Pages

Thursday, February 7, 2013

တက္ကသိုလ်ကျောင်းသားများ အခြေခံ စစ်ပညာ သင်ကြပြီ


၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ် တက္ကသိုလ် တပ်ဖွဲ့ဝင် ကျောင်းသားများ အခြေခံ စစ်ပညာ သင်တန်း ဖွင့်ပွဲ အခမ်းအနား
 
ပြည်သူ့စစ်နှင့် နယ်ခြား တပ်များ ညွှန်ကြား ရေးမှူးရုံး ကွပ်ကဲမှုအောက် အမှတ်(၂) တက္ကသိုလ် လေ့ ကျင့်ေ ရး တပ်တွင် ဖွင့်လှစ်သော ပညာရေး ဝန်ကြီး ဌာန အဆင့်မြင့်ပညာ ဦးစီးဌာန (အထက် မြန်မာပြည်) ၂ဝ၁၂ -၂ဝ၁၃ ပညာသင်နှစ် တက္ကသိုလ် တပ်ဖွဲ့ဝင် ကျောင်းသားများ အခြေခံ စစ်ပညာ သင်တန်း ဖွင့်ပွဲ အ ခမ်း အနားကို ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီက မန္တလေး တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမ၌ ကျင်း ပ ပြုလုပ်ရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြအေးနှင့် ပြည်သူ့စစ်နှင့် နယ်ခြား တပ်များ ညွှန်ကြား ရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်အုန်းတို့ တက်ရောက်၍ အဖွင့် အမှာ စကား ပြောကြားသည်။
 
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်း မှူး ဗိုလ်ချုပ် ညိုစော၊ တိုင်းစစ် ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ ပညာရေး ဝန်ကြီးဌာနမှ ပါမောက္ခ ချုပ်များ၊ ပါမောက္ခများနှင့် တာဝန် ရှိသူများ၊ သင်တန်း သားများ၊ တက္ကသိုလ် ကျောင်းသားများ စုစုပေါင်း အင်အား ၃ဝဝ ကျော် တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး၊ ပြည်သူ့စစ်နှင့် နယ်ခြား တပ်များ ညွှန်ကြား ရေးမှူးရုံး ညွှန်ကြား ရေးမှူး တို့က သင်တန်းဖွင့် မိန့်ခွန်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိ သူများသည် တပ်ဖွဲ့ဝင် ကျောင်းသား များအား ရင်းရင်းနှီးနှီး လိုက် လံ နှုတ်ဆက် အားပေးသည်။
အလားတူ ပညာရေး ဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန (အောက် မြန်မာပြည်) ၂ဝ၁၂-၂ဝ၁၃ ပညာ သင်နှစ် တက္ကသိုလ် တပ်ဖွဲ့ဝင် ကျောင်းသားများ အခြေခံ စစ်ပညာ သင်တန်း ဖွင့်ပွဲအား ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီက မွန်ပြည်နယ် မော်လမြိုင် တက္ကသိုလ် ပင်မဆောင် အခန်း ၁၅၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်း၊ မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဌေးအောင်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီး များ၊ မော်လမြိုင် တပ်နယ် တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ ဘာသာရပ် ဆိုင်ရာ ပါမောက္ခများ၊ တက္ကသိုလ် ကျောင်း သားများ စုစုပေါင်း ၃၄ဝ ဦးခန့် တက်ရောက် ကြသည်။
ရှေးဦးစွာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်းတို့က အဖွင့် အမှာ စကား ပြောကြားသည်။
ဆက်လက်ပြီး မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဌေးအောင်မှ တပ်ဖွဲ့ဝင် ကျောင်းသား များ အား အမှာ စကား ပြောကြားသည်။
၎င်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တပ်ဖွဲ့ဝင် ကျောင်းသား များအား ရင်းရင်းနှီးနှီး နှုတ် ဆက် အားပေးခဲ့သည်။
ယနေ့ ဖွင့်လှစ်သော အခမ်းအနားတွင် ပညာရေး ဝန်ကြီးဌာန အဆင့်မြင့် ပညာ ဦးစီးဌာန (အထက် မြန်မာပြည်) ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ် တပ်ဖွဲ့ဝင် လေ့ကျင့်ရေး သင်တန်း၌ ဆေးစစ်အောင် မြင်သော မန္တလေး တက္ကသိုလ်၊ နိုင်ငံခြား ဘာသာ တက္ကသိုလ်၊ ရတနာပုံ တက္ကသိုလ် တို့မှ ကျောင်းဆရာ များနှင့် တတိယနှစ်၊ စတုတ္ထနှစ်၊ ဂုဏ်ထူးတန်း (ပထမနှစ်)၊ ဂုဏ်ထူးတန်း(ဒုတိယနှစ်)၊ မဟာဘွဲ့လွန် (ပထမနှစ်)၊ မဟာဘွဲ့လွန် (ဒုတိယနှစ်)နှင့် ဒီပလိုမာ သင်တန်းတို့မှ ကျောင်းသားများ အပါအဝင် စုစုပေါင်း ၅၇ဦး၊ အဆင့်မြင့် ပညာ ဦးစီးဌာန (အောက် မြန်မာပြည်) ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ် တပ်ဖွဲ့ဝင် လေ့ကျင့်ရေး သင်တန်း၌ ဆေးစစ် အောင်မြင်သော တတိယနှစ်၊ စတုတ္ထနှစ်၊ မဟာဘွဲ့လွန် (ပထမနှစ်) မှ ကျောင်းသား များနှင့် ကျောင်းဆရာများ အပါအဝင် စုစုပေါင်း ၁၁ဝ ဦးတို့ သင်တန်း တက်ရောက် ခဲ့ကြကြောင်း သတင်း ရရှိသည်။ 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်