Pages
Thursday, February 7, 2013
နိုဘယ်ဆုရှင် လွှတ်တော်အမတ်အား အပြိုင်အဆိုင် ချီးကျူးကြခြင်း
(ဒီပို့ စ်က ဒေါ်အောင်ဆန်းစုကြည်အကြောင်း အရေးကြီးသော အကြောင်းမို့ လို့  အနယ်နယ်အရပ်ရပ်က ပ ညာ ရှင်တွေကို tag လုပ်ပြီး ဖိတ်ခေါ်လိုက်ပါတယ်။ အနှောင့် အယှက်ဖြစ်ရင်တော့ ခွင့်လွှတ်ပါ။ စိတ်ရှည် ရှည်ထား ဖတ်ပြီး ပွင့်ပွင့်လင်းလင်းဝေဖန်နိုင်ပါတယ်ခင်ဗျာ။)
ဒီမူရင်းစာစုက ရက်စွဲအရကြာပါပြီ။ အေးချမ်းမွန်မှာ မနေ့ ကမှ တွေ့ လို့  ကျွန်တော် တန်ပြန်ရေး လိုက်တာ ပါ။ ဘယ်သူ့ ကိုမှ ပုဂ္ဂိုလ်ရေး မထိခိုက်စေချင်သော်လည်း ဒေါ်စုဟာ အရေးပါတဲ့ လူတစ်ယောက်မို့ လို့  အား လုံး အကျိုးအတွက် ပွင့်ပွင့်လင်း ကျွန်တော်ဝေဖန်လိုက်တာပါ။ သည်းခံဖတ်၇ှုသူများလဲ တည်ငြိမ် မျှတ တဲ့ စိတ်ထားနဲ့  သေချာဝေဖန်တွေးတောစေချင်ပါတယ်။ ကျွန်တော်ပြောတာ အမှားပါရင်လဲ အားမ နာ တမ်း ပြောနိုင်ပါတယ်။ ဆဲတဲ့လူတွေကတော့ သူ့ အဆင့်သူပြတာလို့ ပဲ မှတ်ပါမယ်။--------။
ဒေါ်စုကိုဘာဖြစ်လို့များလူတွေက သည်လောက်တောင်သဲသဲလှုပ်ဖြစ်နေကြရသလဲ။ ကဲကိုကဲ လွန်းတ ယ်တဲ့လား။ဒေါ်စုကို ဘာဖြစ်လို့များ လူ တွေ က သည်လော က် တောင်သဲသဲလှုပ် ဖြစ်နေကြရသ လဲ။ ကဲ ကို ကဲ လွန်း တယ် ....တဲ့လား။
ပြောပြန်ရင်လည်း အောင်ခိုင်လွန်ရာကျမလားမသိပါဘူး။
နယူးယောက်မှာ ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လတ် အင်္ဂလိပ်လို ပြောတော့ တနာရီမပြည့်ခင်အချိန်အတွင်း အင်္ဂ လိပ် စာ အလုံး ၄၀ မှားလို့ဆိုပြီး FB မှာဝေဖန်ပြီး ပြောကြဆိုကြ ဒေါ်စုနဲ့နှိုင်းယှဉ်ကဲ့ရဲ့ကြတယ်ဗျ။ တချို့ ကလည်း ဒေါ်စုကို ချီးကျူးပါ.. သူများကိုတော့ မကဲ့ရဲ့ပါနဲ့ စသဖြင့် ပြောကြပါတယ်။ ကျနော် စဉ်းစားမိတယ်။ ဒေါ်စုကို မနှစ်သက်တဲ့သူ ဘက်က စိတ်ကူးယဉ်ပြီးတော့ပေါ့လေ။ ဘာဖြစ်လို့များ ဒေါ်စုကို လူတွေက (မြန်မာသာမက တကမ္ဘာလုံး) သည်လောက်တောင် သဲသဲလှုပ်ချစ်ကြ လေးစားကြ ချီးကျူးကြ တသ သ တရွရွ တမမ တဖွဖွ ဖြစ်နေရလဲ။ ကဲကိုကဲလွန်းတယ်.။ ဒေါ်စုကို အောက်တန်းကျမိုက်ရိုင်းစွာ အပုပ် ချ ရေးသားနေတဲ့ ၀က်ဆိုက်တခုမှာလည်း ဒေါ်စုရဲ့မကောင်းကွက်တွေကို ရှာကြံပြီး လုပ်ကြံ အပုပ်ချကြတယ်။ သန်းပေါင်း ၆၀ လူဦးရေမှာ သူဦးဆောင်မှပဲ တိုင်းပြည် တိုးတက်ပြောင်းလဲ တော့မှာ လား.. သူတယောက်ပဲ ရှိသလားလို့။ ဒီလိုပြောင်းပြန် တမင်စဉ်းစားကြည့်ကာမှ အဖြေတွေ ကပေါ်လာပါတယ်။
၁။ ဘာသာစကား...မြန်မာလူဦးရေ သန်း ၆၀စလုံး အင်္ဂလိပ်စာကျွမ်းကျင်နေဖို့မလိုပါဘူး။ ဂျပန် ထိုင်း တရုတ်တို့ မှာလည်းပြည်သူတိုင်း အင်္ဂလိပ်စာ မကျွမ်းကြပါဘူး။သို့သော် နိုင်ငံ အုပ်ချုပ် သူခေါင်းေ ဆာင်များ လူကြီးများ ကတော့ vocabulary, pronunciation, intonation, tone, grammar, usage, ကအစ ကျွမ်းကျင်နေရမှာပါ။ ဒါမှ နိုင်ငံတကာနဲ့ ဆက်ဆံလို့အဆင်ပြေမှာပါ။ ဒီအရည်အချင်းဒေါ်စုမှာ ၁၀၀% ရှိတယ်။
၁။ ဒီကိစ္စနဲ့ ပတ်သတ်လို့  ကျွန်တော် သူငယ်ချင်းတစ်ချို့ နဲ့  ဆွေးနွေးဖူးပါတယ်။ မှတ်မှတ်ရရ အိုဘားမား လာတဲ့နေ့ က သမ္မတကြီးက မြန်မာလိုပဲ ပြောတာကို ဝေဖန်တာပါ။ ဒေါ်စုက နေရာတော်တော်များများမှာ အင်္ဂလိပ်လို ပြောပါတယ်။ သမ္မတကြီးကတော့ ဘယ်ကောင်လာလာ ဂရုမစိုက်ပဲ မြန်မာလိုပဲပြောပါတယ်။ သမ္မတကြီး အင်္ဂလိပ်လို မပြောတတ်ဘူး ထင်လို့ လား။ အင်္ဂလိပ်လို ပြောရတာ အရမ်းခက်တယ်လို့  လူတွေ ထင်နေကြလား။ လွယ်ပါတယ်။ ABCD သိသူ မည်သူမဆို တကယ်လေ့လာလိုက်စားရင် တစ်နှစ်အတွင်းမှာ ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ပါလိမ့်မယ်။ ဒါဆို သမ္မကြီးက ပြောတတ်ပေမယ့် မသုံးဘူး။ ဘာကြောင့်လဲ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့  ထိန်းသိမ်းသင့်တဲ့ နိုင်ငံဂုဏ်သိက္ခာကို