Pages

Wednesday, January 23, 2013

၂၄-၁-၂၀၁၃ ရက်နေ့ ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်ပါ နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်နှင့် တွေ့ဆုံ မေးမြန်း မှု


နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် အင်တာဗျူး
(ဝေမာသိမ့်)
 
နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က လဂျားယန်ဒေသအား ဇန်န၀ါရီလ ၁၉ ရက် နံနက် ၆ နာရီမှ စတင် ကာ စစ်ရပ်ဆိုင်းမည်ဟူသည့် အချက်ပါ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ဇန်န၀ါရီလ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန် ခဲ့သည်။ ထို့နောက် KIO/ KIA ဘက်မှလည်း ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် လဂျားယန်ဒေသတွင် သာ စစ် ရပ်ဆိုင်းလိုက်ခြင်းမဟုတ်ဘဲ ကချင်ပြည်နယ်အနှံ့တွင် စစ်ရေးလှုပ်ရှားမှုများ လျှော့ချရန် သတင်း ထုတ်ပြန် ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဇန်န၀ါရီလ ၁၉ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ KIO အား တွေ့ဆုံညှိနှိုင်းဆွေးနွေးရန် ကမ်းလှမ်းသည့်စာကို ပေးပို့ခဲ့ ပြီး ဇန်န၀ါရီလ ၂၀ ရက်တွင် KIO ဘက်မှ ၎င်းတို့နှင့် သီးခြားဆွေးနွေးမှုမလုပ်ဘဲ UNFC (ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင် စီ)နှင့် သာ ဆွေးနွေးသွားရန် အကြောင်းပြန်ကြားခဲ့ကြောင်း သိရသည်။
လက်ရှိတွင်လည်း လဂျားယန်ဒေ အပါအ၀င် ကချင်ပြည်နယ် အနှံ့အပြားတွင် လည်းကောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ ရှိသည့် ဒေသတွင် လည်းကောင်း တိုက်ပွဲများ ပြင်းထန်လျက် ရှိနေကြောင်း အကျိုးတော်ဆောင် များ၏ အဆိုအရ သိရသဖြင့် နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးကို ဆောင်ရွက်မည့် အနေအထား များ၊ လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲအခြေအနေ၊ လက်ရှိ တပ်မတော်၏ သဘောထားများနှင့် ငြိမ်းချမ်းေ ရး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ၏ ငြိမ်းချမ်းရေးဆောင် ရွက်ချက်များနှင့် ပတ်သက်၍ မေးမြန်းခဲ့ ပါသည်။
မေး - ဇန်န၀ါရီလ ၂၀ ရက်က ထုတ်ပြန်တဲ့ KIO အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အပေါ် ဘယ်လို သဘော ထား မျိုှး ရှိပါ သလဲ။ လက်ရှိ ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ပဲဖြစ်ဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မ တီ နဲ့ UNFC တို့ တွေ့ဆုံ သွားဖို့ရှိပါသလား။
ဖြေ - ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအနေနဲ့ KIO အဖွဲ့ရဲ့ ပြန်ကြားချက် အပေးမှာ မူတည်ပြီး လုပ်ငန်းကော်မတီရဲ့ သဘောထားနဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် အစီအစဉ် တွေကို အသိပေး သွားမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ မပြောနိုင်သေးပါဘူး။
ကျွန်တော် တစ်ဦးတည်း သဘောထားနဲ့ ပြောရရင်တော့ အခုအရေးအကြီးဆုံးအလုပ်က တိုက်ခိုက်မှု အရှိန်တွေ ကို လျှော့ချပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးလို့ရမယ့် အခြေအနေကောင်းကို ဖော်ဆောင်ဖို့၊ ပဋိပ က္ခကြား မှာ ဒုက္ခ ရောက်နေတဲ့ ဒေသခံပြည် သူတွေအတွက် စားဝတ်နေရေး၊ လမ်းပန်း ဆက်သွယ်ရေတွေ အဆင်ပြေအောင် ဆောင်ရွက်ဖို့က အရေးအကြီးဆုံးလို့ ထင်ပါတယ်။
