Pages

Sunday, January 20, 2013

ဖားကန့်မြို့ပေါ် အရပ်သား နေအိမ်ကို အသုံးပြုပြီး တိုက်ခိုက်သော KIA အထိနာသွား၊ အရပ်သားဟု လိမ်လည်ကာ ဒဏ်ရာရ သူမှ ဖားကန့် ဆေးရုံတွင် ဆေးကုသ ခံယူနေ


ဖားကန့်မြို့ပေါ် စမ်းသီတာရပ်ကွက်သို့ (၁၈-၁-၂၀၁၃)ရက်နေ့ ညပိုင်း (၁၀၀၀)ချိန်ခန့်တွင် KIA အကြမ်း ဖက်သောင်းကျန်းသူ ခေါင်းဆောင်စီစစ်ဆဲ အင်အား(၁၀)ဦးရောက်ရှိလာကြောင်း၊ စမ်းသီတာ ရပ်ကွက် အ တွင်း နေထိုင်သော ကိုအောင်စိုးလွင် နှင့်ဒေါ်အာပူ နေအိမ်သို့ ရောက်ရှိလာပြီး နေအိမ်ပေါ်မှ လူများေ အာ က် သို့ ဆင်းကာ ဖယ်ရှားပေးရန် ပြောဆိုခဲ့ပါသည်။

၎င်းနောက် အဆိုပါ KIA အကြမ်းဖက်သောင်းကျန်းသူများသည် နေအိမ် ပြတင်းပေါက်မှ လှမ်းမြင်တွေ့ ရေ သာ တပ်မတော် စခန်းကုန်း ရတခလရ (၂၂၉)၊ ခန္တီး အခြေစိုက် တပ်ခွဲ အဆင့်ထိုင် စခန်းကုန်းကို လက်န က် ငယ် များဖြင့် စတင် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရှိရပါသည်။

KIA အကြမ်းဖက်သောင်းကျန်းသူများသည် ဖားကန့်မြို့ပေါ်အတွင်း အေးချမ်းစွာ နေထိုင်လိုသော တိုင်းရင်း သား များအား ခုတုံးလုပ်ကာ တပ်မတော် စစ်ကြောင်းကို တိုက်ခိုက်ခြင်းသည် လွန်စွာမှပင် သေးသိမ့် သည့် တိုက်ကွက်ဖေါ်မှု တစ်ခုသာ ဖြစ်ပါသည်။ တပ်မတော် စစ်ကြောင်းမှ အရပ်သားများ နေအိမ်မှ စခန်းကုန်းကို ပစ်ခတ် တိုက်ခိုက်နေသည့် အတွက် ပြန်လည် ပစ်ခတ်ရန် တုံ့ဆိုင်းနေကြောင်း သိရှိရပါသည်။

သို့သော် လက်နက်ငယ် များ အပြင် အဆိုပါခြံဝန်းအတွင်းမှ RPJ ဖြင့် KIA အကြမ်းဖက်သောင်းကျန်း သူ များမှ တိုက်ခိုက် လာသောအခါ စခန်းကုန်းမှ ၆၀ မမ စိန်ပြောင်းဖြင့် အဆိုပါ နေအိမ်သို့ ပြန်လည်ချိန်ရွယ် ကာ (၂)လုံး ပစ်ခတ်ခဲ့ရကြောင်း သိရှိရပါသည်။

တပ်စခန်းကုန်းမှ မလွှဲမရှောင်သာ ပြန်လည် ပစ်ခတ်သည့် ၆၀ မမဗုံးသီး တစ်လုံးသည် ရန်သူ ခိုအောင်းေ နသော နေအိမ်ပေါ်သို့ တည်မတ်စွာ ကျရောက်ခဲ့သည့် အတွက် KIA အကြမ်းဖက် သောင်းကျန်းသူ များ ဆု တ်ခွာ ထွက်ပြေးသွား ကြောင်းနှင့် တိုက်ပွဲတွင် တပ်မတော်မှ ထိခိုက်မှုမရှိ အရပ်သား နေအိမ်အား ခုတုံးလုပ် တိုက် ခိုက်သော KIA အကြမ်းဖက် သောင်းကျန်းသူများ ထဲမှ ဇော်ဒိန်း(၂၃)နှစ်၊ (ဘ) ဦးနော် ဆိုင်း သည် ယာပေါင်၊ ယာလက်နှင့် ၀မ်းဗိုလ်များတွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရှိရပါသည်။

အဆိုပါ ထိခိုက် ဒဏ်ရာ ရသွားသည့် KIA အကြမ်းဖက် သောင်းကျန်းသူ ဇော်ဒိန်း(၂၃)နှစ်အား ရပ်ကွက် အတွင်းမှ ဂျိန်းဖေါ် တိုင်းရင်းသား တစ်ချို့မှ အရပ်သားဟု လိမ်လည်ကာ ဖားကန့် ဆေးရုံသို့ ယနေ့ (၁၉-၁-၂၀၁၃) ရက်နေ့ (၀၈၀၀)ချိန်တွင် ဆေးဝါး ကုသစေရန် တင်ပို့ထားကြောင်း သိရှိရပါသည်။

ခေတ်သစ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်