Pages

Monday, February 4, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီနှင့် ကေအိုင်အို တို့၏ ပူးတွဲ ကြေညာချက်



ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံခဲ့ သည့် ပြည်ေ ထာင်စုငြိမ်း ချမ်းရေး ကော်မတီနှင့် ကေအိုင်အို၊ ကေအိုင်အေ တို့မှ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုကြေငြာ ချက်တွင် အဆိုပါဆွေးနွေးပွဲသို့ တရုတ်နိုင်ငံမှ သံအမတ်ကြီး ၊ ကေအန်ယူ ဥက္ကဌ၊ ကေအန်ယူ အထွေထွေ အတွင်းရေးမှူး၊ RCSS/SSA မှ ဗိုလ်မှူးချုပ် စိုင်းလူနှင့် အဖွဲ့ဝင် ၂ ဦး၊ ဦးဟန်ညောင်ဝေနှင့် အခြားသက်သေ တစ်ဦးတို့ တက်ရောက်ကြကြောင်း ဖော်ပြထားပြီး တပ်မတော်အရာရှိကြီး တစ်ဦးမှ မဖော်ပြထားသည် ကိုေ တွ့ရသည်။

နှစ်ဘက် စစ်ရေး တင်းမာမှုများ လျှော့ချရေး၊ ဆက်သွယ်ရေး လမ်းကြောင်း ထားရှိရေး၊ နောက် တစ်ကြိမ် ဆွေးနွေးပွဲတွင် လေ့လာသူများနှင့် သက်သေများ အဖြစ် ပါဝင်နိုင်သည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေး တို့ကို ဆွေးနွေးခဲ့ကြသည်။ဆွေးနွေးပွဲ ဆုံးဖြတ်ချက်အနေဖြင့် ယခင် ဆွေးနွေး ပွဲများ အတိုင်း နောက်တစ်ကြိမ်ဆွေးနွေးပွဲ ကျင်းပရန် သဘောတူခဲ့ကြသည်။

ထုတ်ပြန်ကြေငြာချက်တွင် ကေအိုင်အို၊ ကေအိုင်အေ (၂)ဖွဲ့စလုံး ဖော်ပြထားပြီး တိကျ သည့် တောင်း ဆို ချက် များ မပါရှိကာ၊ နောက်တစ်ကြိမ်ဆွေးနွေးပွဲ ကျင်းပဖို့သာ ဦးတည်ဆွေးနွေးခဲ့ သယော င် ရှိသည်။

နောင် ဆွေးနွေးပွဲများတွင်တော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပါအ၀င် လိုင်ဇာတစ်ဝိုက်ရှိ တပ်များနှင့် ပတ်သက် ၍ ဆွေးနွေးနိုင်ဖွယ် ရှိပြီး ယခုဆွေးနွေးပွဲ အသေးစိတ် အချက်အလက်များအား သတင်း မရရှိသေးပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်