Pages

Monday, February 4, 2013

ဒုတိယ ကမ္ဘာစစ် အတွင်း ပြုလုပ်ခဲ့သည့် အမှား အယွင်း များအတွက် ဂျပန် နောင်တ ရရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယား တွင် ပြောကြား


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်အစိုးရသည် ဒုတိယကမ္ဘာစစ်အတွင်း ၎င်း၏အိမ်နီးချင်းနိုင်ငံများအား ကျူး ကျော်သိမ်းပိုက်စဉ် ပြုလုပ်ခဲ့သည့် အမှားအယွင်းများ အတွက် နောင် တ ရရန်လိုအပ်ကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

ဒေါ်စုသည် တောင်ကိုရီးယား၌ ငါးရက်တာခရီးစဉ်အတွင်း အင်ချွန်မြို့တော် ဝန် ဆောင်ေ ယာင် ဂျီလ်နှ င့် တွေ့ ဆုံရာတွင် ဤသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကိုရီးယားကျွန်းဆွယ်ပေါ် သို့ ၁၉၁၀-၄၅ ကာလအ တွင်း ဂျပန်တို့၏ ကျူးကျော်အုပ်ချုပ်ခဲ့မှုနှင့် ပတ်သက်၍ မည်သို့သဘောထားပါသလဲဟု မေးမြန်း ခံရရာ တွင် ဒေါ်စုက ဤသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ သူမကလူတိုင်းအမှား လုပ်တတ်ကြောင်း၊ သို့သော် အမှား ကို အ သိအမှတ် မပြုဘဲထားခြင်းသည် အကုသိုလ်အစစ်ဖြစ်ကြောင်းဆိုခဲ့သည်။

၎င်းက ဂျပန်သည် အတိတ်ကာလမှ အမှားများကို ရင်ဆိုင်ရန် လိုအပ်ကြောင်း၊ ကိုရီးယား အမျိုးသမီးများ အား လိင်ကျေးကျွန်များ အဖြစ်အသုံး ပြုခြဲ့ခင်း အပါအဝင် အမှားအယွင်းများ ကို ပြင်ဆင်နိုင်အောင် ကြိုး စား သင့်ကြောင်းဆိုသည်။

ဂျပန်သည် ကိုရီးယားအပေါ်ကျူးလွန်ခဲ့သော ၎င်း၏ပြစ်မှုများ အတွက် တရားဝင်တောင်းပန်မ မှုမပြုခြင်းမှာ ကိုရီးယားနှင့်ဂျပန်အကြား ကာလရှည်မဖြေရှင်းရသေးသော ပြဿနာအဖြစ် တည်ရှိနေသည်။ သို့ သော် ၁၉၉၅ တွင် ဂျပန်ဝန်ကြီးချုပ်တိုမီချီမူရာယာမက ဂျပန်နိုင်ငံသည် ဒုတိ ယကမ္ဘာစစ်အတွင်း အထူးသဖြင့် အာ ရှနိုင်ငံများ အပါအဝင် နိုင်ငံများမှ ပြည်သူများကို အလွန်အမင်း ဒုက္ခရောက် ပျက်စီးထိခိုက်စေ ခဲ့ကြော င်း အ သိအမှတ်ပြုဖေါ်ပြခဲ့သည်။

ဂျပန်နိုင်ငံအား နောင်တရစေရန် ပြောကြားခဲ့သော်လည်း ပြီးခဲ့သည့် ဗြိတိန်နိုင်ငံသို့ ရောက်ရှိစဉ်က ဗြိတိန် အိမ်ရှေ့မင်းသားနှင့် တွေ့ဆုံခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်တွင်းမှ လုပ်ရပ်များအတွက် နောင်တ ရရန်ပြော ဆိုခဲ့ခြင်း မရှိပေ။
 
 
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်