Pages

Wednesday, January 23, 2013

တပ်မတော် အနေဖြင့် အိန္ဒိယ မြန်မာ နှစ်နိုင်ငံ နယ်စပ် ဒေသအား ထာဝရ ငြိမ်းချမ်းသည့် နယ်စပ် ဒေသ ဖြစ်ရ မည်ဟု ယုံကြည်ချက် ချမှတ်ထား


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယ သမ္မတ နိုင်ငံ ကာကွယ်ရေး ဝန်ကြီး H.E. Mr.AK Antony အား  လက်ခံ တွေ့ဆုံစဉ်။  
 
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယ သမ္မတ နိုင်ငံ ကာကွယ်ရေး ဝန်ကြီး H.E. Mr.AK Antony အား လက်ခံ တွေ့ဆုံစဉ်။
 
နေပြည်တော် ဇန်နဝါရီ ၂၂
 
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အိန္ဒိယ သမ္မတ နိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး H.E. Mr.AK Antony မှ ဇန်နဝါရီ ၂၂ ရက် နံနက် ၁၁ နာရီတွင် နေပြည် တော်ရှိ ဇေယျာသီရိ ဗိမာန်၌ လာရောက် တွေ့ဆုံသည်။
 
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ် သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိ ကြီးများနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြပြီး အိန္ဒိယ သမ္မတ နိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး  H.E. Mr. AK Antony နှင့်အတူ ကာကွယ်ရေး အတွင်းဝန် H.E. Mr. Shashi Kant Sharma ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Dr. Villur Sundararajan Seshadri နှင့် တာဝန် ရှိသူများ   တက်ရောက် ကြသည်။
 
တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  အဆွေတော်အား မြန်မာ့ တပ်မတော်မှ လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ အဆွေတော် လာရောက်သည့် ခရီးစဉ်တွင် ကာကွယ်ရေး ဝန်ကြီး နှင့်တွေ့ဆုံစဉ် မြန်မာ့ တပ်မတော် အတွက် အကျိုးရှိသော ရလဒ်ကောင်းများ ရရှိသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း၊ နောင်တွင်လည်း ပိုမိုတိုးတက် ကောင်းမွန်သော ရလဒ်ကောင်း များ ဆောင် ရွက် နိုင်မည် ဟု  မျှော်လင့် ပါကြောင်းဖြင့် ပဏာမ ဆွေးနွေး ပြောကြားသည်။
 
