Pages

Wednesday, January 23, 2013

KIA တပ်ဖွဲ့ ဝင်တစ်ဦး အလင်းဝင် ရောက် ယနေ့ အထိ KIA အဖွဲ့ မှ အလင်းဝင် ရောက်သူ (၆၃) ဦး ရှိသွားပြီဖြစ်


ဇန်နဝါရီလ(၂၁)ရက် ညနေ(၃)နာရီခွဲခန့် တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နယ် တာလောကြီးကျေးရွာရှိ တပ်မတော် စစ်ကြောင်းသို့  KIAတပ်မဟာ(၅)မှ ကိုယ်ပိုင်အမှတ် အေ(၅၀၁၃၄) တပ်သား နိုင်ဝင်း အသက် (၃၁)နှစ် (ဘ)ဦးလော့ရီ သည် လက်နက်မဲ့ အလင်းဝင် ရောက်ခဲ့ကြောင်း သိရှိရသည်။

တပ်သားနိုင်ဝင်းသည် တာလောကြီးကျေးရွာတွင် မိဘများနှင့်အတူ တောင်ယာလုပ်ကိုင်နေစဉ် ၂၀၁၁ခုနှစ် ဒီဇင်ဘာလ အတွင်းက KIA အဖွဲ့ ဧ။် ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် ယခုကဲ့သို့  အလင်းဝင်ရောက် ခဲ့ခြင်း ဖြစ်ကြောင်း ၊၂၀၁၃ခုနှစ် ဇန်နဝါရီလ (၁)ရက်မှ ယနေ့ အထိ KIAအဖွဲ့ မှအလင်းဝင်ရောက်သူ (၆၃)ဦး ရှိသွားပြီဖြစ်ကြောင်း ၊အလင်းဝင် KIA တပ်ဖွဲ့ ဝင်အား တပ်မတော်စစ်ကြောင်းနှင့် ဒေသခံပြည်သူများက Geneva Coventions of August 12th ,1949,Conflicts not of an International Charter (I) and (II)နှင့် အညီ ကောင်းမွန်စွာ စော င့်ရှောက်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ 
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်