Pages

Wednesday, January 23, 2013

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်ထိုး


ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင် ဟု မှတ်ချက် ပြုခဲ့သော်လည်း လွှတ်တော် ကိုယ်စား လှယ် အများစု ၏ သေ ဘာ ဆန္ဒကို လေးစား သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတက ဇန်နဝါရီလ ၂၂ရက်နေ့တွင် အတည်ပြု လက်မှတ် ရေးထိုး ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတ ရုံးက ထုတ်ပြန်သည်။ "နောင်လာမယ့် ခုံရုံး မှာ ဥပဒေ ကြမ်းက ဖွဲ့စည်းပုံ နဲ့ ညီ၊ မညီ ဆိုတာကို ပြန်သုံးသ ပ် နိုင်တယ်" ဟု သီပေါ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။
 
အဆိုပါ ဥပဒေတွင် အခြေခံ ဥပဒေ ခုံရုံး အဖွဲ့ဝင် များသည် ရွေးကောက် တင်မြှောက် ပေးသူများ ဖြစ်ေ သာ နိုင်ငံတော် သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ နှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ တို့ထံ အစီရင်ခံ ရမည်ဟု ဥပဒေ ကြမ်းတွင် ပါရှိပြီး နိုင်ငံတော် သမ္မတ က ယင်းအချက်သည် လွတ်လပ်သော တရား စီရင်ရေး စနစ်ကို ထိခိုက် စေနိုင်ကြောင်း မှတ်ချက် ပြုထားသည်။

ပြည်ထောင်စု လွှတ်တော်နှင့် အခြားသော လွှတ်တော် အသီးသီးမှ ပြဋ္ဌာန်း ထားချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင် နေလျှင် ဖွဲ့စည်းပုံ အတိုင်း လိုက်နာ ရမည်ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန် သည်။

ယင်း ဥပဒေ ကြမ်းသည် အာဏာသုံးရပ် ပိုင်းခြား ကျင့်သုံး ခြင်းကို ထိခိုက် စေနိုင်သည် ဆိုသော နိုင်ငံေ တာ် သမ္မတ၏ သဘောထား မှတ်ချက်ကို ဆဌမ အကြိမ် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်တွင် ဇန်နဝါ ရီလ ၁၅ရက်နေ့က မဲခွဲ ဆုံးဖြတ်ခဲ့ရာ လွှတ်တော်အများစု၏ ဆန္ဒနှင့် အညီ ဥပဒေ ကြမ်းကို အတ ည် ပြု လိုက်သဖြင့် နိုင်ငံတော် သမ္မတ၏ မှတ်ချက် ရှုံးနိမ့် ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်