ကချင်ပြည်နယ် ပူတာအို ဒေသရှိ ဌာနဆိုင်ရာ များနှင့် ဒေသခံ တိုင်းရင်း သားများ အတွက် လိုအပ်ေ သာ ရိက္ခာ၊ စားကုန်နှင့် လူသုံးကုန်
ပစ္စည်းများ ပေးပို့သည့် ယာဉ်တန်းအား ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်
မွန်းလွဲ ၂ နာရီတွင် KIA အကြမ်းဖက် သောင်းကျန်းသူ ၅ဝ ခန့်က ခြုံခို
တိုက်ခိုက် ခဲ့သည်။ တိုက်ခိုက် မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် အချို့
ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ယာဉ် ၁ စီး ပျက်စီး ခဲ့ကြောင်း သိရှိ ရသည်။
အလားတူ ဇန်နဝါရီလ ၂၂ ရက် နံနက် ၁၁ နာရီခန့် တွင်လည်း ပူတာအို ဒေသ
တိုင်းရင်းသားများ အတွက် ကုန်စည် ပို့ဆောင်ပေးသည့် အရပ်ဘက် ကုန်စည်
ပို့ဆောင်ရေး ယာဉ်တန်းအား လမ်း လုံ ခြုံေ ရးဆောင်ရွက်ေ ပး ရန် နယ်မြေ
ရှင်းလင်းသည့် တပ်မတော် စစ်ကြောင်း တစ်ကြောင်းအား ခြုံခို တိုက်ခိုက်
သဖြင့် အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး KIA အကြမ်းဖက် သောင်းကျန်း
သူများသည် အရှေ့ဘက်နှင့် အရှေ့ တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။
မြစ်ကြီးနား- ပူတာအို လမ်းကြောင်း တစ်လျှောက် ကုန်ပစ္စည်း ပို့ဆောင်စဉ် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ အထိ KIA အကြမ်းဖက် သောင်း ကျန်းသူ အဖွဲ့မှ နှောင့်ယှက် တိုက်ခိုက်မှု ၁၆ ကြိမ်မြောက် ဖြစ်သကဲ့သို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် (၃/၂ဝ၁၃) ထုတ်ပြန် ပြီးနောက် KIA အဖွဲ့ အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် ပစ်မှတ် များအား ၈ ကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။
ဲမြ၀တီ
No comments:
Post a Comment
Note: Only a member of this blog may post a comment.