Pages

Monday, February 4, 2013

ပွင့်လင်းမြင်သာတဲ့ မီဒီယာရဲ့ ကြောက်စရာကောင်းပုံကို တိုက်ပွဲကြားက တပ်မတော်သားများ သိစေချင်


 
တပ်မတော်က အငြိမ်းစားယူပြီးတဲ့နောက် ဘုရား၊ တရား အလုပ်ကိုပဲ အာရုံစိုက်လုပ်ခဲ့တာ ကချင်ပြည် နယ် မှာ တိုက်ပွဲတွေ ဖြစ်နေ တယ်ကြားပေမယ့် သာမန်ပဲဆိုပြီး ဂရုမစိုက်မိဘူး။ သတင်းစာထဲက နာရေးေ ကြာ်ငြာ ကို ပြပြီး သမီးဖြစ်သူက ပြောတော့မှ ဟ..ဘယ်လိုတွေ ဖြစ်ကုန်တာလဲ ဆိုပြီး သမီးကို ပြောမိတဲ့ အခါမှ သမီး လာပြတဲ့ အင်တာနက် သတင်းနဲ့ ဓာတ်ပုံတွေကို တွေ့လိုက်ရတယ်။
 

မြန်မာ့အသံ သတင်းမှာ လာတဲ့ အချိန်က သိပ်မထူးခြားပေမယ့် အင်တာနက် ထဲမှာ မြင်လိုက်ရတဲ့ ဓာတ် ပံုေ တြ ကိုေ တွ့တော့မှ မင်းတို့ဟာက စစ်တိုက်နေ တာလား၊ ရုပ်ရှင် ရိုက်နေတာလား ဆိုပြီး အတော် အံ့သြ မိ တယ်။ ဘယ့်နှယ်ကွာ သူပုန် ထဲမှာမှ အညံ့ဆုံး သူပုန်လို့ ပြောရအောင် ကွန်ပျူတာ လက်တော့ပ် ကို ကိုင်ပြီး စစ် တိုက် တဲ့ ပုံလဲ တွေ့ရတယ်။ စက်သေ နတ်တွေကို နေရာ ချထားတဲ့ တောင်စောင်းတွေလဲ တွေ့ ရ တယ်။ ခံစစ် ကုန်းတွေရဲ့ အနေအထားတွေ၊ ဘန်ကာကတုတ်တွေရဲ့ ပုံစံတွေ၊ လက်နက်ကြီး ပစ် ခတ် ပုံတွေ၊ ပစ်ခတ် တဲ့နေရာေ တွကို အသေးစိတ် ရိုက်ပြထား လိုက်တာများကွာ။ 
 

လက်ရှိ စစ်တိုက်နေတဲ့သူတွေ မပြောနဲ့။ ငါစစ်သားဟောင်းတောင် သတင်း မလို၊ မြေပုံကြည့်ပြီး နိုင်ေ အာင် တိုက်လို့ ရနေပြီ။ လက်နက်ကြီး ပစ်ခတ် ပုံကို ကြည့်တာနဲ့ ထိချက်က ဘယ်လောက် မှန်ကန်နိုင် တယ်၊ ပစ်ခတ် မှု စွမ်းရည် ဘယ်လောက် ရှိတယ် ဆိုတာကို ခန့်မှန်းနိုင်တယ်။ စက်သေနတ်တွေ နေရာ၊ လက် နက်ကြီး နေရာ တွေကို သိနေမှတော့ ရန်သူအားကောင်းတဲ့ နေရာတွေကို အရင်ချေမှုန်းရတဲ့ ဥပဒေသ အရ လက်နက်ကြီး တွေနဲ့ အရင်ပစ်ရှင်း ရှင်းရမှာပဲ။ ဘန်ကာ ကတုတ်တွေက ခိုင်မာမှု မရှိတဲ့ ပုံစံတွေ ကြည့်ပြီး ဘာလက်နက်နဲ့ ပစ်ရင် ဘယ်လောက်ထိခိုက်မှု ရှိတယ်ဆိုတာကို ခန့်မှန်းနိုင်တယ်။ နှာခေါင်း ထယ်ထိုးပြီး ကြုံရာ ပစ်နေတဲ့ ပုံစံတွေနဲ့ လက်ပစ်ဗုံးကို အားကိုးတဲ့ ပုံတွေ ကြည့်တာနဲ့ တိုက်နည်း စနစ်ကို ခန့်မှန်းနိုင်ပြီ။
 

