Pages

Monday, February 4, 2013

ကမ္ဘာ့ဒုတိယအကြီးဆုံး ဟိုတယ် ကုမ္ပဏီ မြန်မာတွင် ဟိုတယ် ဖွင့်ရန် စီစဉ်



ကမ္ဘာ့ဒုတိယအကြီးဆုံး ဟိုတယ်လုပ်ငန်းအုပ်စုက ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ဟိုတယ် လာရောက် ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။တိုင်းပြည်အတွင်းမှာ ဟိုတယ်အခန်းပြတ်လပ်တာတွေနဲ့ ရင်းနှီးမြှုပ်နှံဖို့ အခွင့် အ လ မ်းကောင်းတွေကြောင့် ရန်ကုန်၊ မန္တလေးမှာ ဟိုတယ်ဖွင့်လှစ်ဖို့ နေရာတွေကို စဉ်းစားနေတယ်လို့ ဘတ်စ် ၀က်ဒ်တမ်း အင်တာနေရှင်နယ် (Best Western International) အာရှနဲ့ အရှေ့အလယ်ပိုင်း ဆိုင် ရာ လက်ထောက်အကြီးအကဲကို ကိုးကားပြီး ဘလွန်းဘတ် (Bloomberg) သတင်းက ရေးပါတယ်။ရ င်းနှီးမြှု ပ်နှံမှု လုပ်ထုံးလုပ်နည်း အသစ်တွေကြောင့် တိုင်းပြည်အတွင်းမှာ အခွင့်အလမ်းတွေ အများကြီး ရှိနေတယ်လို့ ဘန်ကောက်အခြေစိုက် လက်ထောက်အကြီးအကဲ ဂလင်းဒီဆူဇာ (Glenn de Souza) က ပြောပါတယ်။ဒီဘက်စ်ဝက်စ်တမ်း ကုမ္ပဏီဟာ ကမ္ဘာတ၀န်းမှာ ဟိုတယ်ပေါင်း ၄,၀၀၀ ကျော် ရှိပြီးတော့ မြန်မာမှာ ရင်းနှီးမြှုပ်နှံလိုသူတွေနဲ့ လုပ်ပိုင်ခွင့်ပိုင်ဆိုင်မှုကိစ္စတွေကို ဆွေးနွေးနေတယ်လို့ ဆိုပါ တ ယ်။


နိုင်ငံတကာက ခရီးသွားဧည့်သည်တွေကလည်း မြန်မာကို လာရောက်နေတဲ့အတွက် လာမယ့် ၅ နှစ်ကနေ ၁၀ နှစ် အတွင်းမှာ ဟိုတယ်အခန်း ပြတ်တောက်တာကို ဆိုးဆိုးဝါးဝါး ကြုံတွေ့ရမယ် လို့ လေ့ လာသူေ တွ က ပြောပါတယ်။ခရီးသွားလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ခရီးသွား လုပ်ငန်း ရှင်တဦးဖြစ်တဲ့ ဦးသက်လွင်တိုးက“အဓိကက ဟိုတယ်လ်တွေက ဈေးတွေကို အာမခံ မေ ပးနိုင် တာကလည်း တချက်ပေါ့။ နောက်တချက်က အေးဂျင့်တွေအနေနဲ့ စာချုပ်တွေ ချုပ်ထားပေမယ့်လည်း ” လို့ ပြောပါတယ်။

ရန်ကုန်မြို့တွင် ဟိုတယ် အခန်းပေါင်း ၈ ထောင်ကျော်လောက်ရှိပြီး နေစဉ်ရန်ကုန်ကို နိုင်ငံခြား ခရီးသွား ၂ ထောင်လောက် အများဆုံးလာရောက်တဲ့အတွက် အခန်းတွေက လောက်ငပေမယ့် ၆ ထောင်ကျော်က ခရီးသွားဈေးကွက်ကို စိတ်မ၀င်စားဘဲ နေစဉ်အချိန်ပိုင်းနဲ့ လာရောက်တဲ့သူတွေကို ပိုစိတ်ဝင်စားတဲ့ အတွက် အခန်းလောက်ပေမယ့် အခန်းမပေးနိုင်ဘူးလို့ ဆိုပါတယ်။ပျမ်းမျှဟိုတယ် အခန်းခတွေကလည်း ၂၀၀၈ ခုကနေ ၂၀၁၂ ခုနှစ်အတွင်း တဖြည်းဖြည်း မြင့်တက်ခဲ့ပါတယ်။

နယ်စပ်က လာရောက်တဲ့သူတွေကို ဖယ်ထုတ်လိုက်မယ်ဆိုရင် ၂၀၁၂ က ခရီးသွား ၆ သိန်းနီးပါး လာေ ရာက် ခဲ့ပြီး ၂၀၀၈ ခုနှစ်ထက် ၃ ဆနီးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။တိုင်းပြည်အတွင်း ဟိုတယ် အရေ အ တွက်က ၂၇ ရာခိုင်နှုန်း နီးပါး မြင့်တက်ခဲ့ပြီး အလုံး ၈၀၀ လောက် ရှိခဲ့တယ်လို့ ဆိုပါ တယ်။ဒီ ဇင် ဘာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ အ တွက် ပြင် ဆင်မှုနဲ့အတူ အစိုးရကလည်း ဧက ၂၀၀ ရှိတဲ့ ဟိုတယ်ဇုန်ကို ရန်ကုန်မှာ စီစဉ်နေပါတယ်။ကြယ် ၄-၅ ပွင့် အဆင့်သတ်မှတ်ထားတဲ့ ဟိုတယ်တွေဟာ တည်းခိုစရိတ်ဟာ ဒေါ်လာ ၁၃၀ လောက် ရှိနေပြီး အ ရ င်နှစ် ကထက် ၂၅ ရာခိုင်နှုန်း တက်လာပါတယ်။အင်ဒိုနီးရှားမှာ ဟိုတယ် ၁၅ လုံး၊ ထိုင်းမှာ ဟိုတယ် ၇ လုံး နဲ့ အာရှတခုလုံးမှာ ဟိုတယ် ၅၅ လုံးကို ၂၀၁၅ ခုနှစ် ဒုတိယ ၄ လပိုင်းမှာ ဖွင့်လှစ်ဖို့လည်း ကုမ္ပဏီက စီ စဉ်နေပါတယ်။

မြန်မာပြည်သား

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်