Pages

Thursday, January 24, 2013

ထိုင်း ဝန်ကြီးချုပ်ဟောင်း အဘီဆစ်သည် ထိုင်း ပြည်တွင်းရေး ပြဿနာတွင် ကမ္ဘောဒီးယား နိုင်ငံကို ဆွဲသွင်း နေသည်ဟု ပြစ်တင် ပြောကြား


ထိုင်း ဝန်ကြီးချုပ်ဟောင်း အဘီဆစ်သည် နိုင်ငံ၏ ပြည်တွင်းရေး ပဋိပက္ခတွင် ကမ္ဘောဒီးယား နိုင်ငံကို ဆွဲသွ င်းေ နကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ဇန်နဝါရီလ ၂၁ ရက်နေ့တွင် အဘီဆစ် အား ပြစ် တ င် ပြောကြား ခဲ့သည်ဟု Xinhua သတင်းတစ်ရပ် အရ သိရှိ ရပါသည်။

ထိုင်းနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေး အခြေ အနေသည် အထူးသဖြင့် ထိုင်းနိုင်ငံတွင် မတ်လ ၃ ရက်နေ့ ၌ ပြုလုပ်မည့် ဘန်ကောက် မြို့တော် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးစဉ် ကာလ အ တွင်း ပိုမို အရှိန် မြင့်မား လာခဲ့ကြောင်းနှင့် အဘီဆစ်သည် ထိုင်းနိုင်ငံ၏ ပြည်တွင်းရေး ကိစ္စရပ်များတွင် ကမ္ဘော ဒီးယား နိုင်ငံကို အမြဲတမ်း ဆွဲသွင်းလျက် ရှိကြောင်း ဟွန်ဆန်က ပြောကြား ခဲ့ပါသည်။

ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် သည် ပင်လယ်ရေကြောင်း ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ကမ္ဘောဒီးယား နိုင်ငံနှင့် စေ့စပ်ညှိနှိုင်း ရာတွင် လျှို့ဝှက် အကျိုး အမြတ်များ ရရှိခဲ့ကြောင်း အဘီဆစ်နှင့် ရှပ်ဝါအဖွဲ့က ထပ်တလဲလဲ စွပ်စွဲ ပြောကြား ခဲ့ပါသည်။ ထို့အပြင် လက်ရှိ အစိုးရသည် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထွက်ရှိသော နှစ်နိုင်ငံ ရေနယ်နိမိတ် ထိစပ်နေ သည့် နေရာမှ အကျိုး အမြတ်များ ရရှိရန် အတွက် နယ်မြေ အငြင်းပွားနေသည့် ပရဗီဟာ ဘုရားကျောင်း ကိစ္စကို အလျှော့ပေး လုပ်ဆောင်လျက် ရှိကြောင်း အဘီဆစ်နှင့် ရှပ်ဝါ အဖွဲ့က စွပ်စွဲ ခဲ့သည်ဟု ဟွန်ဆန်က ပြောကြား ခဲ့ပါသည်။ အဘီဆစ် အနေဖြင့် သက်ဆင်က ကမ္ဘောဒီးယား နိုင်ငံထံမှ အကျိုးအမြတ် မည်မျှ ရရှိခဲ့ခြင်း ရှိ၊ မရှိ ဆိုသည်နှင့် ပတ်သက်၍ ၎င်းတို့၏ စွပ်စွဲချက် များကို အထောက် အထား ပြသ သင့်ကြောင်း၊ အဘီဆစ် အနေဖြင့် ထိုသို့ အထောက်အထား မပြသ နိုင်ပါက ထိုင်းပြည်သူ သန်း ၆ဝ ကျော်နှင့် ကမ္ဘောဒီးယား ပြည်သူ ၁၄ သန်းကျော်ကို လိမ်လည် လှည့်စားခြင်းသာ ဖြစ်မည် ဖြစ်ကြောင်း ဟွန်ဆန်က ပြောကြား ခဲ့ပါသည်။

အငြင်းပွား နေသည့် ပရဗီဟာ ဘုရားကျောင်းနှင့် ပတ်သက်၍ ယခင်က နှစ်နိုင်ငံ တပ်ဖွဲ့များ အကြား နယ်စပ်

ဒေသတွင် အပြန်အလှန် ပစ်ခတ်မှုသည် အဘီဆစ် အစိုးရ လက်ထက်တွင်သာ ဖြစ် ပွားခြင်း ဖြ စ်ေ ကြာ င်းနှ င့် အဘီဆစ် အနေဖြင့် ပြည်သူများ၏ အသက်နှင့် စည်းစိမ် ဥစ္စာများ ဆုံးရှုံးရမှု အတွက် တာဝန် ယူရမည် ဖြစ်ကြောင်း ဟွန်ဆန်က ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရှိ ရပါသည်။

MWD

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်