Pages

Monday, February 4, 2013

အစိုးရ နှင့် KIA ငြိမ်းချမ်းရေး ဆွေးနွေးနေပြီ


ဦးအောင်မင်းဦးဆောင်သောငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် ကေအိုင်အို၊ကေအိုင်အေမှ ကိုယ်စားလှယ် အဖွဲ့ သည် တရုတ်နိုင်ငံရွှေလီမြို့တွင် ယနေ့နံနက်မှ စတင်ကာငြိမ်းချမ်းရေး အတွက်တွေ့ ဆုံဆွေးနွေးေ နကြပြီဖြစ်သည်။ကချင်ပြည်နယ်က  ပြည်သူများ၊ တနိုင် တပိုင် စီးပွားရေး လုပ်ငန်းသူများမှ အစ  စီးပွားရေး လုပ်ငန်းရှင်ကြီးများအထိ အစိုးရ အနေဖြင့် ကေအိုင်အေ နှင့် ငြိမ်းချမ်းရေးဆွေးနွေး ရာ တွင်  အောက်ပါ အချက်များကို ထည့်သွင်း ဆွေးနွေးရန် လိုလားနေကြောင်းသိရပါသည်၊

( ၁ ) ဒုက္ခသည် စခန်းရှိ ပြည်သူများ မိမိ နေအိမ်များ သို့ အမြန်ဆုံး ပြန်နိုင်ရေး ကေအိုင်အေ မှ ကူညီ ရန်

( ၂ )ကေအိုင်အေ အနေဖြင့် အကြောင်းအမျိုးမျိုးပြ  ဆက်ကြေး ကောက်ခံမှု့ ကို ရပ်တန့်ပေးရန် နှင့်  အစိုးရ နှင့် သဘောတူမှ သာ  တရားဝင် အခွန်ကောက်ရန်

( ၃ )  အတင်းဓမ္မ လူသစ်စုဆောင်းခံထားရသော၊ ကချင်၊ ဗမာ ၊ နှင့် ရှမ်း လူငယ် အမျိုးသား အထူးသဖြင့် အမျိုးသမီးငယ်များကို မိဘတွေ ပြန်ခေါ်ပါက ပြန်လွှတ်ပေးရန် နှင့် နောက်ထပ်  အတင်းဓမ္မ လူသစ် မစုဆောင်းရန်

( ၄ ) ကချင်ပြည်နယ် ရှိ လူငယ် လူရွယ်များ မူးယစ်ဆေး သုံးစွဲမှု့ များပြားနေသဖြင့် ကေအိုင်အေ မှ မူးယစ်ဆေးဝါးထုတ်လုပ်နေသူများနှင့် ဆက်လက်  မပတ်သတ်ဘဲ အစိုးရ နှင့် ပူးပေါင်းပြီး နှိမ်နှင်းပေးပါရန်

တို့ ဖြစ်ပါသည်။

မြန်မာ့သားကောင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်