Pages

Monday, February 4, 2013

အစိုးရ အနေဖြင့် ရခိုင် တိုင်းရင်းသားများ ဘက်မှ ရပ်တည်ကာ ဖိဖိစီးစီးဖြင့် ဘင်္ဂလီ အရေးအား လျှင်မြန်စွာ ဖြေရှင်း အဆုံးသတ် စေလို


မင်းပြားမြို့နယ်ရှိ စက်ရုံမော်ကျေးရွာမှ အိမ်ထောင်စု ၃၃ စုသည် ရွာကိုစွန့်ပစ်ကာထွက်ပြေးနေရခြင်းအပေါ် အစိုးရမှ ဖြေရှင်းပေးနိုင်ခြင်းမရှိသကဲ့သို့ ကလေးငယ်များလည်း ပညာသင်ကြားနိုင်ခွင့်မရရှိသေး ပါ။မင်းပြား မြို့ နယ်အတွင်းရှိ စက်ရုံမော်ကျေးရွာမှ အိမ်ထောင်စု ၃၃ စု တို့သည် မိမိတို့၏ရွာကိုစွန့်ပစ်ကာ ထွ က်ပြေးေ န ရသည်ဟု သတင်းရရှိပါသည်။ထိုအိမ်ထောင်စုများတွင် ကျား ၇၃ ဦး၊ မ ၇၆ ဦးတို့ရှိပြီး ထိုသို့ထွက်ပြေးရခြင်းမှာ ရွာအနီးတွင် စမ္ဘလေ ဘ င်္ဂလီများစွာရှိနေသဖြင့် စမ္ဘလေရွာ ရှိနေခြင်း အားကြော က် ရွံ့ စိုးရိမ် သဖြင့်ယခုကဲ့ သို့ထွက်ပြေးေ နခြင်းဖြစ် သည်ဟု လည်းသိရသည်။ စက်ရုံမော်ရွာ သား များ သေကန်ေ ကျးရွာ သို့ ပြောင်းေ ရွှ့ပြေး သွားကြစဉ်တွင် ရွာရှိ ကျန်ခဲ့သောပစ္စည် များနှင့်အိမ်ထောင် ပရိေ ဘာဂများ ကိုဘင်္ဂလီ များကလာရောက် ယူငင်သွား သည်ဟုလည်းသိရပါသည်။

၁၂-၁၀-၂၀၁၂ နေ့တွင်ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်ပြီးသေကံကျေးရွာနှင့် စာသင်ကျောင်းအ ကြား မြေ ကွက် လပ် တစ်ခု တွင် ကောက်ရိုးတဲများထိုးကာ ယနေ့တိုင် နေထိုင်ကြရ သည်ဟုသိရ သည်။ သေ ကန် ရွာ သား များက ကူညီမှု ဖြင့် ငတ်တလှည့်ပြတ်တလှည့်နေထိုင်ကြရကြောင်းလည်း စက်ရုံေ မ်ာရွာ သား များ၏ပြောစကားအရသိရသည်။



မိမိတို့၏ ရွာသို့ ပြန်လည်ရွှေ့ပြောင်းရန် ကြိုးစားနေစဉ်တွင် သေကန်ရွာမှ ဦးမောင်သိန်းနုအား ဘင်္ဂလီ များ ထံ တွင်ဓါးထိုးခံရသည့်အပြင်တရားခံအားယနေ့တိုင်ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးသည့်အတွက် ဘ င်္ဂလီ များရန်ကိုစိုးရိမ် ကာ ယနေ့တိုင် တဲများ တွင် နေထိုင်ကြရေ ကြာင်းဖြင့် လည်း သိရှိ ရပါသည်။ဦးမောင်သိန်းနု အားဓါးဖြင့် ၀ိုင်းဝန်းခုတ်သူများ ထဲတွင် စမ္ဘလေ ဘင်္ဂလီကျေးရွာမှ ဦးကျော်ဇံလှ ဆိုသူနှင့်အပေါင်းပါ ငါးဦးတို့ပါဝင်ခဲ့ပြီး ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၃း၃၀ နာရီခန့် က ဖြစ် ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းတွက် သေကန်ကျေးရွာနေ ဦးမောင်သိန်းနု (ဘ)ဦးကျော် စိန်ေ အာင်၊ အသက် (၄၉)နှစ် တွင် ဓါးဒဏ်ရာ ၂ ချက်ရရှိခဲ့ ပြီး မင်းပြားဆေးရုံသို့ တက်ရောက် ကုသ ခဲ့ရ သည်ဟုသိရသည်။

