Pages

Thursday, February 7, 2013

ကေအိုင်အေ တို့ငြိမ်းချမ်းရေးကို ခွေးမှီးကောက် ကျည်တောက်မစွပ်ဖို့ လို


နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ KIO/ KIA ကိုယ်စားလှယ်အဖွဲ့တွေဟာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ငြိမ်းချမ်းရေး အလွတ် သဘောဆွေးနွေး ပွဲ ပြု လုပ် ခဲ့ပြီး အချက် (၅) ချက်ပါ ပူးတွဲသဘောထား ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ကြောင်းသိရလို့ KIA လက်အောက် ခံ တပ်ဖွဲ့ဝင်ရော ကချင်ပြည်နယ် တွင်း မြို့/ရွာ အသီးသီးမှာရှိတဲ့ ပြည်သူအများ ၀မ်း သာပျော်ရွှင် နေကြကြောင်း ၊ စစ်တပ်ရော KIA ဘက်ကပါ ပစ်တာ ခတ်တာတွေ မလုပ်ကြတော့ လို့ သေနတ် သံတွေမကြားရ တော့ဘဲ ဒီတစ်ခါတော့ ငြိမ်းချမ်းရေးတကယ်ရတော့မှာပါလို့ ဗန်းမော်မြို့ခံ တစ်ဦး က ပြောပြပါသည်။


 ငြိမ်းချမ်းရေးအတွက် ပြည်သူအများမှ မျှော်လင့်တောင်းတနေကြချိန်မှာ KIA ရဲ့အထူးတပ်ဖွဲ့ဝင် အချို့ ဟာ မြစ်ကြီးနားမြို့ပေါ်မှာ ရောက်နေကြပြီး စစ်တပ်ဌာနချုပ်တွေနဲ့ တံတားကြီးတွေကို မိုင်းခွဲကြံစည် လုပ် ဆောင်နေကြောင်း ကြားသိရလို့ “ စစ်တပ်ဘက် က ပြင်းပြင်း ထန်ထန်တိုက်ခိုက်နေတာတွေ ရပ်ဆိုင်း သွားပြီး အစိုးရကလဲ KIA ရဲ့သဘောဆန္ဒကို လိုက်လျောပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတော့ ကမ်း လှမ်းဆွေးနွေး တာတောင် KIA အနေနဲ့ အဖျက်အမှောက်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဆက် လက်ကြိုး ပမ်းနေ တာဟာ KIA အတွက် အလွန်ရုပ်ဆိုးအကျဉ်းတန်စေသလို ပြည်သူလူထု ဒုက္ခရောက်စေမဲ့ လုပ်ရပ် များ ရပ်သင့်ပြီ ” လို့ အဆိုပါ မြို့ခံကဘဲ ဆက်ပြောကြားခဲ့ပါသည်။ ပြောလို့မှမဆုံးသေးခင်မှာပဲ ယမန်နေ့က ၀ိုင်းမော်မြို့ နောင်ဟီးရွာ၏ လမ်းတွင် ကလေး၆ဦး ဆော့ ကစား နေစဉ်အတွင်း မိုင်းထောင်ရာတွင် အသုံးပြုသော ဒစ်တိုနေတာကဒ်ဟောင်းတစ်ခု ကို ဆော့ကစားရ မှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုသိရှိရပါသည်။

 ကလေးမှာ ၅တန်းကျောင်းသား မောင်လင်းဂျော်ဖြစ်သည်ဟု သိရှိရသည်။ ဒဏ်ရာရရှိသည့် ကလေးငယ် ကို ဆေးပေးခန်း တွင် ဆေးဝါး ကုသမှုခံယူနေရသည်ဟုသိရှိရသည်။ ကချင်ပြည်နယ်အတွင်းတွင် အစိုးရတပ်နှင့် KIA တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေသည့် အတွက် KIA က လမ်းတွေမှာ ဒေသမှ ရှိသည့် ပစ္စည်းတွေကို ယမ်းတွေနှင့် ပေါင်းစပ်ပြီး မိုင်းထောင်ခဲ့ကြပါသည်။


အဲဒီလို မိုင်းထောင်သည့်အချိန်တွင် အန္တရာယ်ရှိသည့် ပစ္စည်းတွေကို စနစ်တကျမထားသည့်အတွက် အခုလို မဖြစ်သင့် တာတွေဖြစ်နေရကြောင်း၊ အစိုးရတပ်တွေကိုရည်ရွယ်ပြီး လမ်းတွေမှာ မိုင်းထောင်ပေ မယ့် အဲဒီ လမ်းတွေက ဒေသခံတွေကပဲ အဲဒီလမ်းတွေသုံးနေ တာ ဖြစ်သည့် အတွက် ဒေသခံတွေက မိုင်းဒဏ်ကို ခံနေ ရတာဖြစ်ပါသည်။ စစ်တပ်အနေနဲ့တော့ တရားဥပဒေစိုးမိုးရေးကို မထိခိုက်သရွေ့KIA ကို စိတ်ရှည် သည်းခံပြီး ငြိမ်းချမ်းရေးအတွက် အမြဲလက်ကမ်းကြိုဆိုနေမှာဖြစ်ပြီး ငြိမ်းချမ်းရေး လမ်းကြောင်း ကသွေ ဖယ် သွားရင်တော့ ပြတ်ပြတ် သားသားချေမှုန်းသွားမှာဖြစ်တယ်လို့ စစ်တပ်အသိုင်း အ၀ိုင်း က ပြောပြ   ချက်အရ သိရှိရပါသည်။

From:KDN
 
www.mmdailystar.com

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်