Pages

Wednesday, January 23, 2013

ရန်ကုန်မှ သံတွဲသို့ ထွက်ခွာလာသည့် အောင်သစ္စာ ခရီးသည် တင်ယာဉ် ဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းက ရခိုင် ရိုးမပေါ် ဖြတ်သန်း မောင်းနှင်စဉ် နေပူတောင် အဆင်း၌ ချောက်ထဲထိုးကျမှု ဖြစ်ပွား


ရန်ကုန်မှ သံတွဲမြို့သို့ ထွက်ခွာလာသည့် အောင်သစ္စာ ခရီးသည်တင် ယာဉ်သည် ဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက် ၃ နာရီ ၃၅ မိနစ် အချိန်က ရခိုင်ရိုးမပေါ် ဖြတ်သန်း မောင်းနှင်စဉ် နေပူတောင် အဆင်း ၌ ချော က် ထဲသို့ ထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သံတွဲ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းေ ရး ကော်မတီ ဥက္ကဌ ဦး ထွန်း သန့်ကျော်က ပြောကြားခဲ့သည်။

“ရန်ကုန်ကနေ သံတွဲကို ထွက်ခွာလာတဲ့ အောင်သစ္စာ လေအိတ်ကားက နေပူတောင်ကို အရောက်မှာ ချောက်ထဲ ထိုးကျ သွားတာပါ။ လတ်တလော ရရှိတဲ့ သတင်းအရတော့ ခရီးသည် ၁၅ ဦး သေဆုံးသွားတယ်။ ကျန်တဲ့ ခရီးသည်တွေလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ သေဆုံးသွားတဲ့ ၁၅ ဦးရဲ့ အလောင်းကို တောင်ပေါ်တင်နေတာ လက်ရှိမှာ နှစ်လောင်းတော့ တောင်ပေါ် ရောက်နေပါပြီ” ဟုလည်း ဦးထွန်းသန့်ကျော်က အတည်ပြု ပြောကြားခဲ့သည်။

“အောင်သစ္စာ ခရီးသည်တင် ကားက တောင်ကုတ်မြို့ကို ရောက်ဖို့ မိုင် ၂၀ လောက်အလို နေပူတောင် အဆင်းမှာ ချောက်ထဲ ထိုးကျသွားတာပါ။ အခုတော့ တောင်ကုတ်က နာရေးကူညီမှုအသင်း၊ ကြက်ခြေနီစတဲ့ အသင်းအဖွဲ့တွေက ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြပါပြီ။ အလောင်းတွေကို တောင်ပေါ် တင်ဖို့ကိုတောင် မနည်း လုပ်နေရပါတယ်။ ထိုးကျသွားတဲ့ ကားကိုလည်း တောင်ပေါ်ကနေ ကြည့်ရင် မမြင်ရ လောက်အောင်ကို နက်တဲ့ ချောက်ထဲကို ထိုးကျသွားတာပါ” ဟုလည်း တောင်ကုတ်မြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။

ELEVEN

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်