Pages

Monday, February 4, 2013

နာရီ ၄၀ မနားတမ်း ဗီဒီယိုဂိမ်းကစားသဖြင့် သေဆုံး


ထိုင်ဝမ်တွင် နာမည်ကျော် အွန်လိုင်းဂိမ်းတစ်မျိုးဖြစ်သည့် Diablo 3 ဂိမ်းကို အင်တာနက်ကဖေးဆိုင်တွင် နာရီ ၄၀ မထတမ်းကစားခဲ့သည့် လူငယ်တစ်ယောက်သည် သေဆုံးသွားကြောင်း ပြည်တွင်းသတင်း မီဒီယာတစ်ခုမှ သတင်း ထုတ်ပြန်ခဲ့သည်။အသက် ၁၈ နှစ်အရွယ် ချူအန်းအမည်ရှိ လူငယ် တစ်ယောက်သည် ထိုင်ဝမ်တောင်ပိုင်း တိုင်နန်းရပ်ရှိ အင်တာနက် ကဖေးဆိုင် တစ်ခု အတွင်း နှစ်ရက်တိုင် အစာလည်းထမစား တစ်နေကုန်ကစားနေသဖြင့် ထိုသို့ အသက်ဆုံးရှုံး ရခြင်း ဖြစ် သည်ဟု သတင်း တွင် ဖော်ပြထားသည်။

ထိုလူငယ်ကို ဆိုင်ဝန်ထမ်းတစ်ဦးက နံနက်ခင်းတွင် ထိုင်ခုံ၌ အိပ်ပျော်သလိုဖြစ်နေသည့် အနေအ ထားဖြင့် တွေ့ရှိခဲ့ရကြောင်း၊ သူက သွားနှိုးလိုက်သည့်အခါတွင် ထပြီး တစ်လှမ်း နှစ်လှမ်းလမ်းလျှောက် ပြီးမှ လဲကျ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။ဆေးရုံသို့ အမြန်ပို့သော် လည်း ဆေးရုံ အရောက် တွင် သေဆုံးနေပြီဖြစ်သည်။ ရဲတပ်ဖွဲ့မှ ရင်ခွဲရုံသို့ အလောင်းကို ပို့ပြီး သေဆုံး ရခြင်းအကြော င်းနှင့် ပတ်သက်ပြီး စစ်ဆေးနေကြောင်း၊ နာရီပေါင်းများစွာ ခွေခေါက်ထိုင်ပြီး ကစား နေခြင်းေ ကြာင့် အပြင် နှ လုံးရောဂါအခံကြောင့် သေဆုံးဖွယ်ရှိသည်ဟု ယူဆနေကြသည်။

မကြာသေးမီကလည်း နယူးတိုင်ပေတွင် လူငယ်တစ်ဦးသည် ၂၃ နာရီတိုင် ဂိမ်းကို မရပ်မနားကစားပြီး ကီးဘုတ်ကို လက်လှမ်းနေသည့် အနေအထားဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ထိုလူငယ်ကို လည်း နှလုံးေ ရာ ဂါ ကြောင့်ပင် သေဆုံးခဲ့ရကြောင်း မှတ်ချက်ပေးခဲ့ဖူးသည်။

မောက္ခမဂ္ဂဇင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်