Pages

Thursday, February 7, 2013

စီမံကိန်းနယ်မြေ ကျူးကျော်ရပ်ကွက်အတွင်း ၀ါးနှင့် အိမ်ဆောက်ပစ္စည်းများ ရောင်းအားကောင်း


လှိုင်သာယာမြို့နယ် အမှတ် (၅)ရပ်ကွက်၊ ပီမိုးနင်းလမ်းရှိ စီမံကိန်းနယ်မြေအတွင်း ရောင်းချနေသော ၀ါး၊ အမိုးအကာ များနှင့်  အခြားအိမ်ဆောက်ပစ္စည်းများ အရောင်းအ၀ယ်ကောင်းလျက်ရှိနေကြောင်း သိရသည် ။ အ ဆိုပါ စီမံကိန်းနယ်မြေအတွင်း ကျူးကျော်နေထိုင်သူများသည် ၎င်းဝါးနှင့် အခြားဆက်စပ် ပစ္စည်းများ ဝယ် ယူကာ အိမ်ဆောက်လုပ်နေသဖြင့် ရောင်းအားကောင်းလျက်ရှိနေခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့မှစတင်ကာ ကျုးကျော်နေထိုင်သူများသည် ကိုယ်ပိုင်ဆုံးဖြတ် ချက်ဖြင့် မြေ ကွက်ဦးကာ   နေအိမ်များ ဆောက်လုပ်နေကြခြင်းဖြစ်သည်။ အဆိုပါ မြေကွက်များတွင် ယခုအခါ အိမ်အလုံးေ ရ စုစုပေါင်း (၅၀) နီးပါးဆောက်လုပ်ဆဲဖြစ်ကြောင်း သိရသည်။ ၀ါးနှင့် ဆက်စပ်ပစ္စည်း အရောင်း ဆိုင်သည် အဆိုပါ မြေကွက်များအနီးတွင် တဲထိုး၍ ရောင်းချနေကြသည်။ အဆိုပါဆိုင်များတွင် တစ်ရက်လျှင် ပျမ်းမျှ နှစ်သောင်းမှ သုံးသောင်း ၀န်းကျင် ရောင်းချနေရကြောင်း သိရသည်။

`` ကျွန်တော်တို့တွေ ဒီမှာလာရောင်းနေတာ လေးရက်လောက်ရှိပြီ။ ဒါပေမဲ့ အတော်များများက လက်လုပ်လက်စားတွေ ဆိုတော့ အကြွေးပုံစံမျိုးနဲ့လည်း ရောင်းပေးတယ်´´ ဟု ၀ါးနှင့် သက်ကယ်များ လာရောက်ရောင်းချနေသူ ကိုကျော်ဇင်ထွန်း က ပြောသည်။

အဆိုပါဆိုင်တွင် အိမ်ထောက်အဖြစ် အသုံးပြုသည့် ၀ါးလုံးများသည် (၂၅၀၀) ကျပ်နှင့် ရောင်းချပြီး ၀ါးလုံး အသေးများမှာ (၅၀၀) မှ (၇၀၀) ကြား ဈေးရှိသည်။ သက်ကယ်မိုးများသည် တစ်ချပ်လျှင် (၄၅၀) ကျပ်မှ (၅၀၀) ခန့် အထိဈေးရှိကြောင်း သိရသည်။

ယင်းသို့ ကျူးကျော်နေထိုင်သူများသည် ယခင်က အဆောင်နေသူများဖြစ်ပြီး အဆောင်က မတတ်နိုင်ခြင်းကြောင့် လည်းကောင်း ၊ မြေနေရာ လွတ်နေသောကြောင့် လည်းကောင်း လာရောက် အိမ်ဆောက်နေကြခြင်းဖြစ်ကြောင်း သိရသည်။

`` ဒီလူတွေအကုန်လုံးက လက်လုပ်လက်စားတွေလေ။ တစ်ရက်လုပ်လို့ တစ်ရက်စားရဖို့ မသေချာဘူး။ အဆောင် မှာနေရင် သုံးသောင်းခွဲပေးရတယ်။ ၁၂ ပေ ၁၃ ပေအခန်းလေးကို မိသားစု သုံးေ ယာက် ပဲ နေလို့ရတယ်။ အခု ဒီမှာ   မြေလွတ်ပြီး လူလည်းမနေတော့ ဦးရာလူ ပုံစံနဲ့ လာနေကြတာ။ အရင်ရက် တုန်း က မြေလုရင်း တစ်ယောက်နဲ့ တစ်ယောက်   စကားတွေအကြီးအကျယ် များကြသေး တယ်´´ ဟု ယင်းမြေကွက်တွင် နေရာလာယူသူ ကိုအောင်ကိုလတ်က ပြောသည်။

၁၈ ဧကခန့် ကျယ်ဝန်းသည့် စီမံကိန်းမြေနေရာတွင်  အိမ်အလုံးရေ စုစုပေါင်း ပျမ်းမျှ (၅၀)မှ (၇၀) အထိ လာရောက်   ဆောက်လုပ်နေကြပြီး အချို့သူများမှာ အိမ်မဆောက်နိုင်၍ အမိုးလုံရုံသာ ဆောက် ပြီး နေ ရာ ဦးထားသူများလည်း ရှိကြောင်း ၀ါးဆိုင်မှ ကိုကျော်ဇင်ထွန်းက ပြောသည်။

အဆိုပါ ကျူးကျော်နေအိမ်များကို အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူက အချိန်ပေး ဖယ်ရှားခိုင်းသော်လည်း ဖယ်ရှားမှု မရှိဘဲ ဆက်လက်အိမ်ဆောက်နေဆဲဖြစ်သည်။ နိုင်ငံတော် အစိုးရမှ ၁၈၄၉ ခုနှစ် ပြဌာန်းချက် ဥပဒေအရ အစိုးရမြေယာများ ချထားပေးရေးနှင့် မြေယာသိမ်းယူရေး ဥပဒေ ပုဒ်မ ၄၆ အရ အခွန်ဝန်ကြီးမှ မြေယာမှ ဖယ်ရှားနိုင်သည်။ အကယ်၍ မဖယ်ရှားပါက ထောင်ဒဏ် (၁) လ (သို့မဟုတ်) ငွေဒဏ် (၅၀) ထက်မပိုသည့် ပြစ်ဒဏ် ချမှတ်နိုင်ကြောင်းသိရသည်။

မြစ်မခ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်