Pages

Thursday, February 7, 2013

ဒီမိုကရေစီ အလွဲသုံးစားကြသူများ

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကမ္ဘာကျော်ေ အာင်  နိုင်ငံရေးေ ခါင်းဆောင် များက ဆောင်ရွက်နိုင်ခဲ့ ကြပေသည်။ ဒီမိုကရေစီစနစ်သည် ကမ္ဘာ့နိုင်ငံ အများစုက ကျင့်သုံးနေကြပြီဖြစ်ပြီး ဖွံ့ဖြိုးအောင်မြင်မှုများ လက်တွေ့ ရရှိနေ ကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၈၈ အထွေထွေ သပိတ်နှင့်အတူ ဒီမိုကရေစီဆိုသည့် စကားလုံး ပြည်သူများ အကြား တွင်တွင်ကြီး ပြော ဆိုသုံးနှုန်း လာခဲ့ကြသည်။

ဒီမိုကရေစီစနစ်ဆိုသည်မှာ မည်သို့ မည်ပုံဖြစ်သည်၊ ဒီမိုကရေစီ စနစ် ကို ကျင့်သုံးကြသဖြင့် မည်သည့်နိုင်ငံများ မည်သို့ ချမ်းသာကြွယ်ဝကြသည်၊ စသည့် အခြေခံအကြောင်းတရားများကိုကား သိရှိနားလည်မှု နည်းပါးနေသေးသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေးဦးဆောင်သူများ အနေဖြင့် ကျိုးပမ်းဆောင်ရွက်ပေး စေလိုသည်။ ဒီမိုကရေစီကျင့်စဉ် မည်မျှကောင်းမွန်ပြည့်စုံသည်ဖြစ်စေ လွဲမှားစွာ အသုံးချနေမည်ဆိုလျင် အများပြည်သူ အတွက် အကျိုးစီးပွားများ ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် အဟန့် အတား များ အဖြစ်ပြောင်းလဲသွားမည်ကို စိုးရိမ်မိပါသည်။

အများပြည်သူအကျိုးစီးပွားကို အလေးအနက်ထားခြင်း၊ အကာအကွယ်ပေးခြင်း၊ တန်းတူအခွင့်အရေး ရရှိခြင်း တို့သည် ဒီမိုကရေစီ၏အခြေခံသဘောတရားများဖြစ်သည်။ တစ်ဦးတစ်ယောက်တည်း၏ သဘောအတိုင်း ထင်သလို အုပ်ချုပ်ခြင်းလည်းမဟုတ်၊ လူတစ်စု၏ စိတ်ကူအတိုင်း တစ်ဘက်သတ် အုပ်ချုပ်ခြင်းလည်းမဟုတ်၊ လူအများကို လူအများ၏ အကျိုးငှာ၊ လူအများ၏ အလိုဆန္ဒအတိုင်း တရားသဖြင့် မျှမျှတတ လူအများက အုပ်ချုပ်ခြင်းသည် ဒီမိုကရေစီနည်းလမ်းပင် ဖြစ်ပေသည်။

တာဝန်ကို မသိတတ်သူများ၏လက်ထဲသို့ ဒီမိုကရေစီ နည်းစနစ် တစ်ခု ထည့်လိုက်ပါလျင်၊ ထိုဒီမိုကရေစီ သည် အညံ့စား အလကားဒီမိုကရေစီ ဖြစ်သွားပေလိမ့်မည်။ အမှန်ဆိုသော် တာဝန်ကို မသိလျင် ဒီမို ကရေစီ နည်းကို အသုံးမပြုနိုင်၊ အသုံးပြုလျင်လည်း အကျိုးမရှိဘဲ၊ အကျိုးယုတ်သွားနိုင်သည်ကို သတိချပ် ဆင်ခြင်သင့်ကြပေသည်။ ဒီမိုကရေစီ စနစ် အစစ် ဖြစ်ပေါ်ထွန်းကားရန် အစိုးရအဖွဲ့၏ လုပ်ဆောင် ချက် များကျင့်သုံးဖော်ဆောင်မှုများတွင်မူတည်သကဲ့သို့  နိုင်ငံသူ  နိုင်ငံသားအပေါင်းတို့၏ စောင့်ထိန်းလိုက်နာမှုတို့သည်လည်း အရေးကြီးလှပေ သည်။