ထိန်းတဲ့အနေနဲ့  ပြောတာကအစ မြန်မာလိုပဲ ပြောတာပါ။ ငါ့အိမ်ကိုလာရင် ငါ့စည်းကမ်းနဲ့ နေရမယ်ဆိုတဲ့ စိတ်ဓာတ်ပေါ့ဗျာ။ မြန်မာစကားကို မြန်မာလူမျိုးခေါင်းဆောင် တစ်ယောက်ကမှ တန်ဖိုးမထားရင်၊ အလေးမထားရင် ဘယ်သူထားမှာလဲဗျာ။ နိုင်ငံတကာက နိုင်ငံကြီးတိုင်း ကိုယ်ပိုင်ဘာသာစကား မရှိပါဘူး။ ဘရာဇီး၊ အာဂျင်တီးနား အစရှိတဲ့ တောင်အမေရိကတိုက်က နိုင်ငံတော်တော်များများဟာ စပိန်စကားကိုပဲ အဓိကထား ပြောဆိုပါတယ် ။ အာရှထဲမှာ ဆိုရင်လည်း မလေးရှား၊ အင်ဒိုနီးရှားတို့ ဟာ ကိုယ်ပိုင်အသံထွက်ရှိပေမယ့် အက္ခရာ မရှိပါဘူး။ အင်္ဂလိပ် အက္ခရာနဲ့  သူတို့ အသံထွက်အောင် ပေါင်းပြီးရေးရတာပါ။ ကျွန်တော်တို့ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင် ယဉ်ကျေးမှုရှိနေတာဟာ လက်မထောင်စရာကိစ္စတစ်ခုပါ။ ဒါကြောင့် မြန်မာပြည်ကို ကိုယ်စားပြုနေတဲ့ မြန်မာခေါင်းဆောင်တစ်ယောက်ဟာ မြန်မာလူမျိုးရဲ့  မြန်မာစကားကိုတန်ဖိုးထားပြီး သုံးစွဲပြောဆိုရပါမယ်။
၂။ ဗသုသုတ .... something special, everything normal ဆိုတဲ့ စကားလို အရာရာသော ရှုတ်ထွေး ကျယ်ဝန်းလှသော ပြသနာကိစ္စကြီးငယ် တွေကို အကြမ်းဖျဉ်း(မှန်ကန်စွာ) ခြုံငုံဆင်ခြင်နိုင်သော အထွေထွေ ဗဟုသုတနဲ့ အရေးကြီးသော အကြောင်းအရာတွေကို အဂတိတရားမပါ အမြင်ကြည်လင် မတိမ်းမစောင်း စေ့ငုသေချာ ဂဃနဏသိဖို့လိုပါတယ်။ ဒီအရည်အချင်းဒေါ်စုမှာ ၁၀၀% ရှိတယ်။
၂။ ကဲဒီအချက်အလက်နဲ့ ပတ်သတ်လို့ တော့ ဥပမာအဝေးကြီးနဲ့  ရှည်ရှည်ဝေးဝေး ပြောစရာမလိုပါဘူး။ ရခိုင်ကိစ္စကြည့်ပါ။ ကုလားလို့ ခေါ်ဝေါ်သုံးစွဲတာနဲ့ ပတ်သတ်လို့  ဒေါ်စုက ရှုတ်ချလို့  ရခိုင်တွေရဲ့ ဆန္ဒပြမှုခံရပါတယ်။
လက်ပံတောင်းတောင်ကိစ္စကြည့်ပါ။ သိက္ခာရ၊ သက်ကြီးဝါကြီး ဘုန်းကြီးတွေရော ဗုဒ္ဓဘာသာကို ထဲထဲ ၀င်ဝင် လေ့လာတဲ့ လူပုဂ္ဂိုလ်တွေကပါ ရဟန်းပျိုတွေ ဒီလိုနိုင်ငံရေးကိစ္စ ၀င်ရှုပ်တာကို လက်မခံပေမဲ့ ဒေါ်စု အပါ အ၀င် နိုင်ငံရေးလောကက သူ့ ကိုထောက်ခံသူအဖွဲ့ အစည်းတွေ၊ နေရာတကာ ကို့ ယို့ ကားရား မဆီမ ဆိုင် ၀င်ဝင်ရှုပ်တတ်တဲ့ ၈၈ တွေ၊ ဗ.က.သ တွေဟာ မှားနေတဲ့ ရဟန်းတွေဘက်က ဆတ်ဆတ်ခါ နာပြပါ တယ်။ ဒီလိုလုပ်ရင် အစိုးရကို လူအကြည်ညိုပျက်မယ်လေ။ သူတို့ ကို ထောက်ခံသူပိုများမယ်။ အာဏာ ရမယ်ပေါ့။
တကယ်တော့ ဘုန်းကြီးတွေ ဒေါင်းအလံကိုင်ပြီး မဆီမဆိုင် ၀င်ရှုပ်အောင်လုပ်ပြီး အစိုးရ အကြပ်ရိုက် အလုပ် လုပ်လို့ မရအောင်ကြံတာပါ။ လူထုအဓိကရုဏ်း ဖြစ်လာတော့မှာ မို့ လို့  အစိုးရ က မဖြစ်မနေ သင့်တော် သလို လုစုခွဲရတော့ ဘုန်းကြီးတွေထိခိုက်ပါတယ် ဆိုပြီး ထမီစွန်တောင်စွဲ သူရဲကောင်း ၀င် လုပ်ပြပါတယ်။ ဘုန်းကြီးတွေတင်မဟုတ် သာသနာကို ကြည်ညိုသူ ပြည်သူ တွေကိုပါ သူ့ အကြိုး အတွက် အသုံး ချဖို့ ကြိုးစားခဲ့တာပါ။ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌတက်လုပ်ပြီး ဓာတုလ က်နက် သုံးမသုံး စုံစမ်း မယ်ဆိုပဲ။ ကျွန်တော် စဉ်းစားပြမယ်။ ဘုန်းကြီးတွေလွန်လာပြီမို့ လို့  အစိုးရဟာ မဖြစ်မနေ အကြမ်း နည်းသုံးရတော့မယ်။ ပွင့်လင်းမြင်သာတဲ့ခေတ်မို့ လို့  အားလုံးကလဲဝေဖန်တာခံရတော့မယ်။ ဒီတော့ ဘာလုပ် မလဲ။ အငြင်သာဆုံးသော အကြမ်းနည်းကိုပဲ သုံးတော့မှာပေါ့။ဘောင်ထဲကပဲ လုပ်တော့မှာပေါ့။
လုပ်လဲ လုပ်ခဲ့တာပဲ။ ဟိုတလောက ဇာဂနာ တိတ်တိတ်လေး ပြောတယ်လေ။ ရေနဲ့ ဖျန်းတော့ ရေဟာ အမှတ် မ ထင်ပဲ စက်ရုံက စွန့် ပစ်တဲ့ chemical တွေ ရောနေခဲ့တယ်။ မီးခိုးဗုံးနဲ့ တွေ့ တော့ မီးထတောက် တယ်။ တစ်ခါ သင်္ကန်းက မီးလောင်တာနဲ့  အသားမှာ သွားကပ်တော့ ပိုအလောင်ခံရတာ။ အစိုးရဟာ ဘောင်ထဲ ကပဲ လုပ်ခဲ့တာပဲ။ ဘာသာရေးနဲ့ ပြောရရင်တော့ ဘုန်းကြီးတွေ သင်္ကန်းဝတ်ပြီး အပြစ်လုပ်လို့  အရှင် လတ်လတ် ငရဲမီးအဟပ်ခံရတာပဲ။ ဘာမဟုတ်တဲ့ လူထုအဓိကရုန်းလေးရှင်းတာမှာ တံခါးဖွင့်ထားလို့ အားလုံးမြင်နေရတဲ့ အချိန်မှာ နိုင်ငံတကာက အပြစ်တင် အရေးယူမဲ့ ဓာတုလက်နက်သုံးမလား။ နိုင်ငံတ ကာ က အပြောအဆိုခံရမဲ့ ဘောင်လွန်တာကို လုပ်မလား။ လူမိုက် တွေမဟုတ်ဘူးလေ။ နိုင်ငံကို အုပ် ချုပ်နေ တာ။ အများကြီးထည့်တွက်တယ်။ ဒါပေမဲ့ ဒေါ်စုက ဒီလိုတွေးတတ်ပုံမရ။ သေချာမတွေးပဲ မှားတဲ့ ဘက်က ၀င်ရပ်တည်ခဲ့တယ်။