ယနေ့တိုင် တရားခံအားဖမ်းဆီးနိုင်ခြင်းမရှိသေးသည်မှာ ဦးကျော်ဇံလှသည် ထွက်ပြေးနေခြင်းမဟုတ်ေ ကြာင်းနှင့် ယင်းရွာတွင်း၌ပင်ရှိနေကြောင်းသိရသည်။ လာဒ်ပေးလာဒ်ယူမှုများကြောင့်သာ တရားခံအားဖမ်း ဆီးနိုင်ခြင်းမရှိဖြစ် နေသည်ဟုလည်း မင်းပြားမြို့ပေါ်မှ စီးပွားရေးလုပ်ငန်းများနှင့် မြို့သူမြို့သား များ ကသုံးသပ်ပြောဆိုကြပါသည်။ ယင်းသို့ဖမ်းဆီးနိုင်ခြင်းမရှိသော်လည်း ရခိုင်တိုင်းရင်းသားများအား ဖမ်းဆီးနေမှုများစွာ ရှိနေကြောင်းနှင့် အပြစ်မရှိ ဘဲနှင့် အိမ်အောက်တွင် ယမ်းထောင်းသေနတ်ေ တွ့ သည် ဟု ဆိုကာ ဖမ်းဆီးခံထားရသူများလည်းရှိနေကြောင်းသိရ သည်။


၂၀၁၃-ခုနှစ် ဇွန်န၀ါရီလ (၂၉)ရက်နေ့ မနက်ပိုင်းက ဘုန်းကြီးဝတ်သင်္ကန်း အစုံ နှစ်ဆယ်ခန့် နှင့် အတူ ဖမ်းဆီး ရရှိခဲ့သည့် ဂေါင်းတကာ ဒုက္ခသည် စခန်းနေ ကုလားနှစ်ဦး။

စက်ရုံမော်ကျေးရွာမှ အိမ်ထောင်စု ၃၃ စုတို့သည် ယနေ့တိုင်မည်သည့် ကူညီထောက်ပံ့ရေးကိုမှ မရရှိ သ ဖြင့်စားဝတ်နေရေးလွန်စွာခက်ခဲ နေသည်ဟုသိရသည်။ ထိုရွာသားများသည် လူနည်းစုဖြစ်သဖြင့် ဘင်္ဂ လီ များရန်ကို ကြောက်ရွံ့နေရသကဲ့သို့ လုံခြုံရေးအပိုင်းတွင်လည်း ယုံကြည်မှုမရှိသည့်တွက် ထိုသို့ တဲ များတွင်နေထိုင်ရခြင်း ဖြစ် သည်ဟုသိရသည်။

ထို့အပြင်အရေးအကြီးဆုံးမှာ ကျောင်းနေအရွယ် ကလေးငယ် ၃၀ ကျောက်ရှိကြောင်းနှင့် ထိုကလေး ငယ် များသည် စာသင် ကျောင်းအနီးတွင်ေ နထိုင်ရသော် လည်း ကျောင်းတက်ခွင့်မရနိုင်သေးေ ကြာင်း သိရပါ သည်။ အကြောင်းမှာ စမ္ဘလေကျေးရွာစာ သင်ကျောင်းအား ပိတ်ထားသဖြင့်ေ ကျာင်း ထွက်လက် မှတ်မရရှိခြင်းကြောင့်သေကံကျေးရွာကျောင်းမှလည်းလက်ခံကြောင်းသိ ရသည်။ အလားတူ စွာပင်ေ ကျာင်း ထွက်ခွင့်မပေးကြောင်း၊ ကျောင်းထွက်ခွင့်စာတောင်းလျင် ယင်းကျောင်း မှ ကျောင်း အုပ် က ငွေ ကြေး များတောင်းခံသည်များလည်းရှိနေကြောင်းသိရသည်။ ယင်းအတွက်ေ ကျာင်းရှေ့ တွင်နေ ရေ သ်ာလည်း ကျောင်းတက်ခွင့် မရကြသော ကလေးငယ်များအနေဖြင့် စိတ်ပိုင်းဆိုင် ရာထိခိုက်မှု များဖြစ် လာနိုင်ကြောင်းနှင့် ကူညီထောက်ပံ့သူများအနေဖြင့် လည်း သတိထားစောင့် ကြည့်သင့်ကြောင်း သုံးသပ်မိပါသည်။


