Pages

Thursday, February 7, 2013

စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် စစ်မှန်တဲ့ လမ်းလျှောက်မှု ဖြစ်ဖို့လို


ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ရန်ကုန်မှသည် လိုင်ဇာဆီသို့ လမ်းလျှောက်သူများ ဒီကနေ့ မိတ္ထီလာမြို့ သို့ရောက် ရှိပြီး လိုင်ဇာမြို့သို့ ဆက်လက်ချီတက်လမ်းလျှောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။ မုံရွာမှ လိုင်ဇာမြို့သို့ လမ်းလျှောက်ချီတက် မည့်အဖွဲ့သည်လည်း ဒီကနေ့ မန္တလေးမြို့သို့ရောက်ရှိပြီး မိထ္တီလာသို့ ကားများဖြင့်ချီတက်ကာ ရန်ကုန်မှ လမ်းလျှောက်လာသော အဖွဲ့များဖြင့်ပူးပေါင်းပြီး ကချင်ပြည်နယ် လိုင်ဇာမြို့ သို့ ဆက်လက်ချီတက်မည်ဖြစ်သည်။ မြင်းခြံမြို့မှ ငြိမ်းချမ်းရေးလိုလားသူများကလည်း ၇-၂-၂၀၁၃ ရက်နေ့တွင် မြင်းခြံမြို့မှစတင်ထွက်ခွာပြီး လိုင်ဇာမြို့အထိချီတက်မည်ဖြစ်ကြောင်း။ ဆက် လက်ပြီး ရန်ကုန်မြို့နှင့် မုံရွာမြို့တို့မှစတင် လမ်းလျှောက် ထွက်ခွာလာေ သာ ငြိမ်း ချမ်းရေး လိုလား သူ များနှ င့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ရန်ကုန်မှစတင်လမ်းလျှောက်ချီတက်လာသောအဖွဲ့သည် အင်အား ၂၀ ဦးဖြင့် ဇန်န၀ါရီလ ၂၁ ရက်နေ့မှစတင်ပြီး မိုင်းပေါင်း ၈၀၀ ကျော်ဝေးသော ကချင်ပြည်နယ်လိုင်ဇာမြို့အထိချီတက်လာရာ ဒီနေ့ မိထ္တီလာမြို့သို့ရောက်ရှိပြီး ၃၃၈ မိုင်လျှောက်လာခဲ့ပြီး ဖြစ်သည်။ မိထ္တီလာမြို့သို့ရောက်ရှိချိန်တွင် လမ်းလျှောက်သူအင်အားမှာ ၆၀ ဦး ကျော်ပါဝင်လာပါသည်။ ၄င်းတို့လျှောက်လာသော ၃၃၈ မိုင်းအား ဒီကနေ့ထိ ရက်ပေါင်း ၁၇ ရက်တိုင်တိုင်လျှောက်ခဲ့ပါမူ တစ်ရက်လျှင် ပျမ်းမျှ ၁၉.၉ မိုင်ခန့်လျှောက် ခဲ့ကြပေသည်။ မိတ္ထီလာမြို့မှာကျင်းပမည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ တက်ရောက်ပြီး၊ ၄င်းတို့မှ တရုတ်နိုင်ငံရွှေလီမြို့မှာပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကြိုဆိုပေမယ့် စစ်မှန်တဲ့ငြိမ်း ချမ်းရေး ရဖို့နှင့် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ဖို့ လိုတယ်လို့ပြောလာခဲ့ပါတယ်။