အဲဒါတွေကိုလုပ်နိုင်ဖို့က ပဋိပက္ခမှာ တိုက်ရိုက်ပါဝင် နေတဲ့ နှစ်ဖက်တွေ့တာက အကောင်း ဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ ထိုင်းနယ်စပ် မှာရှိနေတဲ့ UNFC က ပုဂ္ဂိုလ် တွေအနေနဲ့ မြေပြင် အခြေအနေကို မသိနိုင် သလို အဆုံး အဖြတ်ပေးနိုင် မယ့် အခြေအနေလည်း မရှိပါဘူး။ သမ္မတကြီးကလည်း ငြိမ်းချမ်းရေးထပ်မံ ကမ်း လှမ်း ချိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသမ္မတကြီးရဲ့ ညွှန်ကြားချက်အတိုင်း မိမိကိုမိမိ ခုခံဖို့က လွဲရင် ပစ်ခတ်တိုက်ခိုက်တာမျိုး မလုပ်ပါဘူးလို့ ထပ်မံအတည်ပြု ပြောချိန်မှာ ကေအိုင်အိုဘက်က အခုလို တုန့်ပြန်တဲ့အပေါ် အတော်အံ့သြမိပါတယ်။ သူတို့ဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဆန္ဒမရှိဘူး လားလို့လဲ စိုးရိမ်မိပါတယ်။
မေး - KIO ရဲ့ သတင်းထုတ်ပြန်ချက်အရ လက်ရှိမှာလဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ သိရပါတယ်။ လဂျားယန်ဒေသမှာလည်း တိုက်ပွဲတွေ ဖြစ်နေ တယ်ဆို တဲ့ အပေါ် ဘာများပြောလိုပါသလဲ။ နိုင်ငံတော်သမ္မတက ကချင်ပြည်နယ်အရေးအပေါ် ဘယ်လို မူဝါဒ တွေ ချမှတ်သွားနေပါသလဲ။
ဖြေ - တပ်မတော်ဘက်က ကချင်ပြည်နယ်သာမက ရှမ်းပြည်မြောက်ပိုင်းဒေသတွေအပါအ၀င် မိမိကိုယ်မိမိ ခုခံကာကွယ်တာကလွဲပြီး ပစ်ခတ်တိုက်ခိုက်မှု မလုပ်ပါဘူးလို့ ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ ထပ်မံ အတည်ြ ပုပြော ခဲ့သလို လဂျားယန်မှာဖြစ်နေတဲ့ စစ်ရေးလှုပ်ရှားမှုများကိုလည်း ဇန်န၀ါရီလ(၁၉) ရက်နေ့ မနက်က စတင်ရပ်ဆိုင်းခဲ့ပါတယ်။
ဒါပေမယ့် ဇန်န၀ါရီလ ၁၉ ရက်နေ့ မနက်မှာပဲ ကေအိုင်အေ တပ်ဖွဲ့များက ဖားကန့်မြို့နယ်က ကာမိုင်းရဲ စခန်း ကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး ရသလို ဗန်းမော်- လွယ်ဂျယ် ကားလမ်းမှာ လည်း အရပ်ကား ၃ စီးကိုမိုင်းခွဲတိုက်လို့ ၂၂ ဦး ဒဏ်ရာရပါတယ်။
လဂျားယန်ဒေသဘက်မှာလည်း တပ်မတော်စခန်းကို လာရောက်နှောင့်ယှက် ပစ်ခတ်မှုတွေရှိတယ်လို့ သတင်းတွေရပါတယ်။ ဒီလိုလာရောက်တိုက်ခိုက်တာမျိုးဆိုရင်တော့ ခုခံကာကွယ်ပစ်ခတ်မှုတွေ လုပ်ရမှာပဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ စစ်ကြောင်းချီပြီး ကေအိုင်အေ စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်မှု မရှိပါ ဘူး။ ကေအိုင်အေဘက်ကလည်း အဲသလိုသာ လိုက်နာမယ်ဆိုရင် တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်တန့်သွား မယ်လို့ထင်ပါတယ်။
မေး - နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားမှုတွေကို တပ်မတော်က လိုက်နာမှုမရှိဘူးလို့ ဝေဖန်ပြောဆို နေတာေ တွ လည်း ရှိပါတယ်။ အဲဒါကရော မှန်ပါသလား။
ဖြေ - တပ်မတော်ဟာ ကွပ်ကဲမှု အဆင့်ဆင့်နဲ့ စနစ် တကျ ဖွဲ့စည်းထား တာဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိက စမတိုက်ရ ဘူးဆိုရင် အဲဒီ့အတိုင်း အတိအကျလိုက်နာနေပါတယ်။ ဒီလိုလိုက်နာတဲ့အတွက်လည်း ပဋိပက္ခ အစပိုင်းမှာ တပ်မတော်တပ်ဖွဲ့များကို ကေအိုင်အေဘက်က အခွင့်ကောင်းယူ ချုံခိုတိုက်ခိုက်တာတွေ ရှိခဲ့ပြီး ထိခိုက်မှုတွေတောင် ရှိခဲ့ပါတယ်။