ယနေ့မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခင်းအကျင်းများကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုလျင်၊ ဒီမိုကေ ရ စီ စနစ်အား အသုံးချ၍ တစ်ကိုယ်ရေအကျိုးစီးပွား၊ လူနည်းစု၏ အကျိုးစီးပွား တို့ကို အကာ အကွယ်ပြုခြင်း နှင့် အကျိုးပျက်စီး စေလိုခြင်းတို့တွင် လွဲမှားစွာသုံးစွဲနေကြ သည်ကို တွေ့မြင်နေရသည်မှာ တိုင်းပြည်၏အနာဂတ်အတွက် စိတ်မသက်မသာ ဖြစ်ဖွယ်ရာများပင်ဖြစ်၏။ နမူနာအလို့ငှာ လတ်တေ လာ ဖြစ်ေ ပ်ါနေသော အဖြစ်အပြက်တစ်ခုအားတင်ပြလိုပါသည်။

မကွေးတိုင်းဒေသကြီး၊ငဖဲမြို့နယ်၊ ချောင်းဖြူကျေးရွာတွင်ဖြစ်သည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတုတ္တရာ နှင့် ငဖဲ မြို့နယ်၊ ပဒါန်းကျေးရွာအထိ ပုသိမ်-မုံရွာလမ်းမကြီးနှင့်ဆက်စပ်မိသည်အထိ လမ်းမကြီးဖောက် လုပ်လျက်ရှိသည်။ စေတုတ္တရာမြို့သည် မိုးတွင်းကာလများတွင် သွားလာရေး အင်မတန်ခက်ခဲလှသဖြင့် စီမံကိန်းဖြင့် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ပြီး ကုန်စည်စီးဆင်းမှုမြန် ဆန်ရေး၊ လမ်းမ တလျောက် ကျေးရွာများဖွံ့ဖြိုးရေးတို့အတွက် ရည်ရွယ် ဖောက်လုပ်ခြင်းဖြစ် သည်ဟု သိရှိရပါသည်။

 ၎င်းလမ်းမဖြတ်သန်း ဖောက်လုပ်ရာမှာပါဝင်သော ချောင်းဖြူကျေးရွာတွင် ကျေးရွာနေပြည်သူများ လမ်းအူကြောင်းနေရာသတ်မှတ်ရေးအတွက် အငြင်းပွားနေကြသည်။ သို့ရာတွင် ကျေးရွာ၏ အကျိုးစီးပွား ထက် ပါတီအဖွဲ့အစည်းနှစ်ခု၏ အားပြိုင်မှု၊ အတ္တဖြင့်ဆုံးဖြတ်နေမှု အသွင် ဖြစ်ပေါ်နေသည်။ လမ်းအား ရွာအတွင်းမှ မဖြတ်သန်းစေလိုသောအဖွဲ့က တစ်ဖက်၊ ဖြတ်စေလိုသူများက တစ်ဖက်ဖြစ်နေသည်။

