Pages

Thursday, February 7, 2013

NDF ပါတီ ခေါင်းဆောင်များကို ဂျာမန် ဖောင်ဒေးရှင်း တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

 
ဂျာမဏီနိုင်ငံအခြေစိုက်KONRAL ADENAUER STIFTUNG မှ အာရှတိုက်ဆိုင် ရာ ဒါရိုက်တာMS.Dr Beatrice Georawantsehy နှင့် အဖွဲ့ဝင် သုံးဦးပါ ကိုယ်စားလှယ်အဖွဲ့ သည် ၆-၂-၂၀၁၃ ရက် နေ့လယ် ၁ နာရီတွင် အမျိုးသား ဒီမိုကရေ စီအင်အားစုပါတီဌာနချုပ်သို့ လာ ရောက်၍ မြန်မာနိုင်ငံအခြေ အနေများကို ဆွေးနွေးမေးမြန်းခဲ့ ကြသည်။

ထိုဆွေးနွေးပွဲသို့ ပါတီခေါင်း ဆောင် ဒေါက်တာသန်းငြိမ်း၊ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဋ္ဌ ဦးစိန်လှဦး၊ အထွေထွေ အတွင်းရေးမှူးဒေါက်တာ ၀င်းနိုင်၊ အတွင်းရေးမှူး(၁)ဦးကြည်သန်း၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်း မောင်၊ ပြန်ကြားရေးမှူး ဦးတိုးတိုး နှင့်The innovative Academyမှ ဥက္ကဋ္ဌ ဦးမျိုးဇော်အောင်တို့ တက်ရောက်ကြသည်။ ဆွေးနွေးပွဲ တွင် မြန်မာနိုင်ငံ လက်ရှိအခြေအနေများ၊ အနေ အထားများ၊ ၂၀၁၀ ရွေးကောက် ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲအကြောင်းများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းအနေ အထားများကို ဖောင်ဒေးရှင်းက အကူအညီပေးနိုင်မည့်အနေ အထားများကို ဆွေးနွေးခဲ့ကြပါ သည်။

ထို့ပြင် အဆိုပါNDF ပါတီ မှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဒေါက်တာတင်ရွှေသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန် ကြီးဌာနဒုဝန်ကြီးအဖြစ် ခန့်အပ် ခံခဲ့ရပြီး “အစိုးရသစ်တက်လာပြီး နောက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီဝင် မဟုတ်သူ အခြား ပါတီဝင်တစ်ဦးကို ဒုဝန် ကြီးအဖြစ် ဒါဟာပထမဆုံးခန့် အပ်ခြင်းဖြစ်ကြောင်းကိုလည်း” နိုင်ငံရေး အသိုင်း အ၀ိုင်း က မှတ် ချက်ပေးခဲ့ကြပါသည်။

ဥယျာဉ်မှူး

The Hot News Weekly Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်