အိန္ဒိယ သမ္မတနိုင်ငံ ကာကွယ်ရေး ဝန်ကြီးမှ ပြောကြားရာတွင် မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံ ရေးသည် အလွန် နီးကပ်သော မိတ်ဆွေ အိမ်နီးချင်း နိုင်ငံများ ဖြစ်သလိုရှည်လျား သော သမိုင်းကြောင်း ရှိသော နိုင်ငံများ ဖြစ်ပါကြောင်း၊ ရှည်လျားသော သမိုင်းကြောင်းနှင့် တူညီသော ယဉ်ကျေးမှု၊ ဆက်ဆံမှုများ ရှိခဲ့ပါကြောင်း၊ အထူးသဖြင့် ပြည်သူ လူထုချင်း  ကူးလူး ဆက်ဆံမှု သမိုင်းကြောင်းသည် ပိုမို ရှည်လျားစွာ ရှိခဲ့ပါကြောင်း၊ ထိုသို့ ပြည်သူ လူထု ချင်း ချစ်ကြည် ရင်းနှီးမှုသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် တွန်းအား တစ်ရပ် ဖြစ်ခဲ့ပါကြောင်း၊ အိန္ဒိယ နိုင်ငံ အနေဖြင့် အာဆီယံ နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရန် ဆုံးဖြတ် ထားပါကြောင်း၊ မြန်မာ နိုင်ငံသည် အိန္ဒိယ နိုင်ငံနှင့် အာဆီယံ နိုင်ငံများကြား ပေါင်းကူး တံတား သဖွယ် ဖြစ်နေသည်ကို ကောင်းစွာ နားလည်ပါကြောင်း၊ အာဆီယံနှင့် အပေါင်းအပါ နိုင်ငံများ အကြား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်နိုင်ရန် အတွက် မြန်မာ နိုင်ငံသည် အထူး သတ်မှတ်ထားသော ဒေသတစ်ခု ဖြစ်ပါကြောင်း၊ ယမန်နှစ်များ အတွင်း နှစ်နိုင်ငံ ခေါင်းဆောင် များ အပြန်အလှန် လည်ပတ်ခြင်းဖြင့် မြန်မာ- အိန္ဒိယ ဆက်ဆံရေးသည် အမြင့်ဆုံး အခြေ အနေသို့ ရောက်ရှိ ခဲ့ပါကြောင်း၊ ယမန်နှစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အိန္ဒိယ နိုင်ငံ ခရီးစဉ် သည်လည်း နှစ်နိုင်ငံ တပ်မတော်ချင်း ဆက်ဆံရေး ပိုမို ကောင်းမွန်အောင် ဆောင် ရွက်နိုင် ခဲ့သဖြင့် သမိုင်းတွင် မှတ်တိုင် တစ်ခုအဖြစ် ကျန်ရှိ ခဲ့ပါကြောင်း၊ တိုတောင်းသည့် ၁၈လတာ ကာလအတွင်း အိန္ဒိယ နိုင်ငံမှ ကြည်း၊ ရေ၊ လေ အဆင့်မြင့် အရာရှိကြီးများ အားလုံး မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်ခဲ့ကြ ပါကြောင်း၊ ယခုကဲ့သို့ အဆင့်မြင့် အရာရှိ ကြီးများ အပြန်အလှန် လည်ပတ်ခြင်းဖြင့် ကောင်းမွန်သော အမြင်များ ဖလှယ် နိုင်သ လို ပြဿနာ များကိုလည်း အတူတကွ ဖြေရှင်းနိုင်သော အတွေ့အကြုံ ကောင်းများ ရရှိပါကြောင်း၊ ယခု ခရီးစဉ် အတွင်း နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်နိုင် မှုအတွက် အခြေခံ ရသလို  အနာဂတ် တွင်လည်း ယခုထက် ပိုမို တိုးတက်အောင် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့သည် ကီလိုမီတာ ၁၆ဝဝ ကျော် ရှည်လျားသော နယ်နိမိတ် ရှိ၍ နယ်စပ် ပြဿနာ အခက်အခဲများ အနည်းငယ် ရှိခဲ့ပါကြောင်း၊ နယ်စပ် တစ်လျှောက် ပြဿနာ များအား နှစ်နိုင်ငံ တပ်မတော်ချင်း ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက် မှုဖြင့် ဖြေရှင်းသွားမည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး အတွက်လည်း   တတ်နိုင်သည့် ဘက်မှ ကူညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ယမန်နှစ် အတွင်းက လာရောက်ခဲ့သော အဆွေတော်၏ ခရီးစဉ် အပြီးတွင် မြန်မာ့ တပ်မတော် အတွက် အခြေခံ တည်ဆောက်ရေး အပိုင်းတွင် အိန္ဒိယ နိုင်ငံ အနေဖြင့် တတ်နိုင်သမျှ ကူညီ ဆောင်ရွက် ပေးသွားရန် ဆုံးဖြတ် ထားရှိ ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။
 