ခုတစ်ခါ ကချင်ကိစ္စ ။ ဘယ်သူမှန်လို့ ဘယ်သူမှားလဲ မတွေးတတ်တော့တာလား၊ အဖြေက သူနဲ့  သူ့ ကို နောက် ကနေ အားပေးနေတဲ့ အမေရိကန်အကြိုက် မဟုတ်လို့ လား၊ ဒါမှမဟုတ် တွေးတိုင်း၊ လုပ်တိုင်း လွဲနေ တဲ့ သူ့ အကြောင်းသူ သိသွားလို့ လားမသိ ၀င်မပါတော့ပါ။ ရခိုင်ကိစ္စကို ပစ်ထားပြီး တကူးတက သွားယူ ထားရတဲ့ နိုဘယ်ဆုကြီးမှ အားမနာ ဘာမှ ကိုဝင်မပြောတော့။ ကဲဒီတော့ ၈၈ ကနေစလို့  ခုထိ ဒေါ်စု ဟာ ပြဿနာ တစ်ခုကို ဘယ်သူမှ ထိခိုက်နစ်နာမှုမရှိပဲ ပြေပြေလည်လည် ကိုင်တွယ်ဖြေ ရှင်းနိုင် ခဲ့တာ မရှိသေးပါဘူး။ သမိုင်းအရ သူဝင်လာရင်ပိုဆိုးကုန်ပြီးတော့ အလောင်းတွေ တန်းစီကုန်ပါတယ် လို့ ပဲ သုံးသပ် ရပါမယ်။
၃။ ရုပ်ရည် ....လူတိုင်းဟာ ရုပ်ရှင်မင်းသားမင်းသမီးလိုချောမော လှပနေစရာမလိုပါဘူး။ သို့သော် နိုင်ငံေ ခါင်းဆောင် ဆိုတာ လူဘုံအလယ်မှာ တင့်တယ်ခန့်ငြား ကျက်သရေရှိသော မျက်နှာမြင် ချစ်ခင်လေးစား လော က်သော (ဒီခေါင်းဆောင်ဟာ အတွင်းစိတ်ကောင်းပါ့မလား..ဟု သံသယ လုံးဝမရှိနိုင်လောက်သော) မျက် လုံး နှုတ်ခမ်း နဲ့ မျက်နှာ သွင်ပြင်ရှိရ ပါမယ်။ အ၀တ်အစားအရောင် ဒီဇိုင်း ရွေးချယ်မှု ကိုယ်နေ လှုပ်ရှားဟန် များကလည်း ခန့်ငြားတည်ငြိမ် မဟော့ရမ်း မကလက် ပဲ ဆင့်ရှိအတန်းရှိ နန်းဆန်ရပါမယ်။ ဒီအရည်အချင်းဒေါ်စုမှာ ၁၀၀% ရှိတယ်။ ဒါတောင် အသက်ကြီးသွားလို့။ ခုနေများ ၅၀ကျော်လောက်ဆို ကောင်းေ လစွ။
၃။ ဒါကိုလဲ ပြောရပါမယ်။ ဒါပေမဲ့ အမြင်ချင်းခံစားမှုချင်းတော့ မတူနိုင်ပါ။ ဒေါ်စုရဲ့ ရုပ်ရည်ကို ကျွန်တော် ကတော့ မာန်အလွန်တက်သော ရုပ်၊ ငါနှင့်ငါသာ နှိုင်းစရာမရှိ ငါသာလျင်အတော်ဆုံးလို့  စိတ်ကြီး ၀င်နေ တဲ့ ရုပ်လို့ ပဲ မြင်ပါတယ်။ အိုဘားမားလာတုန်းက အိုဘားမားရယ်၊ ကလင်တန်ရယ် ဒေါ်စုရယ် သုံးယောက် တွဲ ရိုက်တဲ့ပုံ တွေ့ ရပါတယ်။ အိုဘားမားနဲ့  ကလင်တန်ဟာ ပေါ့ပေါ့ပါးပါးနဲ့  အားရပါးရကြီး ပြုံးနေပါတယ်။ သက်တောင့် သက်သာလဲရှိပါတယ်။ ဒေါ်စုကတော့ ခေါင်းကို တစ်ဖက်ကို ခပ်စောင်းစောင်းလေး ထား ကင်မရာ ကိုတည့်တည့်ကြီးစိုက်ကြည့်ပြီး ခပ်ထန်ထန် မထီတရီပြုံးတာတွေ့ ရပါတယ်။
ဒီလို အပြုံးမျိုးကို မာန်တင်းပြီး အင်္ဂလိပ်ကို ပြန်တိုက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းက သုံးခဲ့တာပါ။ သူ့ ခေတ် အရ မျက်နှာချိုသွေးနေလို့ မရတဲ့ အနေအထားမှာ မှန်ကန်သော အသုံးပြုမှုပါ။ ခုခေတ်မှာတော့ ဘယ်နိုင်ငံ ရဲ့ ကျွန် မှ မဟုတ်တော့တဲ့ အတွက် မလိုတော့ပါဘူး။နိုင်ငံရေး ခေါင်းဆောင်တစ်ယောက်ဟာ စိတ်ဓာတ်မာ ဖို့ ပဲ လိုနေပြီး မျက်နှာမာဖို့ မလိုတော့ပါဘူး။ သမ္မတကြီးရဲ့ အေးချမ်းတဲ့ မေတ္တာပြည့်ဝတဲ့ မျက်နှာအမူအရာ နဲ့  အပြုံးကိုပဲ ကြိုက်ပါတယ်။ ဒေါ်စုရဲ့  မာန်မာန အရမ်းလွှမ်းတဲ့ အပြုံးနဲ့ မျက်နှာအမူအရာကို လက်မ ခံနိုင် ပါ။
၎။ ပညာ ......တက္ကသိုလ်ကရတဲ့ဘွဲ့မှ ပညာလို့မပြောနိုင်ပါဘူး။ လူမှာ အတတ်ပညာ အသိပညာ နှစ်မျိုး မျှတစွာ ရောစပ်နေဖို့လိုအပ်တဲ့နေရာမှာ နာမည်ကျော်ကမ္ဘာ့တက္ကသိုလ်ကြီးက နိုင်ငံေ၇း ဆိုင်ရာ ဘာသာ ရပ်မှာ ရခဲ့တဲ့ ဘွဲ့အပြင် နိုင်ငံတကာမှာလုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံများနဲ့ ရေးသားခဲ့တဲ့ စာအုပ်များစွာ၊ ရောက်လေ ရာမှာ လေ့လာဆည်းပူးတတ်တဲ့အကျင့်၊ အိမ်မှာ အကျဉ်းကျနေစဉ်ဖတ်ရှုခဲ့တဲ စာအုပ်များ စွာကြောင့် ဒီအရည်အချင်း လည်းဒေါ်စုမှာ ၁၀၀% ရှိတယ်။
