Pages

Monday, February 4, 2013

ဂျပန် တောင်းပန်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလားဟု youtube တွင် ဗီဒီယိုဖိုင် တင်၍ မေးခဲ့သည့် ဂျပန်လူငယ်



ဂျပန်တယောက်က ဒေါ်အောင်ဆန်းစုကြည်ကို Youtube က တဆင့် စကားပြောထားပါတယ်။ သူ့နာမည် က ယူဂျိရို တာနိယာမ။သူက တိုကျို တက္ကသိုလ်မှာ စီးပွားရေး ပညာသင်ယူ နေကတည်း က ဒေါ်အောင် ဆန်းစုကြည် ကို ဒီမိုကရေစီ ခေါင်းဆောင် တယောက် အနေနဲ့ လေးစား အားကျတယ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ မေးခွန်းတခု မေးချင်လို့ ဒီ Youtube ဗီဒီယိုကို လုပ်ပါသတဲ့။

စနေနေ့က အွန်လိုင်းရောက်လာတဲ့ ဗီဒီယိုထဲမှာ သူပြောထားတာက - ဒေါ်အောင်ဆန်းစုကြ ည်ေ တာင် ကို ရီး ယား ရောက် တုန်း က ဒုတိယကမ္ဘာစစ် အတွင်းက မြန်မာနိုင်ငံ အပေါ် ကျူး လွန်ခဲ့ တဲ့ နှိ ပ်စ က် ညှင်းပန်းမှုတွေအတွက် ဂျပန်နိုင်ငံက လူသိရှင်ကြား ပြန်တောင်းပန် သင့်တယ်လို့ ပြောခဲ့ တယ် လို့ေ တာင် ကိုရီးယား သတင်းစာက သတင်း ရေးပါတယ်တဲ့။ ဒီလိုတကယ်ပဲ ပြောခဲ့ ပါသလား တဲ့။ ဒီလိုတ ကယ် ပဲ ပြောခဲ့တယ်ဆိုရင် သူ့အနေနဲ့ အတော်လေး စိတ်ပျက် မိပါ တယ် တဲ့။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမတိုင်ခင်က ဘီဘီစီနဲ့ အင်တာဗျူးတခုမှာ မြန်မာ့တပ် မတော်ကို ဗိုလ်ချုပ်ေ အာင်ဆန်းက တည်ထောင်ခဲ့လို့ တပ်မတော်ကို သံယောဇဉ်ရှိပါတယ်လို့ ပြောခဲ့ တယ်။ ဒီ တပ်မတော်ဖြစ် လာဖို့ က ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ရဲဘော်သုံးကျိပ်နဲ့ စခဲ့သလို အဲ့ဒီ ရဲဘော် သုံးကျိပ်ကို ကူညီခဲ့တာ ဂျပန်ေ တွပါတဲ့။

အဲ့ဒီတုန်းက ၄ နှစ်တာ ကာလ ဂျပန်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်တို့ လက်တွဲ လို့ ဂျပန် -မြန်မာ ချစ်ကြည်ရေးဖြစ်ခဲ့ပါတယ် လို့ ဆိုပြီး ဂျပန်စစ်တပ်အကူညီနဲ့ ဗမာ့တပ်မတော်ဖြစ်လာပုံ၊ လွတ်လပ်ရေး အတွက် ဂျပန်-မြန်မာ အတူတိုက်ပွဲဝင်ရင်း ရန်ကုန်ကို ပြန်သိမ်းပိုက်နိုင် ခဲ့ပုံတွေ ကို ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လေးစားမြတ်နိုးပါတယ်ဆိုတဲ့ တပ်မတော်ဟာ ဗိုလ်ချုပ်အောင်ဆန်းတဦးတည်း တည်ထောင် ခဲ့ တာမဟုတ်ဘဲ မြန်မာ မျိုးချစ်တွေနဲ့ ဂျပန်စစ်တပ်ရဲ့ အကူညီနဲ့ တည်ထောင်ခဲ့တာပါတဲ့။ အခုတော့ တောင်ကိုးရီးယား ရောက်တုန်း အဲ့ဒီတုန်းက ဂျပန်စစ်တပ်ရဲ့ အပြု အမူနဲ့ ပတ်သက်ပြီး ပြော လိုက် တာဟာ အဲ့ဒီတုန်းက ဗမာ့တပ်မတော် ဖြစ်လာဖို့ ဂျပန်စစ်တပ်ကို အကူအညီတောင်းခဲ့တဲ့ ဗိုလ်ချုပ်ေ အာင်ဆန်းရဲ့ ဂုဏ်ပုဒ်ကို ဆွဲချသလိုဖြစ်မနေဘူးလားလို့ သူက ပြောပါတယ်။

ပြီးတော့ အဲ့ဒီတုန်းက ဖြစ်တည်ခဲ့တဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေးကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ် မပြု လို့ ကိုရီးယား သတင်းစာကို အခုလို ပြောခဲ့တာလား ဆိုတာကို သူ့အနေနဲ့ သိချင်ပါတယ် စသဖြင့် ဒီ ၁၀ မိနစ်နီးပါးစာ ဗီဒီယို ထဲ ကနေ သူက မေးခွန်းထုတ် ထားပါတယ်။

သူ့အကြောင်းကို သူ့အွန်လိုင်း http://www.yujirotaniyama.com/profile.html မှာလည်း တွေ့နိုင်ပါ တယ်။

Irrawaddy

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်