Pages

Wednesday, January 23, 2013

မန္တလေး-မူဆယ် ၏ ကားလမ်း တွင် ဖရဲသီး တင်ကား တစ်စီးအား KIA မှ မိုင်းထောင် တိုက်ခိုက်ခဲ့


မိုးရာသီအကုန်မှစပြီး မြန်မာနိုင်ငံ၏ မြစ်ချောင်း၊ မြေနုကျွန်းများနှင့် ယာခင်းများတွင် ဈေးကောင်းရသော ဖရဲသီးများကို စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသောဖရဲသီးများကို တရုတ်သို့ကားကြီးကားငယ်များဖြင့် ပို့ဆောင်ရောင်းချလျက်ရှိပါသည်။ ဖရဲသီးအလုံးပေါ်မူတည်ပြီး ၇၀၀ မှ ၁၅၀၀ အထိ ရရှိနေကြသည့်အတွ က် တောင်သူများအတွက်တွက်ခြေ ကိုက်သလိုသယ်ဆောင်နေသည့် ကားများအတွက်လည်း အဆ င်ပြေနေ ပါသည်။ ဖရဲသီးကားများသည် မန္တလေးမှတစ်ဆင့် လားရှိုး-မူဆယ် လမ်းကို အသုံးပြုပြီး တရုတ်နို င်ငံသို့ပို့ဆောင်နေကြပါသည်။

သို့သော် ယမန်နေ့ ညနေ(၅)နာရီခွဲခန့်တွင် မန္တလေးမှ မူဆယ်သို့ သယ်ဆောင်လာသော ဖရဲသီးတင်ကား တစ်စီးသည် မူဆယ်မြို့အနီး နန့်ကွန်ရွာတွင် ကေအိုင်အေအဖွဲ့မှထောင်ထားသော မိုင်းနင်းမိပြီး ပျက်စီး သွားခဲ့ပါသည်။ ယာဉ်မောင်းမှာဒဏ်ရာရရှိကာ မူဆယ်ဆေးရုံသို့တင်ထားရကြောင်း သိရှိရသည်။ မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်မှာပျက်စီးသွားကာ တင်ဆောင်လာသော ဖရဲသီးအမြောက်အများပျက်စီးခဲ့ သည်။ ကေအိုင်အေနှင့် စစ်တပ်သို့ ကချင်ပြည်နယ်တွင် တိုက်ပွဲတွေဖြစ်ပွားနေပြီး ကချင်ပြည်နယ်အတွင်းရှိ ကားလမ်း၊ ရတားလမ်းများကိုမိုင်းခွဲဖျက်ဆီးမှုများကို တစ်ချိန်လုံးပြုလုပ်နေရာမှ အခုမန္တလေး-မူဆယ် ကားလမ်းများတွင်မိုင်းထောင်မှုတွေ ပြုလုပ်လာနေသည့်အတွက် ကားသမားများမှ စိုးရိမ်ပူပန်မှုများရှိသလို ဖရဲသီးစိုက် တောင်သူ များမှလည်း ဖရဲသီးများကိုမတင်ပို့လျှင် အရှုံးပေါ်နိုင်သဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ် လျက်ရှိကြောင်း သိရှိရသည်။

Kachin Daily News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်