၎။ ပညာဆိုတော့ ပညာနဲ့ ပတ်သတ်လို့ ပြောရတာပေါ့။ လောကမှာ ပညာ ၂ မျိုးရှိပါတယ်။ အတတ် ပညာနဲ အသိ ပညာပါ။ ဘာကြောင့်အဲလို နှစ်မျိုးကွဲလဲ သိပါသလား။ လူဦးဏှောက်ရဲ့  မှတ်သားခြင်း နှင့် စဉ်းစားေ တွးခေါ်ခြင်း ဟူသော အလုပ်လုပ်ပုံနှစ်မျိုးကြောင့်ပါ။ မှတ်သားခြင်းဖြင့် အတတ်ပညာ တတ်ပါ တယ်။ သီအိုရီတွေ မှတ်ထားမယ်။ ဒီလိုဖြစ်ရင် ဒီလိုလုပ်မယ်။ ဒါ အတတ်ပညာပါ။ သူများပညာပါ။ အသိ ပညာ ကျတော့ မှတ်သားထားတဲ့ အကြောင်းအရာတွေ အချက်အလက်တွေ ကို သေချာ စဉ်းစား သုံး သပ်ပြီး ရတဲ့ အသိပါ။ အဲဒီအသိရမှ Applied level လို့ ခေါ်တဲ့ အသုံးချပညာ အဆင့်ထိရောက်ပြီး လုပ်ငန်း မှာ ပိုမိုကျွမ်းကျင်၊ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး ကိုယ်ပိုင် နည်းဟန်တွေ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ထွက်လာတာပါ။ ယနေ့ ခေတ် ဘွဲ့ ရ ပညာမတတ်သုံးစားမရ ဖြစ်နေကျသူတွေဟာ မှတ်သားခြင်းပဲလုပ် အတတ် ပညာတွေပဲ တတ်ပြီး ပြန်လည်စဉ်းစားတွေးတောသုံးသပ်ခြင်းမလုပ်တဲ့ အတွက် အသိပညာ မရရှိကြ၊ အသုံးမချနိုင်ကြ ဖြစ်နေကြတာပါ။
ဒေါ်စုဟာ မြန်မာပြည်မှာရော နိုင်ငံတကာမှာပါ မိန့် ခွန်းတွေပြောရ အင်တာဗျူးတွေဖြေရပါတယ်။ ဆေး ရုံကြီး မှာ ဆရာဝန်လေးတစ်ယောက် မေးတဲ့ မေးခွန်းကို “ပိုက်ဆံလိုချင် ဆရာဝန်မလုပ်နဲ့  စီးပွားရေးပဲ လုပ် စား” လို့ ဖြေထည့်လိုက်လို့  ဝေဖန်ခံရတာ တစ်ခါ၊ နောက်တစ်ခါ ခုကိုရီးယားမိန့် ခွန်းမှာ ခွေးကို ဥပမာပြုလို့  လူတွေကို ခွေးနဲ့ ခိုင်းနှိုင်းခဲ့တာကြောင့်တစ်ခါ၊ ခုတစ်ခါ ဂျပန်အနေနဲ့  မြန်မာပြည်ကို လူသိ ရှင်ကြားပြန်ေ တာင်း ပန်ဖို့  ပြောလိုက်လို့  ဂျပန်လူငယ်တစ်ယောက်က ဒေါသတကြီး You tube မှာ တင်ပြီး ဒေါသတကြီးဝေဖန်ခံရတာတစ်ခါ ဒေါ်စုစကားပြောမတတ်တာနဲ့  ပတ်သတ်ပြီး ဝေဖန်ခံရတာပါ။
စကားပြောမတတ်တာ ပညာနဲလို့ ပါ။ အတတ်ပညာရော၊ အသိပညာပါ ပိုင်နိုင်မှ စကားပြောကောင်းတာပါ။ ဆေးရုံ ကိစ္စမှာ ဆိုရင် ပြန်ဖြေသင့်တာက ဆရာဝန်လေး အနေနဲ့ လစာ ၅၀၀၀၀ နဲ့ မလောက်ငတာ နား လည်ကြောင်း၊ ဒီလိုပဲ ဆေးလဲကု ထိုက်သင့်သလို ဆေးခန်းထိုင် အပိုဝင်ငွေတိုးအောင်စု၊ ပြီးရင် စာမေးပွဲေ တွ အဆင့်ဆင့်ဖြေ၊ အထူးကု သမားတော် အဆင့်ဆင့်သွားရမှာဖြစ်ကြောင်း။ အထူးကုတွေ၊သမားတော် ကြီးဖြစ် လာပြီဆိုရင် ၀င်ငွေလဲ မတရားကိုများလာပြီမို့  လောဘကိုသတ်ပြီး လူနာတွေရဲ့အရေးကို ရှေးရှု ရတော့ မှာဖြစ်ကြောင်း။ ဆရာဝန်ပေါက်စ တစ်နေကုန်ရှာရတဲ့ဝင်ငွေဟာ အဆင့်မြင့် ဆရာဝန်ကြီးဖြစ် လာ ရင်တော့ ခနလေးနဲ့ ရကြောင်း။ ဒါကြောင့် အဲလိုအချိန်ရောက်လာရင် ငွေအတွက် လုပ်လုပ်တဲ့ အချိန်လျော့ ချပြီး လူနာတွေကို စေတနာသက်သက် အခမဲ့ ကုသပေးသင့်ကြောင်း။ ယနေ့ ခေတ်နာ မည်ကြီး ဆရာ ၀န်ကြီးတွေ ဟာ နာမည်ကြီးလေ ငွေပိုတောင်းလေ၊ လောဘတက်လေနဲ့  ပြည်သူတွေမှာ ဆေးစား ရိတ်တော်တော်ကုန်ရကြောင်း။ အဲ့လို လုပ်နေခြင်းဟာ ဘယ်လိုမှ မသင့်တော်ပါကြောင်း စသဖြင့် တကယ်ဖြစ် ပျက်နေတဲ့ အနေအထားကို သုံးသပ်ပြီး တကယ်ရှုံ့ ချသင့်တဲ့ နာမည်ကြီး အဿပြာ ဆရာ ၀န်ကြီးေ တွကို ရှုံချပြောဆိုရမှာပါ။ အဲလိုပြောရကောင်းမှန်းမသိတာလား။ ဒါမှမဟုတ်သိပေမယ့် အဲလိုပြော လိုက်ရင် သူ့ ကို အဲဒီဆရာဝန်ကြီးတွေရော နီးစပ်ရာ ချမ်းသာသူအသိုင်းအ၀ိုင်းကပါ ထောက်ခံမှုလျော့ကျ အလှူငွေ လျော့ကျမှာ စိုးလို့ လားမသိ မဖြေသင့်တဲ့ အဖြေကို ကမှူးရှူးထိုးနဲ့ ဖြေချလိုက်ပါတယ်။
