Pages

Thursday, February 7, 2013

ဆီးရီးယား ပဋိပက္ခနှင့် စပ်လျဉ်း၍ ကိုင်ရိုမြို့တွင် အာမက် ဒီနီဂျက် မော်စီနှင့် တွေ့ဆုံ ဆွေးနွေး

 
ကိုင်ရို ဖေဖော်ဝါရီ  ၆
 
အီရန် သမ္မတ မာမွတ်အာမက် ဒီနီဂျက်သည် ဆီးရီးယား နိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် စပ်လျဉ်း၍ အီဂျစ် သမ္မတ မိုဟာမက် မော်စီနှင့် အတူ အီဂျစ် နိုင်ငံ ကိုင်ရို မြို့တွင် ဖေဖော်ဝါရီ ၅ ရက်က  တွေ့ဆုံ ဆွေးနွေး ခဲ့သည်။ ထိုကဲ့သို့ အီရန် သမ္မတ အီဂျစ် နိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်သည် ဆယ်စု နှစ်များ အတွင်း ပထမ အကြိမ် သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ။ သမ္မတ မော်စီသည် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ ညီလာခံသို့ တက်ရောက် ရန် ရောက်ရှိလာ သော အာမက် ဒီနီဂျက်အား ကိုင်ရိုမြို့ လေဆိပ်တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြကြော င်း နို င် ငံပိုင် ရုပ်သံ သတင်း ဌာနက ထုတ်လွှင့်ခဲ့သည်။
 
အဆိုပါ ဆွေးနွေးပွဲတွင် ခေါင်းဆောင် နှစ်ဦးသည် စစ်ရေးအရ ကြားဝင် စွက်ဖက်ခြင်း မပြုလုပ်ဘဲ ဆီးရီးယား နိုင်ငံ၏ ပြည်တွင်းစစ်ကို ဖြေရှင်းရန် နည်းလမ်း များနှင့် နှစ်နိုင် ငံကြား ဆက်ဆံရေး တောင့်တင်း ခိုင်မာလာ စေရန် ဆွေးနွေး ခဲ့ကြကြောင်း အီဂျစ် MEND သတင်း အေဂျင်စီက ထုတ်ဖော် ပြောကြားခဲ့သည်။
 
အီဂျစ် နိုင်ငံသည် အခြားသော နိုင်ငံများ၏ လုံခြုံရေး အခြေ အနေများ ခုတုံးလုပ်ပြီး အခြား ပြည်ပ နိုင်ငံ များနှင့် ဆက်ဆံမည် မဟုတ်ကြောင်းနှင့် မိမိနိုင်ငံ အနေဖြင့် ပင်လယ်ကွေ့ နိုင်ငံများ၏ လုံခြုံရေးကို အလေး ထားမည် ဖြစ်ကြောင်း မော်စီက သတင်းထောက် များအား ပြောကြားခဲ့သည်။အာမက် ဒီနီဂျက်သည် ၎င်း၏ အီဂျစ် နိုင်ငံသို့ သုံးရက်ကြာ သွားရောက်မည့် ခရီးစဉ်တွင် ဖေဖော်ဝါရီ ၆ ရက် ၌ ကျင်းပမည့် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ ညီလာခံသို့ တက်ရောက်မည် ဖြစ်ကြောင်း အီရန် သတင်း မီဒီယာများက ပြောကြားခဲ့သည်။
 
MWD

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်