Pages

Monday, February 4, 2013

မြန်မာနိုင်ငံ၏ အခြေခံ ပညာရေး ကဏ္ဍ အတွက် အမေရိကန် ဒေါ်လာ ၂၂ သန်း အား သြစတေးလျ နိုင်ငံနှင့် ဗြိတိန် နိုင်ငံ တို့မှ ထောက်ပံ့ ပေးအပ်


သြစတြေးလျနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ မြန်မာနိုင်ငံ၏ အခြေခံပညာ ကဏ္ဍ မူလတန်း ပညာရေး အတွက် ဒေါ်လာ ၂၂ သန်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂၂ သန်းအား မူလတန်း ပညာရေး ကျောင်းသားပေါင်း တစ်သိန်း ခြောက်သောင်း ကျော်၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် သင်ကြားပေးနေေ သာ ဆရာ နှစ်ထောင့်ငါးရာ ခန့်နှင့် ကျောင်းနေအရွယ် ကလေးငယ် ငါးသောင်းခန့်အား ပညာသင် ကြားပေးနိုင်ရေးအတွက် ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ကြောင်း ဇန်န၀ါရီ ၃၀ ရက်နေ့တွင် ထုတ်ပြန် ထားသော သြစတြေးလျသံရုံး၏ သတင်း ထုတ်ပြန်ချက် အရ သိရှိရပါသည်။

"မြန်မာနိုင်ငံရဲ့ အခြေခံပညာ မူလတန်း ပညာရေး သင်ကြားသင့်တဲ့ ကလေးငယ် ၅ သန်းခန့် ရှိပေမယ့်လည်း သူတို့ထဲက တစ်ဝက်လောက်ပဲ မူလတန်းပညာ သင်ကြားနိုင်ပါတယ်။ အဲဒီအတွက် သြစတြေးလျနိုင်ငံက ဗြိတိန်နိုင်ငံ၊ မြန်မာအစိုးရတို့နဲ့ ပူးပေါင်းပြီး ဒီကလေးတွေ ပညာသင်ကြားနိုင်ရေး အ တွက် ပူးပေါင်းဆောင်ရွက်သွားမှာပါ" ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ပြော ကြားခဲ့ပါသည်။

ထို့အပြင်  သြစတြေးလျနိုင်ငံမှ လာမည့်လေးနှစ်တာ ကာလအတွင်း ပညာသင်ဆုများနှင့် အခြေခံပညာ မှုလတန်း ပညာရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ ထပ်မံထောက်ပံ့ ပေးအပ် သွားမည်ဖြစ်ေ ကြာင်း သိရှိရပြီး မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် အများဆုံး ကူညီထောက်ပံ့ခဲ့ကြောင်း ထုတ်ပြန် ထား ချက်အရ သိရှိရပါသည်။

E M G

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်