တစ်ခါ ခွေးနဲ့ နှိုင်းတဲ့ ကိစ္စ။ ကျွန်တော်ထင်တာကတော့ သူဖတ်ဘူးထားတဲ့ စာအုပ်တစ်ခုခုက ဥပမာ တစ်ခု ခု ကို ကောက်သုံးလိုက်တာနဲ့ တူပါရဲ့ ။ ဘယ်လိုမှ မသင့်တော်ပါ။ စကားထဲထည့်ပြောစရာ ဥပမာ တွေ ပေး တတ် ရင် အများကြီးပါ။ ဥပမာ ကလေးငယ်တွေ။ ကလေးငယ်တွေဟာ ဖြူစင်ကြောင်း၊ ဟန်ဆောင်မှု၊ မာ ယာတွေ ကင်းစင်ကြောင်း။ လိုချင်တာကို ဒဲ့ပြောဒဲ့လုပ်ကြောင်း။ ကောက်ကျစ်မှုမရှိကြောင်း။ လူတွေက အသက် ပိုကြီးလာလေ အဲဒါတွေပျောက်ပြီး မရိုးသားလေဖြစ်ကြောင်း။ ဒါကြောင့်လူကြီးတွေသာ ကလေး ငယ်တွေလို ဟန်ဆောင်မှုကင်းစင်ပြီးရိုးသားဖြောင့်မတ်ကြရင် ငြိမ်းချမ်းရေး မဝေးတော့ကြောင်း ပြောလို့ မရဘူး လားဗျာ။ ဒီလို ပြောရကောင်းမှန်း မသိပြန်တာ၊ မပြောတတ်တာလား။
၅။ သီလ သမာဓိ......နိုင့်ငံခေါင်းဆောင် ဆိုတာ သာမန်ပြည်သူလို သီလမလုံ တရားမရှိ နေချင်သလို နေမ ရပါ။ ကြံဖန်ပြောရရင် ဒေါ်စုဟာ လူမျိုးခြားကိုလက်ထပ်ခဲ့ခြင်းကလွဲလို့ ဘာမှ အပြစ်ပြောစရာ မရှိအောင် ဘ၀ တလျှောက်လုံးနေထိုင်ခဲ့သူဖြစ်ခြင်း၊ (လူမျိုးခြားဆိုပေမဲ့ ဒေါ်စုအား ချစ်ခင်လေးစား တန်ဘိုး ထားနား လည်ပေးတတ်တဲ့ ပညာရှိတဲ့ မိမိနှင့် သားများ ကိုပါ ဗုဒဘာသာသို့ပြောင်းလဲခဲ့နိုင်တဲ့ ခင်ပွန်းကောင်းဖြစ် ပါတယ်။)၊ အိမ်တွင်းအကျဉ်းကျစဉ် ၀ိပသနာတရားအားထုတ်မှုကို မပြတ်လေ့ကျင့် ပွားများခဲ့ခြင်း ဆရာေ တ်ာကြီးများရဲ့ ဆုံးအမကို မပြတ်ခံယူခြင်း တို့ကြောင့် ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။
၅။ ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။ ဒေါ်စု ဘာသာရေး တက်တက်ကြွကြွလုပ်တာ မမြင်ဖူးသေးပါဘူး။ သင်္ကန်း ကို သူ့ ကိုယ်ကျိုး အာဏာအတွက် အသုံးချတာတော့ တွေ့ ရပါတယ်။ နောက်တစ်ချက်က ဘာ သာရေး လိုက်စားရင် ၀ိပဿနာကို မှန်မှန်လေးအားထုတ်ရင် မာန်လဲမတက်သလို အပေါ်ကပြောခဲ့သလို အသိပ ညာနည်းပါးမှု မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒေါ်စု ဘာသာရေးမှာ အားနည်းပါတယ်။
၆။ သတိ...သာမန်လူတိုင်းဟာ မနော ၀စီ ကာယကံများကို အချိန်နဲ့အမျှပြုနေကြရာမှာ အမှတ်တမဲ့ သတိ ကင်းမဲ့ လျက်နဲ့ အမှားများစွာ ပြုပြောတွေးနေမိတတ်ပါတယ်။ ဒေါ်စုရဲ့ အမူအရာ စကားလုံး ကိုယ်နေ ဟန် ပန် တို့ကိုကြည့်ပါ။ ထိုင်နေလျှင် ခါးစန့် ခါးမတ်၊ ဦးခေါင်းကိုမတ်၊ ပျင်းပျင်းရိရိကြောကို မမှီ၊ ဒူးကို ဘယ်ေ တာ့မှ မချိတ်၊ မိန့်ခွန်းများပြောရာမှာ မည်သည့်ဘာသာစကားကိုပြော ပြော လေသံအတက်အကျက မမြင့် လွန်း မနိမ့် လွန်း မနှေးလွန်း မမြန်လွန်း၊ ပျာယာမခတ်။ ရှူးရှူးရှဲရှဲမရှိ။ မှားလို့ပြန်ပြောရသည်ဆိုသည် မရှိ သလောက်ရှား။ ဒါကသတိကပ်နေခြင်းရဲ့ သက်သေ။ အသံကလည်း ပီသ၊ မျက်နှာအမူအရာက တည် သင့်လျှ င်တည် ရီသင့်လျှင်ရီ ပြုံးတန်ပြုး ထုံပေပေ ပေါတောတော စပ်ဖြဲဖြဲ ဘယ်ခါမှမရှိ၊ ။ သည်လောက်မ အားသည့်ကြားက အ၀တ်အစား ဘိုသီဘတ်သီ မရှိ။ ဒါကြောင့် သတိ ဟူသော...ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။
၆။ ဒါကိုလက်ခံပါတယ်။ မာန်မာနအရမ်းကြီးတဲ့သူတွေဟာ အဲ့လို ဖျတ်ဖျတ် လတ်လတ် ရှိတတ်ပါတယ်။ ဒေါ်စု က မှတ်သားခြင်းဆိုတဲ့ အတတ်ပညာမှာ အားသာပုံရပါတယ်။ မှတ်သားနိုင်တာဟာ သတိနဲ့ ဆိုင်ပါ တယ်။ ဒါကြောင့် သတိကောင်းသူတစ်ယောက်လဲ ဖြစ်နိုင်ပါတယ်။
၇။ အသံ..... အဆိုတော်များ တမျိုးစီ အသံကောင်းကြပါတယ်။ သီချင်း မဆိုလည်း အသံကောင်းသူ များစွာ ရှိပါ တယ်။ ဒါပေမဲ့ လူတိုင်းရဲ့အသံများမှာ အရောင်လေးတွေပါကြပါတယ်။ အားငယ်သံ မောက်မာသံ အထက် စီးသံ မာနသံ ကြွားဝါသံ ပညာရှိသံ ပညာမဲ့သံ ရိုးသားသံ မြို့ပြသံ ကျေးလက်သံ ဟန်ဆောင်သံ တရား သံ ဆရာကြီးသံ...ပွဲစားသံ ..ထုံထိုင်းသံ..ပျင်းရိသံ...စသဖြင့်။ နိုင်ငံခေါင်းဆောင်၏အသံကတော့ ပညာ ရှိသံ ပြတ်သားတိကျသံ ရိုးသားဖြူစင်သံနဲ့ တိုင်းသားပြည်သူများအပေါ် မေတ္တာစေတနာငွေ့ လွှမ်းခြုံနေ တဲ့ အသံဖြစ်ရပါမယ်။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။
