Pages

Monday, February 4, 2013

လက်ဘနွန် နယ်စပ်အနီး ဆီးရီးယား နိုင်ငံ အတွင်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ် တစ်ခုအား အစ္စရေး လေကြောင်းမှ တိုက်ခိုက်


အစ္စရေး နိုင်ငံသည် လက်ဘနွန် နယ်စပ်အနီး ဆီးရီးယား နိုင်ငံ အတွင်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ် တစ်ခုအား လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိ ရပါသည်။အဆိုပါ လေကြောင်း တိုက်ခိုက် မှုသည် အစ္စလာမ္မစ် စစ်သွေးကြွ ဟဇ်ဘိုလာ အုပ်စုအပေါ် သမ္မတ ဘာရှာ အယ်လ်အာဆတ် အစိုးရမှ စွမ်းအားမြင့် လက်နက်များ ထောက်ပံ့ မည်ဟု စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ် နေချိန်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။ လေကြောင်း တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဆီးရီးယား စစ်ဘက်က အတည်ပြု ပြောကြားခဲ့ပြီး အစ္စရေး တိုက်လေယာဉ်သည် လက်ဘနွန် နယ်စပ်မှ ၁၅ ကီလိုမီတာ ကွာဝေးသော ဒမတ်စကတ် ဆင်ခြေဖုံး ရပ်ကွက်ရှိ စစ်ဘက် သုတေသန စင်တာ တစ်ခုအား ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ အဆိုပါ တိုက်လေယာဉ်သည် မော်တော်ယာဉ်တန်း တစ်ခုအား ရည်ရွယ် တိုက်ခိုက်ရန် ဖြစ်ကြောင်း  အမေရိကန် အရာရှိ တစ်ဦးက ပြောကြား ခဲ့သော်လည်း ဆီးရီးယား စစ်ဘက်က ငြင်းဆိုခဲ့ကြောင်း သိရှိ ရပါသည်။

MWD

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်