Pages

Wednesday, January 23, 2013

ပြည်နယ်အလိုက် ဆန္ဒခံယူပွဲတွေ လုပ်သင့်ပြီလား



လက်ရှိဖြစ်နေတဲ့ ကေအိုင်အေနှင့် ဖြစ်ပွားနေသော စစ်ပွဲမှ အစပြုပြီး နောင်ဖြစ်လာနိုင်သည့် အခြေ အနေများက တော့ လက်နက်ကိုင် တပ်ဖွဲ့များ ပြည်နယ်အလိုက် ရှိနေရေးပင် ဖြစ်သည်။ UNFC ဆိုသည့် ထိုင်းနယ်စပ်တွင် အခြေစိုက်သော အဖွဲ့မှ တစ်ဆင့်သာ ကချင်ပြည်နယ် လိုင်ဇာတစ်ကွက်သာ ရှိသော စစ် ပွဲ ပြဿနာ ကို ဖြေရှင်းမည် ဆိုသည့်နောက်တွင်တော့ အစိုးရ အနေဖြင့် အလျော့ပေးရန် (သို့မဟုတ်) ညှိနှိုင်း ရန် နည်းလမ်း (၂) ခု သာ ရှိတော့သည်။
 
ကေအိုင်အေနှင့် ဖြစ်ပွားသော စစ်ပွဲများကို ရပ်ပါဟု တောင်းဆိုသည့် အချက်သည် ကေအိုင်အို အစိုးရနှင့် ကေ အိုင်အေ လက်နက်ကိုင် တပ်ဖွဲ့ကို အသိအမှတ်ပြုပေးရမည်ဟူသော အဓိပါယ်ကို တိုက်ရိုက် သက်ေ ရာက် သည်။ ကေအိုင်အေမှ UNFC မှ တစ်ဆင့်သာ ဆွေးနွေးမည်ကို လက်ခံခြင်းသည် တိုင်းရင်းသား လက် နက် ကိုင် အားလုံးကို အသိအမှတ်ပြုခြင်းဟု ဆိုလိုသည်မှ လွဲ၍ အခြားမရှိ။ စစ်ပွဲများ ရပ်ဆိုပြီး တိုင်း ရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ပြည်နယ်အလိုက် ရှိနေမှတော့ ယခု အစိုးရဖြစ်ဖြစ်၊ နောင်အစိုးရ ဖြစ်ဖြစ် ထို လက်နက်ကိုင် တပ်ဖွဲ့များ၏ ဒေသတွင် မည်သည့် ဖွံ့ဖြိုးမှုကို မည်သည့်နည်းဖြင့် ပေါင်း စပ်ေ ဆာင် ရွက်မည် ဆိုသည်မှာ တွေးစရာပင် ဖြစ်သည်။

တပ်မတော်၏ အင်အားသည် နိုင်ငံတစ်ခုလုံးနှင့် သက်ဆိုင်သော အင်အား ဖြစ်သည်။ တပ်မတော် ဘတ် ဂျက် သည် နိုင်ငံတော် အစိုးရနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကိစ္စသာ ဖြစ်သည်။ နိုင်ငံတကာနှင့် ဆက် ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးများကို တရားဝင် ပြုလုပ်နိုင်သည်မှာလည်း မြန်မာ့ တပ်မတော်သာ ဖြစ် သည်။ ယနေ့ အစိုးရအဖွဲ့ လိုက်နာပါ့မည်ဟု ကျမ်းသစ္စာဆိုခဲ့သည့် အခြေခံဥပဒေမှ တပ်မတော်မှာ မြန်မာ့ တပ်မတော်သာ ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်များကို အပြည့်အ၀ အလျော့ပေးခြင်းဖြင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ အင် အား၊ လက်နက်ခဲယမ်း၊ အုပ်ချုပ်မှု ကိစ္စများကို ၄င်းတို့ဘာသာ စိတ်ကြိုက်ဖန်တီးမည် ဖြစ်သည်။ နီးစပ် ရာ ဒေသတွင် လူသစ်စုဆောင်းမည်။ ရရှိလာသော ငွေကြေးများကို လက်နက်တပ်ဆင်မည်။ လုံခြုံရေးကို အကြောင်းပြကာ မြို့ကြီးများသို့ လက်နက်ကိုင် ၀င်ရောက်မည်။ အခြေအနေ တင်းမာမှု တစ်ခု ဖြစ်ပေါ် သည်နှင့် လက်နက်ကိုင် အကြမ်းဖက်မှုများကို လုပ်ဆောင်ကြမည်သာ ဖြစ်သည်။ စစ်မှုမထမ်း မနေရ ဥပဒေ မရှိသေးသည့် ယခု ကာလတွင်ပင် ရွှေတူးသူများ၊ ဒေသခံကျေးရွာများမှ အသက်ကန့်သတ်ချက် မရှိ လူ ငယ် များ လက်နက်ကိုင်စေရန် ဖမ်းဆီးဆောင်ရွက်မှုများ ရှိနေပြီ ဖြစ်သည်။ 