အခုလည်း တပ်မတော်က သမ္မတကြီးနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ညွှန်ကြားချက်တွေကို အတိ အကျ လိုက်နာနေပါတယ်။ ကေအိုင်အေဘက်ကတော့ တချို့ တိုက်ခိုက်မှုတွေနဲ့ ပတ်သတ်ပြီး ဗဟိုက မသိဘူး။ အောက်ခြေက လုပ်တာဖြစ်မယ်လို့ ပြောနေတော့ သူတို့ အနေနဲ့ အောက်ခြေတပ်ဖွဲ့တွေကို ကွပ် ကဲနိုင် ရဲ့လားလို့ မေးစရာဖြစ်နေပါတယ်။
မေး - မီဒီယာတွေမှာ KIO ဘက်က ကချင်အကျိုးတော်ဆောင်တွေဘက် ပြန်လည်ဖြေကြားမှုတွေ ကိုမကြာ မဏ တွေ့ရပါတယ်။ ကျွန်မတို့ကိုယ်တိုင် ကချင်ကငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေကို ဆက်သွယ်ေ မးမြန်း တဲ့အခါ လွယ်လွယ်ကူကု ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ တပ်မတော် ဘက် က သတင်း ထုတ်ပြန်မှုတွေ၊ ဆက်သွယ်ေ မးမြန်းဖို့ ခက်ခဲနေတာတွေ ရှိနေတဲ့ အတွက် မီဒီယာတွေ က မျှမျှ တတ သတင်းဖော်ပြနိုင်ဖို့ တပ်မတော်ဘက် ကသော်လည်းကောင်း၊ အစိုးရ အဖွဲ့ ကသော် လည်းေ ကာင်း၊ ငြိမ်းချမ်းရေးေ ဖ်ာဆောင်ရေး ကော်မတီ ဘက် ကသော်လည်းကောင်း၊ ကချင်ပြည် နယ် အရေးနဲ့ ပတ် သက်ပြီး အခြေအနေတွေကို သိရှိနိုင်ဖို့ ဖြေကြားပေးစေ လိုပါတယ်။ အခုလက်ရှိမှာလည်း ငြိမ်းချမ်းရေးေ ဖ်ာဆောင်မှုကော်မတီက ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဘယ် လိုဆောင်ရွက် သွားမလဲ ဆို တာ သိချင်ပါတယ်။
ဖြေ - အခုပြီးခဲ့တဲ့ ရက်ပိုင်းများအတွင်းမှာ ကချင်ပြည်နယ်က အခြေအနေများနှင့်ပတ်သက်ပြီး သတင်းတွေ ပိုပြီးထုတ်ပြန်ပေးနေပြီဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကော် မတီကလည်း ထုတ်ပြန်ပေး သွားပါလိမ့် မယ်။ သို့သော် ဆွေးနွေးမှုအချို့ အဆင့်တွေမှာတော့ အခြေအနေအရ အချိန်မတိုင်ခင် ထုတ်ပြောလို့ မရ နိုင်တာ မျိုးတော့ ရှိပါတယ်။
မေး - ကချင်ပြည်နယ် အရေးနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောကြားလိုသည်များ ရှိရင် ပြောကြားပေး စေလိုပါ တယ်။
ဖြေ - ယနေ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ KOI/ KIA လက်နက်ကိုင် ပဋိပက္ခသာ ဖြစ်တဲ့အတွက် ဒီအခြေ အနေကို အချို့နိုင်ငံရေး ပုဂ္ဂိုလ်တွေ၊ မီဒီယာမှာရှိတဲ့ ပုဂ္ဂိုလ်တွေက ကချင်စစ်ပွဲလို့သုံးနေတာ မသင့် တော်ဘူး လို့ ထင်ပါတယ်။ နိုင်ငံတော် အစိုးရနဲ့ တပ်မတော်က ကချင်တိုင်း ရင်းသားတွေကို တိုက်ခိုက်နေ တာ မဟုတ်ပါဘူး။
ကချင်ပြည်နယ်အရေးဟာ လွတ်လပ်ရေးမရမီ ကချင်ပြည်နယ် နယ်နမိတ်ကို ဘယ်လို သတ်မှတ်မလဲ ဆိုတာ ကစပြီး အခုအချိန်အထိ ရှုပ်ထွေး နက်နဲတဲ့ တိုင်းရင်းသားလူမျိုးစုများအရေး၊ နိုင်ငံရေး၊ စီးပွားရေးနှ င့် ပထ၀ီနိုင်ငံရေး အခြေအနေတွေ ပါဝင်ပတ်သက်နေ တာဖြစ်တဲ့အတွက် လက်ရှိအခြေအနေ တစ်ခု တည်းကို ပဲကြည့်ပြီး သုံးသပ် လို့ မရပါဘူး။ ဆက်စပ် ပတ်သက်နေတဲ့ အကြောင်း အချက်တွေ အားလုံး သုံးသပ်ပြော ဆိုကြစေချင်ပါတယ်။ အဲဒါမှ အဖြေမှန်ကို ရနိုင်မယ်လို့ထင်ပါတယ်။
အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင်။
 
(ဝေမာသိမ့်)
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်