Pages

Monday, April 8, 2013

တပ်မတော်(ရေ)၏ ဓါး (၄)စင်း၊ ဒိုင်း (၂)ခု နှင့် ချပ်ဝတ်တန်ဆာ (၁)စုံ

မြန်မာ့တပ်မတော် (ရေ) နှင့် ပတ်သက်ပြီး သတင်းကောင်းတွေ ဆက်တိုက်ဆိုသလို ကြားနေ ကြရပါတယ်....။ ဒေသတွင်းနိုင်ငံများနည်းတူ ရေတပ်အင်အားကို တိုးချဲ့လျက်ရှိပြီး ကိုယ်ပျောက် နည်းပညာသုံး စစ်ရေယာဉ်များလည်း ပိုင်ဆိုင်ထားပြီးဖြစ်ပါသည်...။ မကြာတော့သော ကာလတွင် လည်း ရေတပ်၏စစ်ရေယာဉ်အသစ်များ တပ်တော်ဝင် အခမ်းအနားကျင်းပဦး မည်ဖြစ် ပါသည်....။ ရေတပ်အတွက် သတင်းကောင်းတစ်ခုအနေဖြင့် Myanmar Navy စာမျက်နှာ တွင် ဖော်ပြထားသော အချက်လက်များအား ဖော်ပြပေးပါဦးမည်....။ ဖရီးဂိတ်များ၏ အဆင့်မြှင့်တင်ခဲ့မှုများ အား ဖော်ပြပေးပါဦးမည်...။


စစ်ရေယာဉ်- မဟာဗန္ဓုလ (F-21)
 

တပ်မတော်(ရေ)၏ ဓါး (၄)စင်း၊ ဒိုင်း (၂)ခု နှင့် ချပ်ဝတ်တန်ဆာ (၁)စုံ

မကြာမီရက်များအတွင်း မြန်မာ့တပ်မတော်(ရေ)အတွက် မြန်မာ့ရိုးရာ နှစ်သစ်အခါသမယနှင့်အတူ အားသစ်လောင်းရန် FAC စစ်ရေယာဉ် (၄)စီး၊ တင့်ကားတင် ကမ်းထိုးရေယာဉ် (၂)စီး နှင့် Floating Dock (၁)စီး စု စုပေါင်း (၇)စီးအား တပ်တော်ဝင်ပြုလုပ်မည်ဟု ကြားသိရပါသည်။ FAC နှင့် ကမ်းထိုးရေ ယာဉ် များမှာ မြန်မာ့တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ Floating Dock မှာ ပြည်ပမှ ဝယ် ယူခဲ့ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်(ရေ)အတွက် ပထမဦးဆုံး... Floating Dock အဖြစ် မှတ်တမ်း ဝင်တော့မည်ဟု သိရှိရပါသည်။
 

တပ်မတော် (ရေ)၏ Floating Dock ရေယာဉ်ဖြစ်ပါသည်


 
တပ်မတော်(ရေ)တွင် ပြည်တွင်းထုတ် FAC စစ်ရေယာဉ်များစွာ ပိုင်ဆိုင်ထားပြီး မြန်မာ့ရေပြင်ပိုင် နက်အား နေ့/ညမရွေး ကာကွယ်စောင့်ရှောက်လျက်ရှိခြင်းကြောင့် နိုင်ငံနှင့် တပ်မတော်အတွက် “ အ သွား ထက်သောဓါးများ ” ဟူ၍ လည်းကောင်း ၊ တင့်ကားတင် ကမ်းထိုးရေယာဉ်များသည် ရာသီ ဥတု မရွေး၊အချိန်မရွေး၊နေရာမရွေး စစ်ဖက်/အရပ်ဖက် အထွေထွေ သယ်ယူပို့ဆောင်ရေး တာဝန်များ ကို မြန်မာ့ကမ်းရိုးတန်း တစ်နံတစ်လျားအထိ ထမ်းဆောင်လျက်ရှိခြင်းကြောင့် “ ဒိုင်း ” များအဖြစ် လည်းကောင်း၊ Floating Dock သည် စစ်ရေယာဉ်များ တိုက်ပွဲဝင်အသင့်ဖြစ်ရေးအတွက် Maintenance နှင့် Repair အခန်းကဏ္ဍတွင် ရှေ့တန်းကျကျ အသုံးတော်ခံ ပါဝင်နိုင်တော့မည် ဖြစ်၍ တပ်မတော်(ရေ)၏ ချပ်ဝတ် တန်ဆာ တစ်ခုအဖြစ် လည်းကောင်း တင်စားသမုတ်၍ ဂုဏ်ပြုဖော်ညွှန်းအပ်ပါသည်။

မောင်ဝါဆို
 
Myanmar Navy စာမျက်နှာ..." အထက်ပါဖော်ပြထားသော အချက်လက်များအား လေ့လာကြည့်ရုံနှင့် ပင် မြန်မာ့တပ်မတော် (ရေ) အတွက်အထူးဝမ်းမြောက်ဖွယ်ရာပင် ဖြစ်ကြောင်း သိရပါသည်...။
 

Myanmar Defence Weapons

 
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်