လက်ရှိ အခြေအနေများတွင်တော့ စစ်ပွဲများ ရပ်ဆိုင်းလိုသော် တိကျသည့် အစီအစဉ် တစ်ခုတော့ ထား ရှိပေးရ ပေမည်။ ပြည်တွင်း မီဒီယာများ၊ ရွေးကောက်ခံ ပုဂ္ဂိုလ်များ နှုတ်ဆိတ် မသိဟန်ဆောင်ပြီး သည့်နော က် လက်နက်ကိုင်တပ်ဖွဲ့များ အရေးမှာ နယ်စပ်ဒေသ တစ်ခုပင် မက တစ်နိုင်ငံလုံး အရေးနှင့် သက်ဆိုင် လာ သည်။ လွတ်လပ်ရေး မရမီ လက်နက်ကိုင် တပ်ဖွဲ့များမှ ကိုယ်ပိုင်ခွဲထွက်ခွင့်များ တောင်းဆိုသဖြင့် ပြည် လုံး ကျွတ် ဆန္ဒခံယူကာ ဗိုလ်ချုပ်အောင်ဆန်းမှ ယနေ့မြန်မာနိုင်ငံကြီး ဖြစ်အောင် ဖွဲ့စည်းခဲ့ရသည်။ ယနေ့ သမိုင်း တစ်ကျော့ပြန် အစိုးရသစ် ပုံဖော်ပြီး ၂ နှစ် အတွင်း လက်နက်ကိုင်တို့ ပြန်လည် ထကြွလေပြီ။

အစိုးရသစ် လက်ထက်အတွင်း တိုင်းရင်းသားအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်မှုအတွက် တပ်မတော်မှ အကန့် အသတ်ဖြင့် ငြိမ်းချမ်းရေး စစ် ဆင်နွှဲရသဖြင့် သေဆုံးဒဏ်ရာ ရမှုများ အတော မသတ်နိုင်တော့။ လမ်း တံတား ပျက်စီးမှုများ၊ ဒုက္ခသည်များ မရေမတွက်နိုင်တော့သည့် အခြေအနေဖြစ်လာသည်။  Eleven မီဒီယာ ၏ မေးမြန်းချက်အရ ကာ ကွယ်သည့် အနေဖြင့် တံတားများ ချိုးသည်ကို ထောက်ခံပေးသည် ဆိုပါ က အပြည့်အ၀ ကာ ကွယ်ရန် ဗလမင်းထင်တံတား အပါအ၀င် နိုင်ငံအတွင်း တံတားကြီးများ အားလုံး ဖောက် ခွဲဖျက်ဆီး ရတော့ မည် ဖြစ်သည်။

ဤအနေအထားသည် တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ပြိုကွဲခြင်းနှင့် အချုပ်အချာအာဏာ တည်တံ့ ခိုင်မြဲမှု မရှိခြင်းမှ ပြည်ထောင်စု ပြိုကွဲသည့် အခြေအနေသို့ ဦးတည်နေပြီ ဖြစ်သည်။ ပြည်တွင်းမှ အသံမ ထွက် သည့် နောက် ပြည်သူ့အသံများ ထွက်ပေါ်လာစေ၇န် ဆန္ဒဖော် ထုတ်ပွဲများ ပြုလုပ်သင့်လေပြီ။ ပြတ် သား သည့် ဆုံးဖြတ်ချက်ဖြင့်သာ ထာဝရ ငြိမ်းချမ်းရေး ရပေတော့မည် ဖြစ်လေသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်