Pages

Monday, February 4, 2013

တာမွေ ယာယီဈေး ကိစ္စဌာနဆိုင် ရာနှင့် ညှိနှိုင်းတာကြန့်ကြာနေ လို့ လွှတ်တော်ကိုတင်ပြီ



တာမွေယာယီဈေးဈေးသူ/ ဈေးသားများအား ဆိုင်ခန်းနေရာ ပြန်လည်ချထားရေးကိစ္စအား သက်ဆိုင်ရာဌာနများနှင့်ဆွေးနွေး တွေ့ဆုံမှုများအကြိမ်ကြိမ်လုပ်ခဲ့ပါ သော်လည်း ယနေ့ ထိ အကောင်အထည်မပေါ်ဘဲကြန့်ကြာလျက်ရှိနေသည့်အတွက် ယင်းကိစ္စအား လွှတ်တော်သို့တင်ပြလို က်ပြီဖြ စ် ကြောင်း တာမွေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ် လဲ့လဲ့ဝင်းဆွေက Hot News သို့  ပြော သည်။


“ဒီကိစ္စတိုင်းဒေသကြီးလွှတ်တော်နဲ့ဆုံးဖြတ်ချက်က အရမ်းကြန့်ကြာနေတယ်။ ဒီဈေးကိစ္စနဲ့ပတ်သက်ပြီး အ ရင်က အခွန်လွတ် ဈေးနားက ဓာတ်ဆီဆိုင်ေ နရာကို ရွှေ့ တယ်။အဲဒီမှာပြည် သူတွေကဆန္ဒပြ မယ်ဘာ မယ် ဆိုပြီးဖြစ်ေ ရာ ဈေးသူ/ဈေးသားတွေခမျာလည်း နောက်ထပ်ရွှေ့ရမှာကြောက်နေတယ်။ တာမွေကြီး(ခ)ထဲကနေ ဒီဘက်ကို ယာယီဆိုပြီးရွှေ့လိုက်တာ တမင်ရွေ့လိုက်တာ ပါ။ပြီးတော့ ဈေး သူ/ဈေးသားတွေကိုလည်း နေရာပြန်မပေးဘူး။ဒီကိစ္စ၀န်ကြီးချုပ်ကြီးကိုလည်းတင်ပြထားတယ်။ ခုကြားတာ က တာမွေ(ယာယီ)ဈေး ကို နှစ်ခြမ်းခြမ်းပြီးတစ်ခြမ်းကိုကုမ္ပဏီကဆောက်နောက် တစ်ခြမ်း နဲ့ ဈေး သူ/ဈေး သားေ တွကိုပြန်နေ ရာချမယ်လို့တော့ သိရတယ်။ ဆောက် ရင် ဈေး ကို(၃)ထပ်ဆောက် မှာ””ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေကHot News သို့ပြောကြားသည်။

တိုင်းဒေသကြီးအတွင်းရှိ အချို့သော ကိစ္စရပ်များ၊ပြည်သူများရင်ဆိုင်နေရသော အခက်အခဲ များနှင့်ပတ် သက် ၍ မိမိတို့လွှတ် တော်၌လည်းဖြေကြားပေးနေပြီ ဖြစ်ကြောင်း ဆဋ္ဌမပုံမှန်အစည်း အဝေး၌ ပြည် သူ့လွှ တ်ေ တာ်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှပြောကြားခဲ့ပြီး ယင်းနောက်ပိုင်းတွင် တိုင်းဒေသ ကြီးလွှတ်တော်များ၌ ကြန့်ကြာ လျှင်ရှိနေသော အဆိုများနှင့်ပတ်သက်၍ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်များသို့ ကိုယ်စား လှ ယ်အချို့တင်ပြလာကြကြောင်းလည်း သိရှိရသည်။

The Hot News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်