ကောင်းပါပြီ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့အတွက် လမ်းလျှောက်ကြတယ်ဆိုရင် စစ်မှန်တဲ့ လမ်းလျှောက် မှုတော့ဖြစ်ဖို့လိုပါ လိမ့်မည်။ ဘာကြောင့်လဲဆိုတော့ တစ်နေ့ကို ၁၉ မိုင်ကျော် လျှေက်နိုင်တယ်ဆိုတာ သာမန်လူတွေလုပ်ဖို့ ခဲယဉ်းပါတယ် ပိုပြီးခဲယဉ်းတာက တစ်နေ့ ၁၉ မိုင်ကျော် ကို ၁၇ ရက်ဆက် တိုက်လျှောက်ရတာပါဘဲ။ စနစ်တကျလေ့ကျင့်ထားတဲ့ အမေရိကန် မရိန်းတပ်သား တွေတောင် တနေ့ကို ၁၅ မိုင်လမ်းလျှောက်ဖို့ အခက်အခဲတွေ့ကြတယ်။ အခုလို ငြိမ်းချမ်းရေး ရရှိပါစေကြောင်း အကြောင်းပြုပြီး သကာလ လမ်းလျှောက်ကြတဲ့ ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမတို့ တွေထဲမှာ မရိန်းသင်တန်းကျောင်း ဆင်းပြီးေ လျှာက် တဲ့လူမပါဘူးဆိုတာကိုတော့ မေးကြည့်စရာ မလိုအောင်အများပြည်သူက သိကြမှာပါ။

ကချင်ဒေသကြီး စစ်ပွဲများ အမြန်ဆုံးရပ်ဆဲပြီး နှစ်ဘက်စစ်တပ် ပစ်ခတ်မှုလုံးဝမလုပ်ကြရန်၊ ဒုက္ခတွေ ခံနေရတဲ့ ကချင်ပြည်နယ်ဒေသခံပြည်သူတွေ အတွက်စာနာထောက်ထားဖို့၊ ဖက်ဒရယ်ပြည်ထောင်စု ကြီးတည်ဆောက်နိုင်ဖို့လို့ဆိုပြီး ကြွေးကြော်နေကြတဲ့ လမ်းလျှောက်သူများ သည် ရန်ကုန်ကနေစတင် မလျှောက်ခင် တစ်နေ့ ၁၀ မိုင်ခန့်လျှောက်မည်ဟု သက်မှတ်ထား သော်လည်း တစ်နေ့ ၁၉ မိုင်ကျော်ခ ရီးပေါက် ခဲ့လေပြီ။ ငြိမ်းချမ်းရေးလမ်းလျှောက်သူများအား လိုအပ်သည်များပံ့ပိုးကူညီနိုင်ရေးအတွက် ကားများဖြင့်ဆောင်ရွက်တဲ့ နေရာမှာ ၆၀ ကျော်မျှသောလူအင်အား အကုန်မလျှောက်ပါ ကားများဖြင့် ကူညီပံ့ပိုးနေမည်။ အလှည့်ကျ လျှောက်သူကလျှောက် ကားစီးသူကစီးဖြင့် ပျော်ပျော်ကြီး ၃၃၈ မိုင်သောခရီးကို ကားစီးလိုက်၊ လမ်းလျှောက်လိုက်ဖြင့် ဖြတ်ကျော်လာခဲ့ပြီဖြစ်သည်။ ဆက်လက်၍လည်း ကုန်းကြော င်းဖြင့်တသွယ်၊ ကားများဖြင့်တသွယ် အလှည့်ကျချီတက်သွားကြမည်ဖြစ်သည်။ စစ်မှန်တဲ့ ငြိမ်း ချမ်းေ ရးအတွက် လမ်းလျှောက်ကြသူများအနေဖြင့် စစ်မှန်သောစိတ်ဓါတ်ဖြင့် လမ်းလျှောက်သွားကြရန် လိုအပ် မည်ဖြစ်ကြောင်း တိုက်တွန်းချင်ပါသည်။ ယိုသူမရှက်မြင်သူရှက်၏။ ပါးစပ်ကသာ စစ်မှန်ေ သာငြိမ်း ချမ်းရေး အသံမထွက်ပဲ စစ်မှန်သောစိတ်ဓါတ်ဖြင့် ဆောင်ရွက်စေလိုကြောင်း ထပ်လောင်း၍ အကြံပေး လိုပါ သည်ခင်ဗျား။

မြန်မာဟုခေါ်သည်


This's Call Myanmar


Rashly Nay Win

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်