Pages

Thursday, February 7, 2013

NDF အမတ် အား ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်း ဒုဝန်ကြီး အဖြစ် ခန့်အပ် တာဝန်ပေး



  ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲဆွယ်နေတဲ့ NDF ပါတီ အမတ်လောင်း ဒေါက်တာ တင်ရွှေ

အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ တင်ရွှေ ကို ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ဒုဝန်ကြီးအဖြစ် သမ္မတက ခန့်အပ်လိုက်ပါ တယ်။ဒေါက်တာ တင်ရွှေဟာ အရင်က ဘာသာရေးလုပ်ငန်းတွေမှာ သာပါဝ င်ဆောင် ရွက်ခဲ့ ဖူးပြီး ပါ တီနို င် ငံ ရေးေ လာ ကမှာ ပါဝင်ခဲ့ခြင်းမရှိဘဲ ၂၀၁၀ ရွေးကောက်ပွဲ ကာလမှာ အန်ဒီအက်ဖ်ပါတီကို ၀င်ေ ရာက် ကာ လွှတ်ေ တာ် ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်အနိုင်ရခဲ့တာပါ။
 
အန်ဒီအက်ဖ်ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကတော့ ဆရာဝန်ကြီး ဒေါက်တာ တင်ရွှေ ခုလို ၀န်ကြီး အဖြစ် ရွေး ချယ် ခံရတဲ့အတွက် ပါတီနဲ့ ပိုဝေးသွားပြီလို့ ပြောပါတယ်။

“သူက ဗဟိုဦးစီးအဖွဲ့ဝင်ဆိုပေမယ့် ခက်တာက ကျနော်တို့က ၆ လတခါ၊ ၇ လတခါ ဗဟိုဦးစီးအဖွဲ့ဝင်တွေ အစည်း အဝေးခေါ်တဲ့ အခါလောက်ပဲ သူလာနိုင်တယ်လေ။ ကျန်တာကတော့ သူလွှတ်တော်မှာပဲ အလုပ် ရှုပ်နေတယ်။ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှာလည်း ထဲထဲဝင်ဝင် လုပ်နိုင်တဲ့ အနေ အထား မရှိပါဘူး။လွှတ်တော်တာဝန်တွေကလည်း များတာကိုး။ ၀န်ကြီးဖြစ်သွားရင် ပါတီနဲ့ တော်တော်ကို စည်းခြား သွားပြီပေါ့ဗျာ။ ၀န်ကြီးက ပါတီအလုပ်ကို လုပ်လို့ မရတော့ဘူး။”

သမ္မတ ဦးသိန်းစိန်က စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဦးအောင်ထူး၊ သတ္တုတွင်းဝန်ကြီးဌာန ဒုဝန်ကြီး အဖြစ် ဦးသန်းထွန်းအောင်၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဒေါ် ဝင်းမော်ထွန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဒေါက်တာဇော်မင်းအောင် နဲ့ ဟို တယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဒေါက်တာတင်ရွှေတို့ကို ဖေဖော်ဝါရီ ၅ ရက်နေ့ စွဲနဲ့ ခန့်အပ်ခဲ့တာပါ။
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်