၇။ ဒါနဲ့ ပတ်သတ်လို့ လဲ သိပ်မပြောချင်ပါဘူး။ ရုပ်ရည်ချောမောမှုတို့ ၊ အသံကောင်းမှုတို့ ကို ကျွန်တော်က ကလေး ကစားစရာလောက်ပဲ ထင်လို့ ပါ။ ဒါပေမဲ့ အမျိုးသားခေါင်းဆောင်ကြီးဆိုတော့လဲ ဝေဖန်ရမှာပေါ့။ စာရေး သူက ဒေါ်စုရဲ့ အသံကို မေတ္တာသံလို့ ဆိုလိုချင်ပုံပါပဲ။ သိပ်တော့ လက်မခံလို။ ဒေါ်စုဟာ မာန်ကြီးသူ တစ်ယောက် ပါ။ မာန်ကြီးသူ စိတ်ဓာတ်မာသူမို့ လို့ ပဲ ဒီနေ့ ဒီအချိန်အထိ စင်ပေါ်မှာရပ်နေနိုင်တာပါ။ ဒါကြောင့် သူ့ အသံဟာ မာန်ကြီးသူတစ်ယောက်ရဲ့  အသံပါ။ အေးချမ်းတဲ့ မေတ္တာရှင်တစ်ယောက်ရဲ့ တိုး သက် ညင်သာတဲ့အသံ မဟုတ်ပါဘူး။ စာရေးသူအနေနဲ့  ဒေါ်စုကို စေတနာလွန်၊ အကြည်ညိုလွန်ပြီး သေချာ မလေ့လာ မစဉ်းစားလိုက် မိပဲ ရေးလိုက်တယ်ထင်ပါရဲ့ ။
၈။ မျိုးရိုး....ဘယ်လောကမှာမဆိုအောင်မြင်လာမဲ့သူဟာ ရှေ့ကမျိုးရိုးရှိချင် မှရှိမှာပါ။ မျိုးရိုးရှိတိုင်းလည်း ဆက်ခံ တဲ့ သားသမီးမြေးမြစ်က အဖြစ်ရှိ ချင်မှရှိမှာပါ။ ဗိုလ်မင်းရောင် ဗိုလ်ချုပ်အောင်ဆန်းစတဲ့ သတ္တိပြောင်တဲ့ မျိုးရိုးကို ထိန်းသိမ်းနိုင်တဲ့သွေးနဲ့ မျိုးရိုးအရည်အချင်းမျိုး အကိုမှာတောင် မရှိဘဲ ဒေါ်စုမှာ သာလျှင် ၁၀၀% ရှိပြန်ပါတယ်။ အင်မတန် မြန်မာဆန်ပြီး အနေအထိုင် လိမ်မာ ကျစ်လျစ်တဲ့မိခင် ဒေါ်ခင်ကြည့်ရဲ့  သွန်သင်ဆုံးမမှု ဟာလည်း မြန်မာဆန်တဲ့ သတ္တိရှိရဲရင့်တဲ့ သမီးကောင်းလေးကို ပေါ်ထွန်းေ စ ခဲ့တာဟာ ငြင်းမရပါဘူး။
၈။ ဟုတ်ပါတယ်။ ဒေါ်စုဟာ မျိုးရိုးကောင်းပါတယ်။ ဗိုလ်မင်းရောင်တို့  ဗိုလ်ချုပ်အောင်ဆန်းတို့ လို တိုက်ပွဲ ၀င် သူရဲကောင်းမျိုးရိုးကမို့ လို့  တိုက်ပွဲဝင်စိတ်အပြည့်ရှိပါတယ်။ ခေတ်ကလေးပဲ မှားသွားလို့  လွဲချော် မှုတွေ ရှိ နေတာပါ။ ဗိုလ်ချုပ်တို့ ခေတ်က တိုင်းပြည်ကို ကျွန်ပြုနေသူ နိုင်ငံခြားသားတွေကို အတင်းပြန် တိုက် ထုတ် ရတဲ့ ခေတ်မို့ လို့  တိုက်ပွဲဝင်စိတ်ဟာ တကယ်အကျိုးရှိခဲ့ပါတယ်။ ခုခေတ်ကတော့ နိုင်ငံခြား သားတွေ ပေါ်တင်မပါဝင်တော့တဲ့ မြန်မာလူမျိုးအခြင်းခြင်းပဲ နိုင်ငံရေးကစားရတဲ့ ခေတ်ပါ။ လက်တွေ့ တစ်နိုင် ငံလုံးအတိုင်းအတာနဲ့  တိုက်ခိုက်ရတာ မရှိတော့သလို နိုင်ငံရေးကစားပွဲမှာလဲ တိုက်ခိုက်တာထက် ဆွေးနွေးပြီး လက်တွဲဆောင်ရွက်တာကို အဓိကထားရမဲ့ခေတ်ပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေကလဲ ဘာသာ တရား ကိုင်းရှိုင်းပြီး အေးချမ်းသူမျိုးမို့ လို့  တိုက်ခိုက်ရေးလဲ သိပ်စိတ်မပါတတ်ကြပါဘူး။ ခေတ် အရလဲ တိုက်ခိုက်နေစရာမလိုတော့တဲ့ခေတ်ပါ။ ဒေါ်စုကတော့ တိုက်ခိုက်ရေးဗီဇပါလာသူမို့ လို့  မဲမဲမြင်ရာ ဆော်နေပါတယ်။ သူ့ လိုပဲ လူတိုင်းကို ထချကြဖို့  အမြဲ လှုံ့ ဆော်နေပါတယ်။ အဲလို အလုပ်ကောင်းလို့ လဲ ၈၈ မှာ ကျောင်းသားတွေ သေကုန်တာ ဘ၀ပျက်တာ မနဲပါဘူး။ ကြက်ဥကလေးတွေ ကျောက်ဆောင်ကို ပြေးဆောင့်ခဲ့ကြတာ ဒေါ်စုမြှောက်ပေးခဲ့လို့ ပါ။
ဥပမာ ပြောရရင် အိမ်တစ်အိမ်မှာ အဖေနဲ့ သား စကားထများတယ်ပေါ့။ အဖေလုပ်သူက စကားနဲ့ ဆုံး မပြော ဆိုလို့ မရရင် တုတ်ဆွဲပြီး ဆော်တော့မှာပေါ့။ အဲဒီအချိန်မှာ အမေလုပ်သူက “ကဲကဲ အဖေကြီးလဲ ဒေါသ ကိုလျော့၊ သားနင်လဲတော်တော့ ဖအေကို ဒီလိုမလေးမစားပြန်ပြောရလား၊ တော်တော့စမ်း” လို့ ထိန်း လိုက်ပြီး အဖေရဲ့ အခက်အခဲတွေကို သားနားလည်အောင်ပြောပြ၊ တခါ သားဖြစ်သူရဲ့  လိုအပ်ချက်ေ လးတွေ၊လူငယ်ဘ၀ မာန်တတ်တတ်တာကို ဖအေက ခွင့်လွှတ်ပေးဖို့  ရှင်းပြပြီး ၀င်ထိန်းနားချရင် ပြဿနာ အေးအေး ချမ်းချမ်းနဲ့  မပြေလည်နိုင်ဘူးလား။ အဲ့လိုမှ မဟုတ်ပဲ “ သားမင်းမှန်တယ် ချသာချ ဆော် သာဆော် ဖအေတွေဘာတွေတွေးမနေနဲ့  ပြန်သာထိုးပစ်” လို့ မြှောက်ပေးရင် မသင့်တော်တာတွေ ဖြစ်မ သွားနိုင်ဘူးလား။ ၈၈ ဖြစ်သွားတာ အဲ့လိုပါ။ ဒေါ်စုက မတွေးတတ်သေးတဲ့ နုနုနယ်နယ် လူငယ်တွေကို မြှောက်ေ ပးလိုက်တာ အလောင်းတွေကို တန်းစီလို့  သွေးချောင်းတွေ စီးကုန်တော့တာပဲ။ ရလဒ်ကလဲ ပြန် မတွေးချင်စ ရာကောင်းလောက်အောင်ကို ဆိုးရွားခဲ့ပါတယ်။ အဲဒီတော့ ဒီခေတ်အခြေအနေနဲ့ မသင့်ေ တာ်ေ တာ့တဲ့ မျိုးရိုးဗီဇအရ ပါလာသော တိုက်ခိုက်ရေး စိတ်ဓာတ်ကို ဒေါ်စုတစ်ယောက်ပြင်သင့်ပါပြီလို့ ပြောချင် ပါတယ်။