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည် ဆွေးနွေး ပြောကြားရာတွင် မြန်မာ- အိန္ဒိယ နှစ်နိုင်ငံသည် ရှည်လျားသော သမိုင်းကြောင်း ဆက်ဆံမှုများ ထင်ထင်ရှားရှား ရှိခဲ့ပါကြောင်း၊ သမိုင်းကြောင်း ကောင်းမှ နှစ် နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ကောင်းမည်ဖြစ်၍ နှစ်နိုင်ငံ ဆက်ဆံရေးသည် ယခုထက် ပို၍ ကောင်း ရန်သာ ရှိမည်ဟု ယုံကြည်ပါကြောင်း၊  အိန္ဒိယ နိုင်ငံ၏ အရှေ့မျှော် မူဝါဒ အရ မြန်မာ နိုင်ငံ အား ပေါင်းကူး တံတားအဖြစ် ဆက်ဆံမှု အပေါ် မိမိတို့ အနေဖြင့် အကောင်းဆုံး ဖြစ်အောင် ကြိုးစား ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အပေါ် အိန္ဒိယ နိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန် သဖြင့် အောင်မြင်မှုများ ရရှိမည်ဟု ယုံကြည် ပါကြောင်း၊ မြန်မာ နိုင်ငံသည် အိမ်နီးချင်း ငါးနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိပါကြောင်း၊ တည်ငြိမ်အေးချမ်း မှုရှိမှ တိုင်းပြည် တိုးတက်မည် ဖြစ်၍ နယ်စပ် ဒေသရှိ တည်ငြိမ် အေးချမ်း မှု မရှိသော နေရာများသည် ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့ ပါကြောင်း၊ နိုင်ငံရေးနှင့် လုံခြုံရေး တည်ငြိမ် မှုသည် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မရှိမဖြစ် လိုအပ်ပါကြောင်း၊ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်တွင် ကြီးမားသော လက်နက်ကိုင် သောင်းကျန်းမှု မရှိ၍ နယ်စပ်တည်ငြိမ် ဖွံ့ဖြိုးရေးအတွက် အခက်အခဲ များမရှိ နိုင်ဟု ယုံကြည် ပါကြောင်း၊ တပ်မတော် အနေဖြင့် နှစ်နိုင်ငံ နယ်စပ် ဒေသအား ထာဝရ ငြိမ်းချမ်းသည့် နယ်စပ် ဒေသဖြစ် ရမည်ဟု ယုံကြည်ချက် ချမှတ် ထားပါကြောင်း၊ နယ်စပ် ဒေသတွင် တူညီသော လူမျိုးစု တိုင်းရင်း သားများရှိ၍ တိုင်းရင်းသားများ အပေါ် အခြေခံပြီး နှစ်နိုင်ငံ အစိုးရအား ဆန့်ကျင် နေသော အဖွဲ့အစည်း များအား နှစ်နိုင်ငံ ပူးပေါင်းကာ အရင်းအမြစ် ကစ၍ တားဆီးသွားရန် လိုအပ် ပါကြောင်း၊ မိမိတို့ နိုင်ငံ၏ အမျိုးသားရေး တာဝန်သည် ဒို့တာဝန် အရေး သုံးပါး ဖြစ်သလို အိန္ဒိယ နိုင်ငံသည်လည်း ထို့အတူပင် ဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ တပ်မတော် သည် ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်သလို အိမ်နီးချင်း နိုင်ငံများမှ အမျိုးသားရေး တာဝန်များ လုပ်ဆောင် နိုင်အောင်လည်း ကူညီပံ့ပိုး ပေးသွားမည် ဖြစ်ပါ ကြောင်း၊ မြန်မာ့ တပ်မတော်၏ ရပ်တည်ချက်သည် အိန္ဒိယ နိုင်ငံအား ဆန့်ကျင်သည့် မည်သည့် လက်နက်ကိုင် အဖွဲ့ကိုမဆို ထောက်ခံ အားပေးမည် မဟုတ် သကဲ့သို့ နိုင်ငံတော် သမ္မတ အနေဖြင့်လည်း ၎င်းအချက်အား မူဝါဒ အဖြစ် သတ်မှတ် ထားရှိ ပါကြောင်း၊ နယ်စပ် ဒေသ ကိစ္စများနှင့် ပတ်သက်၍ အောက်ခြေပိုင်း ဆောင်ရွက်ချက် များတွင် ယခုထက် ပိုမိုထိတွေ့ ဆောင်ရွက် သွားပါက ပြေလည် သွားမည်ဟု ယုံကြည် ယူဆ ပါကြောင်း၊ မြန်မာ့ တပ်မတော် အပေါ် အိန္ဒိယ တပ်မတော်၏ စစ်ရေး ဆိုင်ရာ လေ့ကျင့် ပေး မှုများ သည် တပ်မတော် ခေတ်မီရေး အတွက် များစွာ အထောက်အကူ ရရှိခဲ့ ပါကြောင်း၊   လေ့ကျင့်ရေး နှင့်ပတ်သက်၍ အိန္ဒိယ နိုင်ငံ အနေဖြင့်  တိုးမြှင့် ဆောင်ရွက်ပေးရန် စီစဉ်ပေးမှု အတွက်လည်း ဝမ်းမြောက်စွာ ကြိုဆို ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။
တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယ သမ္မတ နိုင်ငံ ကာကွယ်ရေး ဝန်ကြီး  H.E. Mr. AK Antony တို့သည် အပြန်အလှန် လက်ဆောင် ပစ္စည်းများ ပေးအပ်ကြပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကြသည်။
 
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အိန္ဒိယ သမ္မတ နိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။ ဂုဏ်ပြု နေ့လယ်စာ သုံးဆောင် နေစဉ် အတွင်း မြဝတီ တေးဂီတ အဖွဲ့က အက ပဒေသာနှင့် တေးသံသာ များဖြင့် ဧည့်ခံ ဖျော်ဖြေ ကြသည်။
ဂုဏ်ပြု နေ့လယ်စာ စားပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယ သမ္မတ နိုင်ငံ ကာကွယ်ရေး ဝန်ကြီး H.E. Mr. AK Antony တို့သည် အပြန်အလှန် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်၍ ဧည့်ခံ ဖျော်ဖြေသော မြဝတီ တေးဂီတ အဖွဲ့အား အမှတ်တရ ပန်းခြင်းများ အသီးသီး ပေးအပ် ခဲ့ကြပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ ကြကြောင်း သတင်း ရရှိသည်။       
 
MWD           

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်