Pages

Monday, February 4, 2013

ရခိုင် အမျိုးသမီးများ ကုလားမယား ဖြစ်ရသည်ဟု ရေးသည့် Hot News ဂျာနယ်မှ တောင်းပန်မည်


 
ဇန်နဝါရီလ၂၄ ရက်နေ့ထုတ် The Hot News ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် ပစ် တိုင်းေ ထာင် ရေး သားသော“ အမျိုးဂုဏ်ကို စောင့်ထိန်းပါ” အမည်ရ ဆောင်းပါးသည် ရခိုင် အမျိုးသမီး ထု၏ ဂုဏ် သိက္ခာ ကို ထိခိုက် နစ်နာစေသည်ဟု ရခိုင် အမျိုးသမီးအသင်း ဥက္ကဋ္ဌ ဒေါ် စောခင်တင့် က ပြောကြားသည်။

အဆိုပါ ဆောင်းပါးတွင် စာရေးသူ ရခိုင်ပြည်နယ်တွင် ဗိုလ်ကြီး ဘဝဖြင့် တာဝန်ထမ်းဆောင်စဉ်က ရခိုင်ပြည် နယ် တွင် ရခိုင်ကွန်မြူနစ် သောင်းကျန်း သူများသည် အစိုးရကို ပုန်ကန် တိုက်ခိုက် နေသော်လည်း ရခိုင် မလေး များကို ခေါ်တော ကုလား များ၏ ဘေးအန္တရာယ်မှ မကာကွယ် နိုင်ခြင်းမှာ ရယ်စရာ ဖြစ်ကြောင်း၊ ရခိုင်သမလေး အများအပြားမှာ ခေါ်တော မယားများ ဖြစ်ကုန်ကြပြီး ကုလား မယား ဖြစ်ရသော ရခိုင် အမျိုး သမီးများမှာလည်း မုတ်ဆိတ်မွှေး ဖြူနေပြီ ဖြစ်သော ကုလားကြီးများ၏ ဘယ်နှစ်ယောက်မြောက် မယား ဖြစ် ရသည်ကို မသိဘဲ လက်ထပ်ခဲ့ရသည်ဟု ဖော်ပြခဲ့သည်။

ဆောင်းပါးတွင် ဖော်ပြသကဲ့သို့ ရခိုင်အမျိုးသမီး အများအပြား ခေါ်တော ကုလားများ၏ မယား များ ဖြစ်ခဲ့ကြ သည်ဆိုသည်မှာ ရခိုင်ပြည်နယ် အခြေ အနေ နှင့် လုံးဝဆန့်ကျင် နေကြောင်း ရခိုင် အမျိုးသမီးအသင်းထံမှ သိရသည်။

“ရခိုင်အမျိုးသမီးအများအပြား မယားဖြစ်ဖို့ မပြောနဲ့ လက်တစ်ဖက်ကို လက်ချိုးရေ ရင်တောင် မပြည့် ပါ ဘူး။ ဆောင်းပါးမှာ ပါသလို လက်ထပ်တယ် ဆိုတာ လုံးဝ မရှိပါဘူး။ သူတို့နဲ့ လက်ထပ်ဖို့ ဘယ်မိသားစုက မှလ ည်း ခွင့်ပြုမှာ မဟုတ်ဘူး” ဟု ဒေါ်စောခင်တင့်က ပြောကြားသည်။

ရိုးရာ အဝတ်အစားကို ဝတ်ဆင်ထားသော ရခိုင် အမျိုးသမီး နှစ်ဦး၏ ဓါတ်ပုံကို ဆောင်းပါးတွင် အသုံးပြုခဲ့ မှုမှာ အထင် အမြင် လွဲမှားမှု ဖြစ်စေ သောကြောင့် တောင်းပန်ပေးရန် ဓါတ်ပုံပါ အမျိုးသမီးနှစ်ဦး၏ မိ ခင် ဒေါ်သန်းသန်းအောင်က ပြောကြားသည်။

အဆိုပါ ထိခိုက် နစ်နာမှု များနှင့် ပတ်သက်၍ Hot News ဂျာနယ်တွင် တရား ဝင် တောင်းပန်မှုများ ပြုလုပ် သွားမည် ဟု အဆိုပါ ဂျာနယ်မှ အယ်ဒီတာ တစ်ဦး ဖြစ်သူ ဦးကျော်စိန်က ဆိုသည်။

The Voice Weekly

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်