Pages

Monday, February 4, 2013

နှစ် ၆၀ ကျော် ပြည်တွင်းစစ် ကချင်ပြည်နယ် မှာ အဆုံးသတ်မယ်

 
ဒီကနေ့   ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် KIO တို့ ဖေဖော်ဝါရီ ၄ ရက်၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ တရုတ်နိုင်ငံ ရွှေလီမြို့၌  တွေ့ဆုံဆွေးနွေး ခဲ့ပြီးအပြုသဘောေ ဆာင်သည့် ပူးတွဲကြေငြာချက် တစ်ခု ထုတ်ပြန်ခဲ့ကြောင်းတွေ့ရပါသည်။  ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကချင်ပြည်နယ် အတွင်း နှစ်ဖက်တပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာပြည်သူများ စိတ်မချမ်းမသာဖြစ်ခဲ့ရသည်။ ကချင်ပြည်နယ်အတွင်း ပျက်စီးမှု မှန်သမျှသည် မြန်မာလူမျိုး တိုင်း အထူးသဖြင့် ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်သားများ၏ ဆုံးရှုံးမှု ဖြစ်ပါသည်။ ဘာသာရေး၊ လူမျိုးရေး၊  နိုင်ငံရေး အယူဝါဒ ကွဲပြားမှုကြောင့် လွတ်လပ်ရေး နှင့် အတူ ပြည်တွင်းသောင်းကျန်းမှုများ ပေါ်ပေါက်ခဲ့သည်။စီးပွားရေး မဟုတ်သော စီးပွားရေး လုပ်ငန်းများ လုပ်လိုသောကြောင့်   လူမျိုးရေး ခေါင်းစဉ်ဖြင့် လက်နက်ကိုင်ခဲ့ကြသည့်  သူများလည်းရှိခဲ့ကြသည်။

ယခုအခါ အဆိုပါ လူမျိုးရေး၊ နိုင်ငံရေး အယူဝါဒ၊ ဘာသာရေး  အယူဝါဒကြောင့် လက်နက်ကိုင် တိုက်ခိုက် ရန် မလိုေ တာ့ပါ၊  နိုင်ငံတော် သမ္မတကြီး ဦးဆောင်သော အစိုးရ အဖွဲ့ နှင့်  လွှတ်တော် များ၊ နိုင်ငံရေးပါတီများနှင့် တပ်မတော်တို့သည် အယူဝါဒ ပေါင်းစုံ ငြိမ်းချမ်းစွာ ရှင်သန်နိုင်သော၊ လူတိုင်း၊လူမျိုးတိုင်းအဖွဲ့အစည်းအတိုင်း  ငြိမ်းချမ်းစွာဖြင့် လွတ်လပ်တရားမျှတစွာ  ကွဲလွဲ နိုင်သော ၊ဆန့်ကျင်ကန့်ကွက်နိုင်သော  အခြေအနေကို ဖန်တီးပေးထားပြီးဖြစ်သလို ပြည်သူများကလဲ ယခင် ကာလများ ကဲ့သို့ လက်နက်ကိုင် အကြမ်းဖက် နည်းလမ်းများဖြင့် ဆောင်ရွက်မှုများကို မနှစ်သက်ကြတော့ပေ။

ပြည်ထောင်စု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ  တပ်မတော်သည် ပြည်တွင်း ငြိမ်းချမ်းရေးကို အထူးလိုလားကြောင်း  ပြောဆို လုပ်ကိုင်နေခြင်းပင်ဖြစ်သည်။ တပ်မတော် ခေါင်းဆောင်များနှင့် တိုင်းရင်း သားေ ခါင်းဆောင် များ သည်လည်း  ပြည်တွင်း ငြိမ်းချမ်းရေးကို အထူးလိုလားကြောင်း ပြည်သူများက ယုံကြည်နေပါသည်။

ထို့ကြောင့် မြန်မာ လူမျိုးတိုင်းသည်  မြန်မာပြည် သူများ စိတ်မချမ်း မသာဖြစ်ခဲ့ရသော၊ မြန် မာပြ ည် နှင့် မြန် မာ လူမျိုးတို့ ၏ ဂုဏ်ကျက်သရေ နှင့် အကျိုးစီးပွားကို အနှောင့်အယှက်ပေးနေေ သာ ပြ ည် တွင်း စစ် ကို   ကချင်ပြည်နယ်မှာ အဆုံးသတ်ပြီး မိမိ၏ ဂုဏ်သိက္ခာ၊ နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာ ကို မြှင့် တင်ကြ ပါစို့လို့ ဆန္ဒပြုလိုက်ပါသည်။

မြန်မာ့သားကောင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်