Pages

Wednesday, January 23, 2013

KIA ထောင်ထားသော မိုင်းထိသဖြင့် ဒဏ်ရာရသူအား ပို့ဆောင်စဉ် မိုင်းထပ်မံထိ


ဖားကန့်၊ ဇန်န၀ါရီလ(၂၃)
         
ဖားကန့်မြို့၊ ရှဒူဇွတ်ရွာ အနီးရှိ ၀ါခါးရွှေမှော်တွင် ရခိုင်မှ ရွှေတူးဖော်သူ(၂)ဦးသည် ယမန်နေ့ ညနေ(၄) နာရီခွဲခန့် တွင် ရွှေမှော်မှ ရှဒူဇွတ်ရွာသို့ သွားစဉ် တစ်ဦးမှ လော့ဒ်ဂျာအနီးတွင် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ မိုင်း ဒဏ်ရာရရှိသူအား အဖော်ဖြစ်သူမှ အနီးဆုံး ဆေးပေးခန်းသို့ ပို့ဆောင်ရန်အတွက် ထမ်းပိုးပြီး ခေါ်ဆောင် လာစဉ် KIA ထောင်ထားသော နောက်ထပ်မိုင်းတစ်လုံးကို ထပ်မံနင်းမိပေါက်ကွဲခဲ့သဖြင့်  အဖော်အဖြစ် လိုက်ပါ ပို့ဆောင်သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

ဒဏ်ရာရရှိသူများကို ရှဒူဇွတ်ရွာရှိ ဆေးပေးခန်းသို့ ည (၇)နာရီခန့်တွင် ပို့ဆောင်ခဲ့ပြီး ဆေးဝါးကုသမှုများ ခံယူ စေခဲ့သည်ဟု သိရှိရပါသည်။ ရွှေမှော်များတွင် အနယ်နယ် အရပ်ရပ်မှ လာရောက် အလုပ်လုပ်ကိုင် ရှာဖွေ စားသောက်နေသူများစွာရှိသည်။ အစိုးရတပ်နှင့် KIA တို့၏ (၁၉)လကျော် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် KIA အဖွဲ့မှ လူသစ်စုဆောင်းခြင်းများကို မကြာခဏတွေ့ကြုံနေရခြင်း၊ KIA ထောင်ထားသော မိုင်းကြောင့် ရွှေမှော်တွင် အလုပ်လုပ်ကိုင်သူ ၁၀၀ ကျော်ခန့် မိုင်းဒဏ်ရာရရှိနေကြောင်း ရွှေမှော်တွင် လုပ်ကိုင်နေသူ တစ်ဦး၏ အဆိုအရ သိရှိရသည်။

ကချင်နေစဉ်သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်