင် ဇာမြို့ပြင်ရှိ ဒုက္ခသည် စခန်းမှာ နာမည်ပြောင်း၍သွားရောက်ပို့ဆောင်ခဲ့ကြပါတယ် ။၎င်းတို့အနေနဲ့ ဖမ်းဆီး သွားသော လင်မယားနှစ်ဦးကိစ္စအား အတတ်နိုင်ဆုံးကူညီ စုံစမ်းပါမည်ဟုလည်း ကတိပေးခဲ့ပါတယ် ။
 
 
ဒါပေမယ့်  ကိုထွန်းအောင်ကျော်ကို  ၄-၁-၂၀၁၃ ရက်နေ့မှာပြန်တွေ့ခဲ့ပါတယ် ။ကံဆိုးသူ ကိုထွန်းအောင်ေ ကျာ် ကို လိုင်ဇာမြို့ပြင်ဘက်ရှိ ရေဆိုးထုတ်မြောင်းတစ်ခုပေါ်မှာ နောက်စေ့ကွဲတဲ့ဒဏ်ရာနဲ့သေဆုံးနေတဲ့ အလောင်းအဖြစ်နဲ့ပဲ ပြန်တွေ့ခဲ့ရပါတယ် ။အဲဒါနဲ့ပဲ စောင်နဲ့ပတ်ထားတဲ့ ကိုထွန်းအောင်ကျော်အလောင်းကို ဒုက္ခသည်တွေက စခန်းကို သယ်ဆောင်မြေမြှုပ်ဖို့လုပ်တဲ့အခါ ကိုထွန်းအောင်ကျော်ရဲ့ ငယ်ပါကိုပါဖြတ် ထားခြင်း ခံရတာကိုတွေ့ရှိရပါတယ် ။ကိုထွန်းအောင်ကျော်ဟာ ဘုရားတရားလုပ်ပြီးနေထိုင်တဲ့ လူအေးကြီး လို့ သိရပါတယ် ။နောက်စေ့ကိုရိုက်ခွဲခံရပြီး ငယ်ပါအဖြတ်ခံထားရတဲ့ကိုထွန်းအောင်ကျော်ရဲ့ အလောင်း မှာဝတ်ဆင်ထားတဲ့ အဝတ်အစားများအား အဖမ်းခံရစဉ်က ဝတ်ဆင်သွားသော အဝတ်များ မဟုတ်တော့ ပါ ။အသတ်ခံရသူ ကိုထွန်းအောင်ကျော်ရဲ့ ဇနီး မသင်းသင်းအောင်ရဲ့ သတင်းကိုလည်း မရရှိတော့ပါဘူး ။မြို့ထဲက မိတ်ဆွေများကတော့ ထုံးစံအတိုင်း ကေအိုင်အေ အရာရှိတစ်ယောက်ယောက်ရဲ့ မယားငယ်ဖြစ်ရင်ဖြစ် မဖြစ်ရင် ရဲမေဖြစ်သွားပြီ နေမှာပေါ့ လို့ ပြန်ပြောပါတယ် ။ 
 
အခုဆိုရင် ဒုက္ခသည်စခန်းမှာ ကိုထွန်းအောင်ကျော်ရဲ့ ယောက်ဖ ရှိနေတာကို သိရှိသွား တဲ့ ကေအိုင်အေ အနေနဲ့ အပူတပြင်းရှာဖွေနိုင်ပါတယ် ။ကိုထွန်းအောင်ကျော် နဲ့ ဇနီး၊ယောက်ဖတို့ အခုလို အဖြစ်ဆိုးကြီးနဲ့ ကြုံတွေ့ခဲ့ရတာကို မိသားစုနဲ့ မိဘဆွေမျိုး များသိရှိသေးခြင်းမရှိသေးပါဘူး ။ဒါကြောင့် ကျွန်တော် တို့ မောင်ကျောက်ခဲ အဖွဲ့သားများက နောက်ကျသတင်းအနေနဲ့ စိတ်မကောင်းစွာ ဖော်ပြလိုက်ပါတယ် ။ 
 
အခုဆိုရင် လိုင်ဇာမြို့အဝင်ထိ ကေအိုင်အေကို အစိုးရတပ်မတော်မှ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တဲ့ အတွက်ေ ကအိုင်အေ အနေနဲ့ အရပ်သားများကဲ့သို့ ဝတ်ဆင်ကာ လှုပ်ရှားနေရပါတယ် ။အိမ်ထောင်ရှိသူများ အမိ တစ်ဦး တည်းအဖတစ်ဦးတည်းရှိသူများအား မိသားစုနှင့်အမိ/အဖတို့အားဖမ်းဆီး ကာ အရွယ်ကောင်း အမျိုးသားအမျိုးသမီးတို့အား အရပ်ဝတ်များနှင့် အစိုးရတပ်မတော် လှုပ်ရှားရာဒေသများ သို့ လည်းကောင်း မြို့ပေါ်များသို့လည်းကောင်းစေ လွတ်ပြီး ထောက် လှမ်းရေးနဲ့ ဖောက် ခွဲရေးတာဝန် များခိုင်းစေထားပါတယ် ။ထို့အပြင် အစိုးရတပ်မတော်တပ် များ ပြန်လည်သိမ်းပိုက်ပြီးေ သာ ဒေသများ အတွင်းလည်းကေ အိုင်အေ ရဲမေများအပြင် အကြပ်ကိုင်စေလွတ်ခံရသော ကချင်/ရှမ်း အမျိုးသမီးများ အားေ စလွတ်ကာ တပ်မတော်သားတို့ အား မြုဆွယ်ပြီး သတင်းယူရန် ၊ အခွင့်သာပါက သတ်ဖြတ် မိုင်းထောင် ရန်လ ည်း စေလွတ်ထားပါကြောင်း သ တင်းအတိအကျရရှိထားပါတယ် ။ 
 
(သတင်း/ဓါတ်ပုံ=မောင်ဖြူ/မောင်ကျောက်ခဲအဖွဲ့)
 
From:မောင်ကျောက်ခဲ
 
www.mmdailystar.com

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်