၉။ စွန့်လွှတ်အနစ်နာခံသောစိတ်..... နေက္ခမ္မပါရမီလို့ပြောရင် လွန်မလား မသိ။ တိုင်းပြည်ကို ခေါင်းဆော င်မဲ့ သူဟာ ပုဂိုလ်ရေးရာ family / personal ခံစားချက်တွေကို အတတ်နိုင်ဆုံး လျစ်လှူရှုနိုင်ရပါမယ်။ မိမိ ဘ၀နဲ့ အချိန်တွေ စိတ်အာရုံတွေကို နိုင်ငံနဲ့ပြည်သူအတွက် ပေးဆပ်နိုင်ရပါမယ်။ ထိုအရည်အချင်း ဒေါ်စု မှာ ၁၀၀% ရှိကြောင်းကတော့ မိန်းမတသန်းမှာ တယောက်တွေ့ရနိုင်ခဲ့တဲ့ ခင်ပွန်းနဲ့ သားတွေရဲ့ ဘ၀ အဆင်ပြေမှုတွေကို လုံးလုံးလျားလျား လျစ်လျူရှုခဲ့တဲ့ ဒေါ်စုရဲ့စိတ်ထားမျိုးကတော့ အထူးပြော စရာမလိုတော့ပါဘူး။
၉။ စာရေးသူလွဲပြန်ပြီ။ ဘုရားအလောင်းတို့ ဖြည့်ရတဲ့ ပါရမီတွေကို ယောင်္ကျားဘ၀ရောက်မှသာ ဖြည့်ရတာ ပါ။ ဘုရားအလောင်းဟာ မိန်းမ ဘ၀ကနေ ယောင်္ကျား ဘ၀အထိရောက်အောင် ဘ၀ပေါင်းများစွာ
ဖြတ်သန်း ခဲ့ရပါတယ်။ အဲ့ဒီဘ၀တွေမှာ ပါရမီ မဖြည့်ခဲ့ပဲ ပါရမီ ဖြည့်သူကို ကူညီရတဲ့ ပါရမီဖြည့်ဖက် မိန်းမ သဘာဝ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တာပါ။ ပါရမီရှင်နဲ့  ပါရမီဖြည့်ဖက်ကို စာရေးသူ သေချာ နားလည် ပုံ မရပါဘူး။ ဘုရားအလောင်းတွေရဲ့ ဘ၀တွေကို သေချာလေ့လာကြည့်ပါ။ ဟုတ်ပြီ ဘုရား အလောင်းတစ်ယောက်ဟာ နိက္ခမ ပါရမီဖြစ်တဲ့ သားမယားကို စွန့် ပါပြီ။ ဒါဆို ကျန်ခဲ့တဲ့ သား၊သမီးတွေကို စောင့်ရှောက် ကျန်ခဲ့ရမှာ မိခင်ဖြစ်သူ ပါရမီဖြည့်ဖက်ရဲ့ တာဝန်ပါ။ စားစရာမရှိရင်တောင် ဈေးတောင်းေ ခါင်းရွက်ပြီး ကျွေးမွေးပြုစုရမှာပါ။ လင်ယောင်္ကျားက လှည့်မှ မကြည့်တော့တာကိုး။ ငါတောထွက်မယ် ယောင်္ကျားကသားသမီးတွေနဲ့ နေခဲ့လို့  လုပ်လို့ မရပါဘူး။ အဲ့ဒါ သဘာဝတာဝန်ပါ။ အဲ့လို မနေခဲ့ချင်ယင် ယောင်္ကျားဖြစ်အောင် အရင် ဖြည့်ကျင့်။ လွယ်ပါတယ်။ မိန်းမဘ၀အနေနဲ့ လုပ်ရမဲ့ တာဝန်တွေ ကျေပွန်ပြီး ရှိသင့်ရှိထိုက်တဲ့ ကုသိုလ်တွေ ပြည့်ရင် ယောင်္ကျားဖြစ်ပါတယ်။ ၀ဋ်ကြွေးကို အကုန်ဆပ်ရတဲ့ သဘောပါ။ သိဒတ္တ မင်းသားဟာ ဂေါတမဗုဒ္ဓအဖြစ် ပြန်လာတော့ ယသော်ဓရာ ဒေ၀ီဟာ စိတ်ကောက်ပြီး ထွက်မတွေ့ ပါဘူး။ ဘုရားရှင်ဟာ ဘ၀ပေါင်းများစွာ ပေးဆပ်ဖြည့်ဆည်းလာခဲ့ရတဲ့ ပါရမီဖြည့်ဖက်ရဲ့ ကျေးဇူးကို သိတာရော သာမာန်လူတွေကိုပါ အလေးထားစေချင်တာကြောင့် ယသော်ဓရာရဲ့ နန်းဆာင်ထဲအထိ ကြွပေးပါတယ်။ ယသော်ဓရာဟာ ဘုရားရှင် ညောင်စောင်းမှာ ထိုင်လိုက်တော့ ခြေတော်အစုံကို ဖက်ပြီး ရှိုက်ကြီး တငင် ငိုကြွေးပါတယ်။ ငယ်ငယ်ရွယ်ရွယ် အပြစ်လဲ တစ်စက်မှ မရှိပါပဲနဲ့  သားတစ်ယောက်နဲ့  လင်ပစ်မအဖြစ် ကျန်ခဲ့ရတာကိုး။ စိတ်ဒုက္ခကြီးပေမပေါ့။ ရှက်ရှာမှာပေါ့။ ဘာမှန်းညာမှန်းမသိတဲ့ ပတ်ဝန်းကျင်ကသူတွေ ၆ နှစ်လုံးလုံး ဘယ်လောက်တောင် မျက်စောင်းထိုး အတင်းတုတ်လိုက်မလဲ စဉ်းစားသာ ကြည့်ကြပေတော့။ မြင့်မြတ်သူ ပါရမီ ဖြည့်ဖက်မိန်းမတွေရဲ့ ဘ၀ဟာ တကယ်ကို သနားစရာကောင်းပါတယ်။ ဘ၀ပေါင်းများစွာ ဒီဒုက္ခတွေကို ၀ဋ်ကြွေးသဖွယ် ခံခဲ့ရတာပါ။
ဒါဆို ဒေါ်စုကို ပြန်ကြည့်ပါ။ အိမ်ထောင်ရှင် မိန်းမတစ်ယောက် အနေနဲ့  မိန်းမတာဝန်ကို မကျေပွန်ခဲ့ပါဘူး။ ဘာ သာရေးအမြင်နဲ့ ကြည့်ရင် မြင့်မြတ်သူ တော်ဝင်မိန်းမထဲမှာ မပါပါဘူး။ သူဟာ လင်၊သား မရှိသူ အပျိုဆိုရင်တော့ လုပ်ချင်ရာလုပ်လို့ ရပါတယ်။ အိမ်ထောင်ရှင် မိန်းမတစ်ယောက်အနေနဲ့  တော့ ဘာ သာရေးအရ အိမ့်ထောင့်တာဝန် အမေတာဝန် မကြေခဲ့ပါဘူး။ ဒါကို ငါတို့ နိုင်ငံကို ကောင်းစေချင်လို့  ဒီလို မဆီ မဆိုင် လုပ်တာလို့ ဖင်ပိတ်ငြင်းတယ်ဆိုလဲ သဘောပေါ့။ တာဝန်မကြေတာနဲ့ ပတ်သတ်လို့ တော့ ပြောချင် ပါတယ်။ လောကမှာ လူတိုင်းက သူ့ တာဝန်သူကြေမှ တိုးတက်တာပါ။