ရေရှည်အသုံးပြုမည့်လမ်းဖြစ်သည့်အတွက် ယခု သတ်မှတ်မှုမှာ ကျေးရွာအတွက် အလွန်ရေးကြီး လှသော်လည်း အငြင်းပွား အားပြိုင်နေသူများ၏အတွေးအာရုံတွင် ဤသို့မဟုတ်။ အများစုသည ကျေးရွာအပြင်မှ ကပ်လျက်ဖြတ်သန်း  ဖောက်လုပ်စေ လိုသည်။ ကျေးရွာ အတွင်းတွ င်ဖောက်လုပ်မည်ဆိုပါက လမ်းအရှည်ပေ (၂၉၀၀)ခန့်ရှိမည်၊ အသုံးပြုနိုင်မည် လမ်းအကျယ်မှာ (၂၇)ပေ ခန့်သာရှိသည်။ လမ်းနယ်နိမိတ်ချဲ့ထွင်မည်ဆိုပါက လူနေအိမ်များအား နောက်ဆုတ်ခိုင်းရမည်။ ၀ါးထရံကာ သက္ကယ်မိုး (၂၉) အိမ်နှင့် တိုက်အိမ် (၅)လုံးရှိသည်။ လမ်းနယ်မြေမလွတ်။ ရွာအတွင်း တံတောင် ဆစ်ကွေး မျက်ကွယ်ကွေ့ နှစ်ကွေ့ပါဝင်နေသေးဟုဆိုသည်။ ဖုန်မှုန့်များ အိမ်အတွင်း ၀င်ရောက်မှုများကိုလည်း နေ့စဉ် ကြုံတွေ့ရတော့ မည်ဖြစ်ပြီး ကျန်းမာရေးကိုလည်း ထိခိုက်စေ မည်ဖြစ်သည်။ ရွာဓလေ့ လမ်းပေါ်တွင် ကလေး၊ လူကြီးများ ဆိုင်ကယ်များ ဥဒဟို သွားလာ တတ်ကြပုံနှင့်ဆိုလျင် ယာဉ်အန္တရာယ်မကြာခဏ ကြုံတွေ့နိုင်မည်ဟု တွေးဆလျက် ကျေးရွာ ရပ်မိရပ်ဖများ၊ အများပြည်သူတို့က မဖြတ်စေလို။ ကျေးရွာသည် (L) ပုံသဏ္ဍန်ရှိသဖြင့် ရွာထိပ်နှစ်ဖက် ကိုထိစပ်၍ ဖြတ်ဖောက်မည်ဆိုသော် ပေ (၉၀၀)ခန့်သာရှိပြီး ကျေးရွာမှလည်း ကားလမ်းကို အသုံးပြုနိုင်မည်ဖြစ်သည်။ သို့သော် လယ်မြေ (၁.၈၆)ဧက ခန့်နှင့် ယာမြေ(၀.၆၁)ဧက ခန့်ကို ဖြတ်ရမည်ဖြစ်သည်။ ယာမြေပိုင်ရှင်မှ ကျေနပ်စွာ လှူဒါန်းမည်ဖြစ်ပြီး သက်ဆိုင်ရာမှလည်း တန်ဖိုးေ ငွ ပေးလျော်သွားမည်ဟုသိရသည်။ ကျိုးကြောင်းများ ဆီလျော်သင့်မြတ်နေသည် ဆိုနိုင်သော်လည်း၊ ဦးဆောင် ဆွေးနွေးကြသူများနှင့် ဆန့်ကျင်ဘက်ပုဂ္ဂိုလ်က ကန့်ကွက်သည်။ ကျေး ရွာသား (၁၀)ခန့် စုစည်း ၍ သဘောမတူကြောင်း ဆိုသည်။ အကြောင်းတရားကား မိမိတို့ပါတီ သည် ပြည်သူ အများက ထောက်ခံမှုရရှိနေသောပါတီဖြစ်သဖြင့် အခြား ပါတီ မှ ဆွေးနွေးချက် များ အောင်မြင်မည်ကို မလိုလား သည့် သဘောဖြစ်ဖွယ်ရာရှိ၏။ ဒီမိုကရေစီနိုင်ငံ မှာ ငြင်းပိုင်ခွင့်ရှိတယ်၊ ကန့်ကွက် ပိုင်ခွင့် ရှိတယ်ဆိုပြန်သည်။ လယ်မြေသည် ၎င်း၏ပိုင်ဆိုင်မှု ဖြစ်နေပေရာ ပို၍ဆိုးလေစွ။