ဒီကြားထဲ တိုက်ပွဲဖြစ် စဉ်နေရာတွေကို နေ့စဉ် အင်တာနက်ပေါ်မှာ တင်တယ် ဆိုတော့ ဒီထက်ဆိုးတာ မရှိနိုင်တော့ ဘူးပေါ့။ ဒါနဲ့ သမီးကို မြန်မာ့ တပ်မတော်ရဲ့ ပုံတွေကော ဆိုပြီး ပြခိုင်းတော့ စခန်းသိမ်း မြေပုံ တစ်ချို့ နဲ့ လက်နက်ကြီး၊ လက်နက်ငယ် ဘာမှ မမြင်ရတဲ့ စစ်သားတွေပုံကိုပဲ တွေ့ရတယ်။ တော်သေး တာပေါ့ ကွာ။ သူပြိုင်ကိုယ်ပြိုင် ဓာတ်ပုံတွေ ၊ဗီဒီယိုတွေ  အပြိုင်အဆိုင် အင်တာနက်ပေါ်တင်ပြီး တိုက်ကြ လို့ကတော့ မင်းတို့ စစ်တိုက်တာ ရုပ်ရှင်ဇာတ်ကားကို အသက်တွေနဲ့ ပေးပြီး တိုက်ကြသလို ဖြစ်နေမှာပဲ။

ဒါကို မီဒီယာတွေက တောင်းဆိုကြတယ် အဖေ။ သူတို့ကို စစ်ပွဲ သတင်း လိုက်ရိုက် ယူခွင့် မရလို့ဆိုပြီး အဲ့ဒီ ကေအိုင်အေပုံတွေ အွန်လိုင်းပေါ် မှာ တင်ကြတာတဲ့။ အေးရော။ စစ်မြေပြင်မှာ ရန်သူကို နေလိုမီးလို ကျင့်ပါ ။ ရန်သူကို ရန်သူလို သဘောထားပါ ဆိုပြီး စစ်သည်တော်ကျင့်ဝတ်မှာ ပါတယ်ဆိုတာ ပြောပြ ကြလေ ကွာ။ ရန်သူ ကို ရန်သူလို သဘောထားပြီး စစ်တိုက်တဲ့  အချိန်မှာ စစ်နည်းဗျူဟာ၊ အင်အား၊ တိုက် ရည် ခိုက်ရည်၊ မိမိ လက်နက်တွေကို ပြောပြဖို့ တောင်းဆိုတဲ့ မီဒီယာတွေ ရှိတာ အံ့သြလို့ မဆုံးပါဘူး။ ဘယ်မီဒီ ယာတွေလဲ ဆိုတော့ Eleven၊ The Voice နဲ့ ပြည်ပ အခြေစိုက် မီဒီယာတွေပါတဲ့။
 

လုံးဝ ဂရုမစိုက်နဲ့ တပ်မတော်သားတွေရေ။ စစ်ပွဲနဲ့ မီဒီယာ ဘာမှ မဆိုင်ဘူး။ ဒီလို ကိုယ့်မှာ ရိုက်စရာ မရှိ ရင် ရန်သူ အားပေး ရိုက်တတ်တဲ့ မီဒီယာတွေက ယုံလို့ ရမလား။ စစ်မြေပြင် ကင်းထောက် စရာမလိုဘဲ သတင်း ပေါက်အောင် လုပ်မယ့် မီဒီယာသမားတွေ လာရင် စစ်မြေပြင် စည်းကမ်းအရ ပစ်ကို သတ်ပစ်ရ မှာ။

ငါလည်း နိုင်ငံတကာက ပြည်တွင်း စစ်တွေရဲ့ ဗီဒီယိုကို သတင်းတွေမှာ ကြည့်ဖူး ပါတယ်။ ဒီတစ်ခါ စစ်ပွဲေ လာက် သတင်း အစုံကို အင်တာနက်ပေါ် တင်ပြီး တိုက်ကြတာ အံ့သြ လွန်းလို့ နားမလည်နိုင်တော့ဘူး။ အခု ငြိမ်းချမ်း ရေး ဆွေးနွေးပြီ ဆိုတာကြားတယ်။ တပ်မတော်က စခန်းတွေ သိမ်းပြီးပြီ ဆိုတာလဲ သိတယ်။ ဒီအချိန် မှာတော့ ဘယ်မီဒီယာမှ အကပ်မခံနဲ့ မောင်တို့ရေ။ မြန်မာ မီဒီယာလဲ မယုံနဲ့။ ကမ္ဘာ့ မီဒီယာလဲ မ ယုံ နဲ့။ 
 
 
သတင်း သိချင်ရင် သတင်း ဌာနကို မေး။ စစ်မြေပြင် ကိုတော့ အလည် မခေါ်နဲ့။ ငါတို့တုန်းက အရမ်းခင် တဲ့ မိတ်ဆွေ ကိုတောင် ကိုယ့်စခန်းကို အလည် မခေါ်ခဲ့ဘူး။ ဒါကြောင့်လည်း ငါတို့ရဲ့ စွမ်းရည်ကို တိုက်ပွဲပြီး မှ ရန် သူ တွေ သိကြတာ။ ရန်သူတွေ ခံ့ညားကြတာ။ စစ်ပွဲ အကြောင်း စစ်သားက လွဲပြီး ဘယ်မီဒီယာမှ သိ စရာ မလိုပါ ဘူးကွာ။
 
www.MyanmarExpress.net

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်