Pages

Thursday, February 7, 2013

စစ်တက္ကသိုလ် ကိုစော်ကားတဲ့ ကိုမင်းကိုနိုင်သို.


တပ်ကို ရန်သူလို.သတ်မှတ်နေတာလား။ တပ်ကို စစ်မျက်နှာလာဖွင့်မယ်ဆိုရင် အမှားကြီးမှားသွား ပါလိမ့် မယ်။ ။ မြန်မာ့တပ်မတော်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့တာဖြစ်တယ်။ အဲသည် အတွက် ကျုပ်တို.ကတော့ ၀န်းရံပေးရမှာပဲ။ တပ်ကို ရန်သူလိုလာသဘောမထားနဲ.။ တပ်ကို ရန်သူလို သဘောထားရင် စစ်မျက်နှာကျယ်သွားလိမ့်မယ်။ ထွက်လာမယ့်အဖြေက ခင်ဗျားပဲ ကျဆုံးခြင်းကို ဦးတည်ပါလိမ့်မယ်။ Power is right ဆိုတာ သတိရပါ။ မြန်မာ့တပ်မတော်ဆိုတာ ပြည်သူကို ကိုယ်စားပြုတဲ့တပ်မတော်… တိုင်းရင်းသာပေါင်းစုံနဲ. ဖွဲ.စည်းထားတဲ့ တပ်မတော်ဖြစ်တယ်။ တိုင်းပြည်ကို မျက်နှာလွဲခဲပစ်လုပ်လို.မရတဲ့ အခြေအနေကြောင်းအမျိုးမျိုးကြောင့် ပြည်သူတွေအထင်အမြင်လွဲစေမယ့် အလုပ်မျိုးတွေအတွက် တပ်မတော်မှာ တာဝန်ခဲ့ရှိတာမှန်ပါတယ်။ ဒါပေမယ့် သိထားရမှာက အဲချိန်တုန်းက တာဝန်ရှိတဲ့လူတွေက ခုလက်ရှိတပ်မတော်ထဲမှာ မရှိတော့ဘူးဆိုတာသိထားပါ။ လက်ရှိအချိန်မှာ တပ်မတော် က အရပ်ဘက်နိုင်ငံရေးကိစ္စတွေမှာဝင်မပါဘူးဆိုတာနဲ. မစော်ကားပါနဲ.။

ခင်ဗျားသာတစ်ကယ်သတ္တိရှိတယ်ဆိုရင် by name နဲ.ဝေဖန်ပါ။ ဘာမဆိုင်တဲ့ စစ်တက္ကသိုလ်ကို လာမထိ ပါး ပါနဲ .။ ခင်ဗျားအသုံးမကျရင် ခင်ဗျားကိုပဲဝေဖန်ကြမယ်။ ခင်ဗျားမိဘတွေကို မဝေဖန်ဘူး။ ကျုပ်တို. လည်း အဲလိုပဲ ။ စစ်တက္ကသိုလ်ဆိုတာ ကျုပ်တို.ရဲ့ ဒုတိယမိဘပဲ။ ဒီခေတ်ကြီးမှာ ပြော ချင်တာပြော လို.ရတယ်ဆိုပြီး အာလာမချောင်နဲ.။ စစ်တက္ကသိုလ်ကိုစော်ကားတာ ကျုပ်တို.ကိုစော်ကားတာပဲ။ စစ် တက္ကသိုလ် ကပေးတဲ့ဘွဲ.တွေကပဲ နိုင်ငံကိုအုပ်ချုပ်နိုင်တာလားဆိုတဲ့ ခင်ဗျားရဲ့စကားတစ်ခွန်းအတွက် တစ်ချိန်ချိန် မှာ တန်ရာတန်ကြေးတော့ပေးဆပ်ရပါလိမ့်မယ်။ နောက်တစ်ချိန် ကာကွယ်ရေးဦးစီးချုပ်ဖြစ် လာ မယ့် သူတွေကလည်း Daw Sein Aye ရဲ့သားတွေပဲဆိုတာကိုမမေ့ပါနဲ.။

ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။
ငါတို့သည် ကျဆုံးလေပြီးသောတပ်မတော်သားတို့၏ သစ္စာကို စောင့် သိရိုသေပါမည်။
ငါအား အထက်မှ ပေးအပ်သည့် အမိန်.နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းရွက်ပါမည်။
ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ် မတော် အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏ ဆိုတဲ့ သစ္စာလေးချက် ရင်ဝယ်ပိုက်ထားတဲ့စစ်သားတွေ တပ်မတော်ထဲမှာ အများကြီးရှိသေးတယ် ဆိုတာ မမေ့ ပါနဲ.။

ထိုက် သူ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်