ကျေးရွာပြည်သူအများစုက မထောက်ခံသည့်အတွက် အခြားနယ်မှသူများကိုဖိတ်ခေါ်သည်။ (၆.၂.၂၀၁၃)ရက်နေ့ မနက်ပိုင်း မင်းဘူး(စကု)မြို့နယ် NLD ပါတီမှ၊ ဒုဥက္ကဌ ရောက်ရှိ လာပြီး ကျေးရွာမှ ပြည်သူများကို စည်းရုံးသည်။ လူစုပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ၏ မူပိုင်ရှင်အစစ်အမှန် သည် မိမိတို့ NLD ပါတီ ဖြစ်သကဲ့သို့ဆို၏။ ကျေးရွာ ပြည်သူများကို အော်ဟစ် စေသည်။ ရွာအတွင်းက သာဖောက်လုပ်ဖြစ်အောင် တိုက်ပွဲဝင်သွားမည်ဟု ဆိုပြန်သည်။ မယောင်ရာ ဆီလူးနေသည်ဟု ထင်ရန်မကောင်းပေဘူးလား။ တင်ပြလိုသည်မှာ ဘယ်ပါတီ မကောင်းဘူးဟု ဆိုချင်သည် မဟုတ်။ ဒီမိုကရေစီကို စိတ်ကူး အမျိုးမျိုးဖြင့် ပုံဖော်ကျင့်သုံးနေကြသည်ကို တင်ပြလိုခြင်းဖြစ်သည်။

 ကျေးရွာသားတစ်ဦး ရင်မောစွာ သူနားလည် သရွေ့ ပြောသည်။ ဒီလောက်အများက လိုချင်တဲ့ ဆန္ဒဖြစ်နေ တာ၊ ကျေးရွာအန္တရာယ်ကင်းအောင် ဆောင်ရွက်နေတာကို ကန့်ကွက် တားဆီးနိုင်သတဲ့၊ ဒါ ဒီမိုကရေစီရဲ့ အားနည်းချက်များလား ဟု ဆိုသည်။ မြန်မာပြည် ရောက်မှ ဒီမိုကရေစီပင် နာမည်ပျက် ရတော့မည့်ကိန်း စိုက်လေပြီ။ ပြောရမည်ဆိုလျင် အလားတူအဖြစ်ပြက် မျိုးများစွာရှိသည်။ အကြောင်းအရာများအား မတင်ပြ လိုတော့ပေ။ သဘောတရားမျှသာ တင်ပြခြင်းဖြစ်သည်။
           
ဒီမိုကရေစီကို အလွဲသုံးစားလုပ်၍ ပြည်သူကိုမှိုင်းမသွင်းကြစေလို။ နိုင်ငံရေးနှင့် ပါတီအရေးကို ကွဲပြားေ အာင်ေ ဆာင်ကြရပေမည်။ လူညီဤကျွဲဖတ်ဆိုခြင်းသည် အမှန်တရားဟုမဆိုနိုင်၊ ညီညွတ်ခြင်း သာဖြစ် ၍ လွဲမှားစွာလည်း ညီညွတ် နေနိုင်ေ ပသည်။ ပြုပြင်ပြောင်း လဲရေးလျင်မြန်စွာေ ဆာင် ရွက်နေချိန်တွင် ပါတီနိုင် ငံရေးအသိုင်း အ၀ိုင်းမှ ပုဂ္ဂိုလ်များ အနေဖြင့် ဒီမိုကရေစီအစ်အမှန်ပေါ်ပေါက် လာရန် မိမိကိုယ် တိုင်လည်း စံနမူနာ ကျင့်သုံးနေထိုင်ပြကြရန်လိုအပ်လှပြီး အများပြည်သူ ကိုလည်း ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ နေထိုင်သွားနိုင်ရေး မျှဝေသွားကြစေလိုသည်။ ဒီမိုကရေစီ အလွဲသုံးစား မလုပ် ကြဘဲ မှန်ကန်စွာအသုံးချ၍ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းများ ဆောင်ရွက် သွားနိုင် ကြစေ လိုကြောင်း ဆန္ဒ ပြုလိုက် ရပေသည်။
ကိုကိုဆန်းညွှန့်
 
မဟာမြန်မာ(နတ်မောက်)
 
ခေတ်သစ်
 
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်