အလုပ်သမားတစ်ယောက်ဟာ သူ့ တာဝန်သူ ကျေပွန်တဲ့ အလုပ်သမားကောင်းတစ်ယောက်ဖြစ်ဘူးမှ ခေါင်းဆောင်ဖြစ်တော့လဲ ခေါင်းဆောင်ကောင်း ဖြစ်နိုင်တာပါ။ လူတစ်ယောက်ဟာ အလုပ်သမားဘ၀ကို ဖြတ် သန်းလို့ အရာရှိဖြစ်လာတော့ အလုပ်သမားတွေကို “ ဟေ့ကောင် တံမြက်စည်းဆိုတာ ဒီလို လှည်း ရတယ်ကွ၊ mop တိုက်တယ်ဆိုတာ ဒီလိုတိုက်ရတယ်ကွ၊ ဒီပစ္စည်းကို ဒီလိုဖြုတ်ရတယ်ကွ၊ ဒီလို တပ်ရ တယ်ကွနဲ့ ” တိတိကျကျ ခိုင်းတတ်တာက သူအခိုင်းခံရတုန်းကလဲ တိတိကျကျ ခိုင်းတဲ့ အတိုင်းလုပ်ခဲ့လို့ ပါ။ တစ်ခါ အခြားအရာရှိတွေရဲ့ ခိုင်းတာကို မကျေနပ်လို့  သူ့ ကို အလုပ်သမားကကွယ်ရာမှာ ရင်ဖွင့် အတင်း တုတ်ရင်လဲ “ ဟေ့ကောင်၊ အမိန့် ပေးဖို့ က သူ့ တာဝန်၊ ပေးတဲ့ အမိန့် အတိုင်း တသဝေမတိမ်း လိုက် လုပ်ရမှာက မင်းတာဝန်။ အမိန့် ကို နားမရှင်းရင် မင်းပြန်မေးခွင့်ရှိတယ်။ မဝေဖန်နဲ့ ။
အမိန့် ကို ကမှားနေခဲ့ရင် အကျိုးဆက်ကို သူတာဝန်ယူရမယ်။ အမိန့် က မှန်နေပေမယ့် မင်းက လုပ်ပုံ မှားခဲ့ ရင်၊ တိတိကျကျ မလိုက်နာခဲ့ရင် အကျိုးဆက်ကို မင်းတာဝန်ယူရမယ်။ မင်းအပြစ်” စသဖြင့် ထိန်း သိမ်း ဆုံးမရပါတယ်။ဒါဟာ ဘာကိုပြလဲ ဆိုရင် အလုပ်သမားဘ၀မှာ တာဝန် တွေကို တန်ဖိုးထားပြီး ကျေ ပွန် စွာ ထမ်းဆောင်ခဲ့မှ တဆင့်မြင့် အရာရှိဘ၀မှာလဲ အကောင်းဆုံး လုပ်ဆောင်နိုင်မှာကို ပြနေပါ တယ်။ အခြား အနယ်နယ် အရပ်ရပ်မှာ လဲ ဒီသဘောအတိုင်း ရှိပါတယ်။သီအိုရီ ထုတ်ရရင်တော့ တစ်နေရာမှာ ကျရာ တာဝန်ကို မညည်းမညူ ကျေပွန်စွာ ထမ်းဆောင်မှ နောက်တစ်နေရာမှာ အကောင်းဆုံး လုပ်ဆောင်နိုင် မယ်လို့  သီအိုရီရပါတယ်။ ဒါကြောင့် အိမ်ထောင်ထိန်းသိမ်း မှုတာဝန်ကိုတောင်မှ ရှောင် ဖယ်ခဲ့ မထမ်းဆောင်ခဲ့တဲ့ ဒေါ်စုဟာ အိမ်ထောင်တစ်ခုထက် အဆမတန်များတဲ့ နိုင်ငံ ထိန်းသိမ်းမှုကိုလဲ တာဝန် မယူနိုင်ဘူး၊ အကောင်းဆုံး မထမ်းဆောင်နိုင်ဘူးဆိုတာ သီအိုရီအရရော လက်တွေ့ ပြဿနာ တွေမှာ မပြောမှား အပြုအမူမှားနေတာတွေက သက်သေပြနေပါတယ်။
၁၀။ မေတ္တာ..... သတ္တလောကကြီးကို ထိန်းချုပ်ပြောင်းလဲနိုင်စွမ်းရှိသော အရာဟာ စစ်မှန်တဲ့မေတ္တာပါပဲ။ မိမိ မိသား စုဝင် သုံးယောက်က် သန်းပေါင်း ၆၀သော လူသားတွေအတွက် မေတ္တာကြီးစွာထားခဲ့သူပါ။ မေတ္တာ တရားနဲ့ပြည့်ဝလွှမ်းခြုံနေတဲ့မျက်ျနှာ မျိုး လူတိုင်းမှာ မတွေ့နိုင်ပါဘူး။ ထိုအရည် အချင်း မေတ္တာ ဓါတ်မျိုး ဒေါ်စုမှာသာ ၁၀၀% ရှိကြောင်း ဦးနှောက်မှန်တဲ့ လူတိုင်းရဲ့နှလုံးသားက ခံစားလို့ရပါတယ်။
၁၀။ ကျွန်တော်အထက်က ပြောခဲ့သလို မျက်နှာ ရုပ်ရည် အသွင်အပြင်၊ အသံ စတာတွေကို ခေါင်းထဲ သိပ်မ ထည့် ပါဘူး။ နောက်ကွယ်က သဘောတရားကိုပဲ မြင်အောင် ကြည့်တတ်တာပါ။ ဒါတွေက ကြည့်ရှု သူရဲ့  ဥာဏ်ပညာအပေါ် မူတည်ပြီး အမြင်ကွဲနိုင်ပါတယ်။ သန်း ၆၀ သောပြည်သူကို မေတ္တာထားတာလား။ ဒါ ကိုတော့ ပြီးခဲ့တဲ့ တလောက “ကျွန်မ အာဏာလိုချင်ပါတယ်။ တိုင်းပြည်အတွက် ကျွန်မ လုပ်ပေးချင် တာေ တွ လုပ်ပေးနိုင်ဖို့  အာဏာလိုပါတယ်” လို့  နိုင်ငံ့ခေါင်းဆောင်နေရာကို ပြောင်ပြောင်တင်းတင်း တောင်း ဆိုတာကို ကြည့်ပြီးသုံးသပ်ရမှာပါ။ အခုဒေါ်စုဟာ လွှတ်တော် အမတ်ပါ။ လွှတ်တော်အမတ် တစ်ေ ယာက် ဟာ တိုင်းပြည်အတွက် အများကြီး လုပ်လို့ ရပါတယ်။ ပြည်သူ့ အတွက်၊ တိုင်းပြည်အတွက် အကျိုး ရှိမဲ့ ဥပဒေတွေ ထပ်မံပြဋ္ဌာန်းနိုင်ပါတယ်။
Heinsoe Aung
Facebook မှာ အဆိုပါ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ရင်တော့ ဒီမှာ နှိပ်ပြီး သွားပါ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.
ဆက်သွားချင်သေးတယ် ဆိုရင်