Pages

Thursday, February 7, 2013

မလေးရှားနှင့်မြန်မာ သိပ္ပံနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတစ်ရပ် ရေးထိုး

မလေးရှားနှင့် မြန်မာတို့သည် နှစ်နိုင်ငံ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည် မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။အဆိုပါ စာချုပ် ကို မလေးရှား သိပ္ပံနှ င့် နည်း ပညာဝန်ကြီး ဒါတွတ် ဆီရီ မက်ဆီးမတ် ဂျွန်နီတီ အောင်ကီလီနှင့် မြန်မာ့ သိပ္ပံနှင့် နည်းပညာ ဝန် ကြီး ဒေါက်တာကိုကိုတို့ သဘောတူ လက်မှတ်ရေးဖိုးခဲ့ခြင်းဖြစ်သည်။

နားလည်မှုစာချွန်လွှာတွင် နှစ်နိုင်ငံစလုံး၏ စီးပွားရေး တိုးတက်စေရေးအတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ နည်းလမ်းများ ဝေမျှသွားရန် ၊ တက္က သိုလ်များ၊အဖွဲ့ အစည်များ၊ အသင်းအဖွဲ့ များအပါအဝင် အများပြ ည် သူဆိုင်ရာနှင့် ပုဂလိကကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် စသည့်အချက် များ လည်း ပါဝင် သည်။

မလေးရှား သိပ္ပံနှင့်နည်းပညာဝန်ကြီး အောင်ကီလီက “ဒီ နားလည်မှုစာချွန်လွှာဟာ နှစ်နိုင်ငံစလုံးရဲ့ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ စွမ်းဆောင်ရည် တွေကို ပိုအားကောင်းစေပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းနိုင်တဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ကြတဲ့ ဆက်ဆံရေးတွေကို ချဲ့ထွင်နိုင် မှာပါ”ဟု ပြောကြားသည်။

မြန်မာနှင့် မလေးရှားတို့သည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီ တစ်ရပ်ကို လည်း တည်ထောင်သွားမည်ဟု သိရသည်။


 www.MyanmarExpress.net

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်