Pages

Wednesday, January 23, 2013

၄၅မိနစ်ထက်မကြာပဲ ရူးစေမည့်အခန်း



အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ်မှာ ရှိတဲ့ Orfield ဓာတ်ခွဲခန်းဌာနမှာ ရှိတဲ့ အခန်းတစ် ခန်း ဖြစ်ပါတယ်။အသံစမ်းသပ်ရန် ပြုလုပ်ထားတဲ့အခန်းဖြစ်ပြီး ကမ္ဘာ့အသံတိတ်ဆိတ် ဆုံးအခန်းအဖြစ် ၂၀၀၄ ခုနှစ်က စံချိန်ထားပါတယ်။ ဒါ့အပြင် ယင်း အခန်းမှာ လူတစ်ယောက်ဟာ ၄၅ မိနစ်ထက် ပိုကြာ ကြာ မနေနိုင်ဘူး လို့လည်းရှာဖွေ တွေ့ရှိထားပါတယ်။ နေနိုင်မယ်ဆိုရင်တောင် ၄၅ မိနစ်ကျော်ရင် ရူးသွား မှာ ဖြစ်ပါတယ်။

အခန်းရဲ့  တည်ဆောက်ပုံကပုံမှာ မြင်တွေ့ရတဲ့အတိုင်း ခြောက်ခြားစရာကောင်းတာကို မြင်တွေ့ရပါတယ်။ အသံကာ၊အသံ စစ်ထုတ်စနစ်များလည်း အဆင့်ဆင့်ခံထားတဲ့အတွက်အထဲမှာ ခြင်တောင်ပံ ခတ် သံ တောင်ကြားရတယ်လို့ဆိုပါတယ်။ အထဲမှာလူတစ်ဦးတည်းကိုသာ ခုန်တစ်လုံးမှာထိုင်ခိုင်းစေတဲ့ စမ်း သပ် မှု ပြုလုပ်ပါတယ်။

မိနစ်အနည်းငယ်အတွင်း သူ့ နှလုံးခုန်သံကိုပါ ကြားရလာ ပါတယ်။ နောက်ဆုံး ဘာသံမှ မကြားတဲ့အဆုံး နားထဲမှာ ကျယ်လောင်ဆူးရှတဲ့အသံများ ကြားရလာမှာ ဖြစ်ပါတယ်။ ပြီးတော့ မြင်မြင်သမျှကလည်း အာရုံသာမဆိုက်နိုင်ရင် ခေါင်းမူးစေမှာဖြစ်ပါတယ်။ ဒီတော့အမြင်ရော၊ အကြားရောတိုက်ခိုက်မှုပေါင်း များစွာကြောင့် နောက်ဆုံးတစ်ယောက်တည်း အော်ဟစ်ငိုကြွေးရပါမယ်။ ငိုလေလေ၊ အသံထွက်လေလေ ပိုမို စိတ်ခြောက်ခြားဖယ်ရာကောင်းလာပြီး ရူးသွားတဲ့အဆင့်ထိကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒါကြောင့် ယင်းအခန်းကို ကမ္ဘာ့အတိတ်ဆိတ်ဆုံးနဲ့ ကြောက်စရာ အကောင်းဆုံး အခန်းလို့  လည်း ခေါ် ဆို ကြကြောင်း သိရပါတယ်။
--

ရိုးရာလေး

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်