Pages

Thursday, February 7, 2013

အာဇာနည်ဗိမာန်မှာ နိုင်ငံခြား အထိမ်းအမှတ်တခုခု မဆောက်သင့်

The Voice ဂျာနယ်ဟောင်းတစောင်ကို ၂၀၁၃ ဇန်န၀ါရီ ၃၀ မှာ ဖတ်ရပါတယ်။ ဂျာနယ်ရက်စွဲက ဇန်န၀ါရီ ၂၁ ရက် တနလာင်္နေ့ ထုတ်တာဖြစ်ပါတယ်။ ဒီတော့ သိပ်နောက်မကျလှသေးဘူးလို့ ယူဆပါ တယ်။ဂျာနယ်မျက်နှာဖုံးမှာ “အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယားအထိမ်းအမှတ် အဆောက်အ အုံဆောက် မည်” ဆိုတဲ့ ခေါင်းစီးစာတန်းနဲ့တကွ အာဇာနည်ဗိမာန် တပိုင်း တစပုံ ကို ဖော်ပြထား တာ တွေ့ရပါတယ်။ သံခမောက်ဆောင်း စစ်သားကြီးတယောက်က သေနတ်ကြီး အသင့်ချိန် ထား တဲ့ ပုံလည်း ပါရှိပါတယ်။ အာဇာ နည် ဗိမာန်ဆိုတာ ဗမာလူမျိုးတွေအတွက် ဘုရားကျောင်းကန်ပြီးရင် ဒုတိယ အလေးထားရ မယ့်နေ ရာမျိုးပါ။ ဂါရ၀ပြုရမယ့်နေရာမှာ လက်နက်ကိုင်တွေ အစောင့်ချထားတာ လည်း ကြည့်မကောင်းလှပါဘူး။ ဒါလဲ တောင်ကိုရီးယားဧည့်သည်ကို မြောက်ကိုရီးယားက လုပ်ကြံဖို့ ကြိုးစားရာက ဖြစ်လာတဲ့ ပြဿနာလို့ပဲ မှတ်သား မိပါတယ်။
 
ကျနော့်သဘောကို ပြောရရင် အာဇာနည်ကုန်းပေါ်မှာ အာဇာနည်ဗိမာန်ကလွဲပြီး ဘာမှ မရှိသင့်ပါဘူး။ ဘာ သာရေး အဆောက်အအုံတခုခုလည်း မထားရှိသင့်ပါဘူး။ ဒီနေရာအထွဋ်အမြတ်ဟာ ဗမာ့ အာဇာ နည်ကြီးတွေရဲ့ အထိမ်းအမှတ်နေရာသာ ဖြစ်သင့်ပါတယ်။ဒါကြောင့် နိုင်ငံခြားသားအထိမ်းအမှတ်တခုခု မဆိုထားနဲ့ အခြားခေါင်းဆောင်မဆို ဗမာပဲဖြစ်ဖြစ် ကမ္ဘာ ပဲဖြစ်ဖြစ် ဒီပရိဝဏ်အတွင်းမှာ မထားရှိသင့်ပါဘူး။ ဦးသန့်ဟာ နိုင်ငံတကာနဲ့အမျှ ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ထူး တဦးပါပဲ။ ဒါပေမယ့် သူဟာ အာဇာနည်မဟုတ်လို့ သီးခြားမြင့်မြတ်တဲ့နေရာမှာ ထားသင့်ပါတယ်။ ထား လည်း ထား ခဲ့ပါတာ အများအသိပါ။ 
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဦးသန့်၊ ဒေါ်ခင်ကြည်၊ သီပေါမင်းရဲ့ မဟေသီမိဖုရားကြီးတို့ဟာ သူ့နေရာနဲ့ သူ ထိုက်ထိုက်တန်တန် ရှိကြပါတယ်။ အာဇာနည်ဗိမာန်ရှိရာနေရာ မှာ ရောမထား ပါဘူး။ ခုထားရှိ မှာက တောင်ကိုရီးယားခေါင်းဆောင်တဦးကို လုပ်ကြံဖို့ ကြံစည်အားထုတ်ခဲ့တဲ့နေရာပါ။ မပြောေ ကာင်း မဆိုကောင်း ကိုရီးယားခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံခေါင်းဆောင်ပဲဖြစ်ဖြစ် မကျဆုံးခဲ့ဖူးပါ။ သူတို့ခေါင်းဆောင်ကို သူတို့သက်ဆိုင်ရာနိုင်ငံမှာပဲ အထိမ်းအမှတ် အဆောက်အအုံထားရှိသင့်ပါတယ်။ ကျနော်တို့နိုင်ငံမှာ ထားရှိစကောင်းတယ်လို့လဲ မထင်ပါ။ အစဉ်အလာလည်း မကြားဖူးပါ။
ဒါကြောင့် ဗမာပြည်ရဲ့ အာဇာနည်ဗိမာန်မှာ တခြားဘာမှ မရှိစေချင်ပါ။ ရှိသင့်တယ်လို့လည်း မထင်ပါ။ ဒီကိစ္စ ကို ဗမာတမျိုးလုံးကလည်း ကန့်ကွက်သင့်တယ် ထင်ပါတယ်။ အားလုံးက ကန့်ကွက်ကြပါလို့လည်း တိုက် တွန်းနှိုးေ ဆ်ာလိုက်ပါတယ် ခင်ဗျား။
ဒီလိုကန့်ကွက်တဲ့အတွက် မယဉ်ကျေးရာကျတယ်လို့လည်း မယူဆပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော် တို့နိုင်ငံခေါင်းဆောင်တဦးဦရဲ့ အထိမ်းအမှတ်ကိုလည်း တခြားဘယ်နိုင်ငံမှာမှ မထားရှိ၊ မဆောက် လုပ်ခဲ့ ဖူးပါ။ ဆောက်လုပ်စရာလည်း မလိုပါ။လီနင်၊ စတာလင်၊ ဂန္ဒီ၊ နေရူး၊ မော်စီတုန်း၊ ဘယ်ခေါင်းဆောင်ကြီးတွေရဲ့ အထိမ်းအမှတ်မှ မရှိပါ။ သူတို့က လည်း သူတို့နိုင်ငံလွတ်မြောက်ရေးအတွက် စွန့်စားဆောင်ရွက်ခဲ့သူတွေသာ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ အာဇာနည်တွေ မဟုတ်ပါ။ သူတို့ကို ဗမာတွေကလည်း လေးစားကြပါတယ်။ ဒါပေမယ့် သူတို့ က သုတို့ နိုင်ငံအတွက်ပါ။
ဒါကြောင့် ကျနော်တို့နိုင်ငံက အာဇာနည်ဗိမာန်မှာ နိုင်ငံခြားအဆောက်အဦ လုံးဝမရှိစေချင်ပါ.။
 
 မောင်စွမ်းရည်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်