Pages

Monday, February 4, 2013

ငြိမ်းချမ်းရေး အလံ စိုက်ထူရန် လိုင်ဇာသို့ လမ်းလျှောက် ခရီးနှင် သည့်အဖွဲ့ နေပြည်တော် မှ ငြိမ်းချမ်းစွာ ဖြတ်သန်း


ရန်ကုန်မှ(၂၁-၁-၂၀၁၃)ရက်နေ့မှစတင်ပြီးငြိမ်းချမ်းရေး အလံစိုက်ထူရန် ကချင်ပြည်နယ် လိုင်ဇာသို့မိုင် ( ၇၀၀ )ေ ကျာ် လမ်းလျှောက်ခရီးနှင်သည့်အဖွဲ့သည် နေပြည်တော်မှ(၃-၁၂၀၁၃)ရက်နေ့ တွင်အေးချမ်း စွာဖြတ် သန်း သွားပြီဖြစ်ကြောင်း သိရှိရသည်။။

ငြိမ်းချမ်းရေးလမ်းလျှောက် အဖွဲ့သည်နေပြည်တော် လယ်ဝေးမြို့နယ်သာဝထ္တိမြို့သို့(၁-၁-၂၀၁၃)ရက်နေ့ နံ န က် ပိုင်းတွင် ရောက်ရှိပြီး နေ့လည် စာ စားသောက်ခဲ့ပြီး ရန်ကုန်မန္တလေး လမ်းဟောင်း မြို့ရှောင်(၆)လမ်း သွား မှဖြတ် သန်းခဲ့ကြပြီး ပျဉ်းမနားမြို့ အရှေ့ဖက်မြို့ရှောင် လမ်းမဘေး ပုရွက်ဆိတ်ကုန်းကျေးရွာ တွင်ညအိပ်ရပ်နား ခဲ့သည်။ ယင်းနောက် (၂-၁-၂၀၁၃)ရက်နေ့နံနက် တွင် ဆက်လက် ထွက် ခွာ ခဲ့ကြပြီးနေပြည်တော်တပ်ကုန်းမြို့နယ်နန်သြကျေးရွာ တွင်ညအိပ်ရပ် နားပြီး(၃-၁-၂၀၁၃) ရက်နေတွင် ဆက် လက် ထွက်ခွာခဲ့ ကြောင်းသိရှိရသည်။

နေပြည်တော်မှ ဖြတ်သန်းစဉ်ကာလအတွင်းဒေသအာဏာပိုင်များ၊ အမ်ဂျီအိုအဖွဲ့များဒေသခံပြည်သူများမှ လိုအပ်သည် များ ကို ကူညီဆောင်ရွက်ပေး ခဲ့ကြောင်းသိရှိရသည်။

သတင်းဓာတ်ပုံ - ဗညားဦး ၊ မောင်ပိုင်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်