ဝေသာလီဂေါက်ကွင်းအရာရှိရိပ်သာအားဘင်္ဂလီခိုဝင်သူများက မီးရှို့ဖျက်ဆီးလိုက်ကြစဉ်

ကလေးငယ် ၃၀ ကျော်ကျောင်းနေခွင့်ရရေးအတွက် ပညာရေးကဏ္ဍမှ တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေးကာ ထိ ရောက်သောကူညီပံ့ပိုးမှုများပြုလုပ်ပေးရန်လိုအပ်နေကြောင်းလည်းသိရသည်။ ဒုတိယတန်းအရွယ် ကလေးငယ်တစ်ဦးက “ ကျွန် တော်တို့ကျောင်းတက်ချင်ကြတယ်။ ဒါပေမယ့်တက်ခွင့် မရဘူး။ စာအုပ်တွေလည်း ရွာမှာကျန်ခဲ့တာဘာမှမရှိတော့ဘူး။ ကျောင်း တက်လို့ရအောင် ကူညီပေးပါ။ ကျွန်တော်ကြီးလာရင် ကျောင်းဆရာလုပ်ပြီး ကလေးတွေကို ပညာတတ်အောင်သင်ပေးချင် တယ်”ဟုလည်း ပြောဆိုပါသည်။

စက်ရုံမော်ရွာသားများသည်ကောက်ရိုး ကာ၊ေ ကာက်ရိုးမိုးပြီးမြေပြင်တွင်ကောက်ရိုးခင်းကာနေထိုင်ခဲ့ကြ ရ သဖြင့် စိတ်ပိုင်းဆိုင် ရာထိခိုက်မှုများဖြစ်နေကြောင်းလေ့လာမိသည်။ မကြာသေးမီက ကယ်ဆယ်ရေး အမိုးတစ်ခုလာပေးပြီးတဲပေါ်တွင်တင်ထားရုံမှ အပ အခြားအထောက်အပံ့များ မရရှိသေးကြောင်း လည်း သိရသည်။ “ဆန်နည်းနည်းစီ တစ်ခါနှစ်ခါလာပေးတယ်။ ဆီနည်းပါ တယ်။ နောက်ထပ် ဘာမှ မရဘူး။ လုပ်ကိုင်စားသောက်ဖို့ကလည်း အဆင်မပြေဘူး။ ငါးရှာဟင်းခူးတောင်သွားလို့မရတော့ဘူး။ ဘင်္ဂလီတွေက လစ်ရင်လစ်သလို တိုက်ခိုက်ဖို့ကြိုးစားနေတာကို တွေ့နေရတယ်။ ဦးမောင်သိန်းနု ကလည်းကံကောင်းလို့ လွတ် သွားတာပါ။ ဒါကြောင့် ကျွန်တော်တို့ရွာကိုဖြစ်ဖြစ် သေကံရွာအနီးမှာ နေရာပြောင်းရွှေ့ပေးပါ။ ဒါမှမဟုတ် ဘင်္ဂလီတွေကို စက်ရုံ မော်ရွာနဲ့ ဝေးအောင်ရွှေ့ပေးပါလို့ပြောချင်တယ်။ သူတို့ကိုဘယ်လို မှ နေ လို့မ ရေ တာ့ဘူး။ အဓိကတော့သူတို့ လူအင်အားများလို့ စိုးရိမ်တာပါ”ဟုစက်ရုံမော်ရွာသားတစ်ဦးက ရင်ဖွင့်ပြော ကြားခဲ့ပါသည်။

RSV နှင့် ဝံသာနု Facebook စာမျက်နှာ - https://www.facebook.com/wontharnu999 

(မောင်ကျောက်ခဲ အဖွဲ့)

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်