Pages

Wednesday, January 23, 2013

မြစ်ကြီးနား မီးဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်း ထောက်ပံ့ လှူဒါန်း


ဇန်န၀ါရီလ ၁၉ ရက်နေ့ညက မြစ်ကြီးနား မြို့ပေါ် ၊ ကျွန်းပင်သာ ရပ်ကွက် အတွင်း ပေါ့ဆမီးေ ကြာ င့် နေအိမ် ၁၀ လုံးမှ အိမ်ထောင်စု ၀င် ၆၄ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ပွား ခဲ့မှုအား ကယ်ဆယ်ရေး ပစ္စည်း များ ထောက်ပံ့ ပေးအပ်ပွဲကို ဇန်န၀ါရီလ ၂၀ ရက် နံနက် ၉ နာရီတွင် ကျွန်းပင်သာ ရပ်ကွက် ဂျာမေ့ဗလီ စုေ ၀းေ ဆာင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစီအစဉ်အရ ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ၊ အစိုးရ အဖွဲ့ဝင် ပြည်နယ် စည်ပင် သာယာရေး ၀န်ကြီး ဦးအလေးပါး ၊ လူမှုရေး ၀န်ကြီး ဒေါ်ဘောက်ဂျာ နှင့် တာဝန်ရှိ သူများက မီးလောင်ကျွမ်းမှု ဖြစ်ပွား ရခြင်းနှင့် အခြေအနေ များကို သွားရောက် လေ့လာကြည့်ရှုကာ ၀န်ကြီးချုပ် နှင့် တာဝန်ရှိသူ များက မီးဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး နှင့် ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ် လှူဒါန်းကာ အားပေး စကားများ ပြောကြား ခဲ့သည်။

ကယ်ဆယ်ရေး ပစ္စည်းများကို ပြည်နယ်အစိုးရ အဖွဲ့မှ ဆန်အိတ် ဆန် (၁၀)အိတ် ၊ စောင်ထူ ၆၄ ထည် ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ကချင်ပြည်နယ် မိသားစု သုံးစောင် ၊ ခြင်ထောင်နှင့် အ၀တ်အထည် များ ၊ မီးဖိုချောင်သုံး ပစ္စည်းများ ၊ လူမှုဝန်ထမ်းများ ၊ ရပ်ကွက်နေ ပြည်သူများက ဆန်နှင့် စားသောက်ဖွယ်ရာ များကို အိမ်ထောင်စု (၁၀)စုသို့ ထောက်ပံ့ လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

စင်္ကာပူ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်