Pages

Monday, February 4, 2013

The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာအား တိုက်ခိုက် ခံရ


ပြည်တွင်း သတင်းမီဒီယာ တစ်ခုဖြစ်သည့် The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာကို Anonymous Myanmar ဟု အမည်ပေးထားသော အဖွဲ့တစ်ဖွဲ့မှ ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ အချိန်က တိုက်ခိုက်(Hacked) ခံခဲ့ရ ကြောင်း သိရှိရပါသည်။
 
ထိုသို့ တိုက်ခိုက်ရာတွင် The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာ Cover Photo ကို ပြောင်းလဲခဲ့ကာ ပထမ ပြောင်းလဲခဲ့သော Cover Photo တွင် Anonymous Myanmar စာသားကို ဖော်ပြခဲ့ပြီး “We are Anonymous Myanmar! We are Legion! We do not forgive! We do not forget! Expect us!” ဟူ ၍ ဖော်ပြခဲ့သည်။ ဒုတိယ အကြိမ် ပြောင်းလဲခဲ့သော Cover Photo တွင် "Security Compromised By MMCF" ဟု ဖော်ပြခဲ့ပြီး "This attack is in response to the injustice against the Myanmar Muslim People"ဟု ရေးသားခဲ့ပါသည်။

တိုက်ခံရပြီး မိနစ် ၃၀ ခန့်ကြာချိန်တွင် "Security Compromised By MMCF" ဟု ဖော်ပြခဲ့ပြီး "This attack is in response to the injustice against the Myanmar Muslim People"ဟု ရေးသားခဲ့သည့် Cover Photo မှာ ကွယ်ပျောက်သွားခဲ့ပါသည်။ အဆိုပါ Cover Photo ကွယ်ပျောက် သွားခြင်းနှင့်အတူ The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာ၏ status နေရာများတွင်လည်း "Go to hell MMCF u r memeber will arrested in next 24 hours! We are On trick" နှင့် "Bloody hell MMCF where are You? We will upload your cover photo and you all are happy??????" အစရှိသော စာသားများကို ရေးသားခြင်း ခံခဲ့ရပါသည်။

တိုက်ခိုက်ခံခဲ့ရပြီး အချိန် တစ်နာရီကျော် ကြာချိန်အထိ The Voice Weekly ဂျာနယ်၏ Facebook စာမျက်ကို ပြန်လည် ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း သိရှိရပါသည်။ The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာကို Like ပြုလုပ်ထားသူ အရေအတွက်မှာ ၁၀၂၅၉၇ ဦး ရှိပါသည်။
အဆိုပါ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ The Voice ၀ိုင်းတော်သားများမှ ပေါ်ပြူလာ ဂျာနယ် စာမျက်နှာမှ တစ်ဆင့် အောက်ပါအတိုင်း အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။
လူမှုရေးစာမျက်နှာ The Voice Weekly facebook account လောလောဆယ် အနှောက်အယှက် Hack ခံနေရပါတယ်။ ဒီကာလအတွင်းမှာ Admin account အားလုံးကို ဖြုတ်ချထားပါတယ်။ အနှောက်အယှက်ခံနေရတဲ့ ကာလအတွင်း The Voice Weekly နာမည်နဲ့ တင်သမျှအားလုံး ကျွန်တော်တို့ တင်တာမဟုတ်တဲ့အကြောင်း လူမှုရေးကွန်ရက်အသုံးပြုသူအားလုံးကို လေးလေး စားစား အသိပေး အကြောင်းကြားအပ်ပါတယ်။

The Voice Weekly ၀ိုင်းတော်သားများ။ 
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်