Pages

Monday, February 4, 2013

THE LADIES ဂျာနယ်မှ မြန်မာ့ တပ်မတော်မှ ကလေး စစ်သားများ စုဆောင်း အသုံးပြုဆဲ ဆိုသည့် အစီရင်ခံစာ သတင်းတွင် ဓာတ်ပုံ လိမ်လည် ဖော်ပြ



ယနေ့ နေ့လည်ပိုင်းတွင် တူ၊တူမလေး နှစ်ယောက် ဂျာနယ်ကိုင်ပြီး လာမေးကြသည်။ ဒီကေလးစစ္သားေ တြ က တ ကယ္လား တဲ့။ သတင်းကို ဖတ်ကြည့်လိုက်တော့ မြန်မာ့တပ်မတော်မှ ကလေးစစ်သားများ စုေ ဆာင်း အ သုံး ပြု ဆဲဖြစ်ကြောင်း လူ့အခွင့် အရေး အဖွဲ့အစည်း တစ်ရပ်၏ အစီရင်ခံစာ ဖော်ပြ ဆိုသည့် သ တင်းေ ခါင်းစဉ် ဖြင့် လူ့အခွင့်အရေး အုပ်စု တစ်စု၏ သတင်း အား ရေးသားထားသည်။

သတင်းပါ အချက်များမှာ အစိုးရမှ တရားဝင် ဖြေရှင်းခဲ့ပြီး ဖြစ်ယုံသာမက နိုင်ငံတော်မှ တာဝန်ကြီး ထမ်းဆောင် သူများမှ ရှင်းလင်းပြီး ဖြစ်သည်များကို တစ်ဖက်သတ် အမြင်ဖြင့် ရေးသား ထား သည်များ ကို ဖော်ပြခြင်း ဖြစ်သည်။ ထိုထဲတွင်မှ ဓာတ်ပုံမှာ အဖြူအမည်းဖြင့် ကလေးစစ် သား များ လေ့ကျင့်နေသည့်ပုံ ဖြစ်နေသည်။ ကလေးများ ကိုင်ဆောင်သည့် သေနတ်များမှ လွဲ၍ ကျန်သည့် ၀တ်စုံ အနေအထား၊ ဖိနပ်၊ ဦးထုပ်များမှာ မြန်မာ့ တပ်မတော်နှင့် ခပ်ဆင်ဆင် ဖြစ်ချိန်တွင် တပ်မေ တာ် သေ နတ်များ အကြောင်း မသိသည့် ပြည်သူများအဖို့ အထင်အမြင် လွဲမှားနိုင်ပေသည်။

ထိုသတင်းများထဲတွင်မှ နိုင်ငံမြောက်ပိုင်း၌ ကချင်လက်နက်ကိုင်များနှင့် စစ်ဆင်နေဆဲဖြစ် သည့် မြန်မာ တပ်မ တော်သည် စစ်သားများ တပ်ပြေးမှုနှုန်းမြင့်မားခြင်းကြောင့် လူသစ်များ စုဆောင်းရရှိရန် အ ဆက် မပြတ် လိုအပ် နေကြောင်း အစီရင်ခံစာတွင် ဖော်ပြသည် ဆိုသည့် အချက်အား လည်း ရေး သားခဲ့သည်။

သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အလွဲအသုံးချ၍ တပ်မတော်ကို အပုပ်ချ ဝေဖန်သည့် အရေးအသား များကို မဟုတ်မှန်သည့် ဓာတ်ပုံ အသုံးပြု၍ ရေးသားခြင်းကို တာဝန်ရှိသူများ တစ်ခုခု ဆောင် ရွက်သင့်ေ ပ သည်။

အကြောင်းအရာနှင့် ပတ်သက်၍ မိတ်ဆွေ တပ်ရင်းမှူး တစ်ဦးအား မေးကြည့်ရာ တပ်မတော် တပ်ရင်းများ အနေဖြင့် စစ်သား စုဆောင်းရေး တပ်သို့ တပ်သားသစ်များ ပို့ဆောင်ရာတွင် အသက်ပြည့်ပြီး မှတ်ပုံတင် လိုအပ် သည်၊ အသက်ပြည့်ပြီး မှတ်ပုံတင် သာမက မိဘအုပ်ထိန်းသူကိုယ်တိုင်(သို့မဟုတ်) ခိုင်လုံသည့် ကိုယ်ပိုင်ဆန္ဒပြု သည့် စာများ လိုအပ်ပြီး၊ ကျန်းမာ ကြံ့ခိုင်မှုများကို လက်တွေ့ စစ်ဆေးပြီး လက်ခံကြောင်း ၊ တပ်ရင်းတိုင်းမှ အရာရှိများကို ခေါ်ယူ၍ အရွယ် မရောက်သေး သည့် ကလေး သူငယ် များ စစ်မှုထမ်းခြင်းမှ ကာကွယ်သည့် သင် တန်းများကို တက်ရောက်ထားရကြောင်း၊ ကလေးသူငယ်များကို တပ်ရင်းတွင် အသုံး ပြု ပါက ထောင်ဒဏ် အထိ ကျခံရကြောင်းတို့ကို ရှင်းပြပေးခဲ့သည်။

လက်တွေ့တွင်မူ နယ်စပ် တိုင်းရင်းသားလက်နက်ကိုင် တပ်များတွင် ကလေးစစ်သားများ အသုံးပြုနေေ ကြာင်း၊ ကချင် ပြည်နယ်တွင် လူသစ်များ အဓမ္မစုဆောင်းနေကြောင်း တို့ကို မြင်တွေ့ ကြားသိေ နသော် လည်း အဆိုပါ ဂျာနယ်တွင် ဖော်ပြခြင်း မရှိပေ။အဆိုပါ ဂျာနယ်မှာ သမ္မတကြီးမှ စ၍ လွှတ်တော်တွင်း အစိုးရ အ ဖွဲ့ဝင်များ၊ တပ်မတော် ခေါင်းဆောင်ကြီးများကို facebook မှ စော်ကားနေသည့် ခွန်ဒီးယန်း (ခ)ဒီမို ဖက်တီး၏ ဂျာနယ်ဖြစ်ကြောင်း သိရသည်။

Opposite Eye

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်