Pages

Wednesday, January 23, 2013

ရ၀မ်များရဲ့ ရင်ဖွင့်သံ


ကျွန်မတို့ ကချင်ပြည်နယ်၊ ပူတိုအို၊ ဆွမ်ပရာဘွန်ဒေသဟာ ကချင်ပြည်နယ်ရဲ့ မြောက်ဘက်မှာရှိပြီး မြစ် ကြီးနားမှ ဆွမ်ပရာဘွန် ၁၃၂ မိုင်၊ ပူတာအိုကို ၂၁၈ မိုင်ကွာဝေးပါတယ်။ ဆွမ်ပရာဘွန်- ပူတာအိုဒေသ ဟာ တောတောင်ထူထပ်ပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသဖြစ်ပါတယ်။

ပူတာအိုမှာ လေယာဉ်ကွင်းရှိပေမယ့် သွေးချင်းတို့ပျော်ရာမြေလို့ တင်စားတဲ့ ဆွမ်ပရာဘွန်ကတော့ ကား လမ်း တစ်ခုသာ အားထားရတဲ့ ဒေသဖြစ်တယ် ဆိုတာ ကချင်ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး သိကြပါတယ်။ KIA ကလည်း သိပါတယ်။ ဆွမ်ပရာဘွန်-ပူတာအိုဒေသမှာ ကျွန်မတို့ ကချင်မျိုးနွယ်စု၊ ရ၀မ်နဲ့လီစူး အများစု နေထိုင်ရာဒေသဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မိုးတွင်းကာလမှာ စစ်တပ်နဲ့ KIA တိုက်ပွဲဖြစ် ပွားပြီး KIA တို့ဟာ မြစ်ကြီးနား-ပူတာအိုလမ်းမှာရှိတဲ့ တံတားကြီး/ငယ် များကို ၂၈ ကြိမ် ဖောက်ခွဲ ဖျက် ဆီးခဲ့ပါတယ်။

မိုးတွင်းကာလ တောင်ယာစိုက်ရမယ့် အချိန်မှာ စစ်ဘေးဒုက္ခသည်အဖြစ် ရှောင်တိမ်းနေရလို့ စပါးမစိုက်နို င်ခဲ့ပါဘူး။ ပူတာအိုမှာရှိတဲ့ ရ၀မ်တိုင်းရင်းသားများ အသိဒုက္ခရောက်နေမှုကို အစိုးရက လေယာဉ်များနဲ့ ရိက္ခာပို့ဆောင်ပေးခဲ့ပါတယ်။ မိုးကာလကုန်လို့ လမ်း/တံတားများ ပြုပြင်တဲ့အဖွဲ့တွေကို KIA က ဖမ်းဆီးခြ င်း၊ လမ်း/တံတားပြုပြင်တဲ့အဖွဲ့ကို ဖမ်းဆီး၊ ကားများဖျက်ဆီးခြင်း လုပ်ဆောင်လာလို့ လမ်းပြင်၊ တံတားပြ င်အဖွဲ့လည်း ကြောက်ရွံ့လာကြပါတယ်။

ဆွမ်ပရာဘွန်-ပူတာအိုဒေသ တိုင်းရင်းသားများ ငတ်မှာ စိုးတဲ့အတွက် အစိုးရက ယာဉ်တန်းများနဲ့ ရိက္ခာ ပို့ဆောင်ပေးခဲ့ပါတယ်။ ရိက္ခာ ပို့ဆောင်တဲ့အဖွဲ့ ယာဉ်တန်းကို KIAက မီးရှို့တဲ့အတွက် လုံခြုံရေးနဲ့ပို့ေ ဆာ င်ပေး နေရပါတယ်။ လုံခြုံရေးယူတဲ့ စစ်သားများကိုလည်း KIA က မိုင်းထောင်၊ ခြုံခို တိုက်ခိုက်မှုလုပ်နေခဲ့ ပါတယ်။ ဇန်န၀ါရီလ ၂၁ ရက်နဲ့ ၂၂ ရက်နေ့မှာ ကုန်စည် ပို့ဆောင်တဲ့ ယာဉ်တန်းကို KIA က ခြုံခိုတိုက်ခိုက် မှုထပ်မံလုပ်ခဲ့ပါတယ်။ ဆွမ်ပရာဘွန်-ပူတာအိုပို့ ယာဉ်တန်းကို တိုက်ခိုက်မှု ၁၆ ကြိမ်ရှိပြီဖြစ်ပါတယ်။ အစိုးရက ငြိမ်းချမ်းရေးအတွက် ထိုးစစ်ရပ်လိုက်ပြီလို့ ပြောထားပြီးနောက်ပိုင်း ၈ ကြိမ် ရှိပြီလို့ သိရှိပါတယ်။ အခုလို ရိက္ခာကုန်စည်ပို့ဆောင်တဲ့ ယာဉ်တန်းကို ဖျက်ဆီး နေတာဟာ ဆွမ်ပရာဘွန်-ပူတာအိုဒေသရှိ ရ၀မ်-လီစူးများဖြစ်နေလို့ ငတ်သေအောင် တမင်သက်သက်ဆောင်ရွက်နေတာလားလို့ မေးချင်ပါတယ်။ ဒီအရပ် ကုန်စည်ပို့ ယာဉ်တွေက KIA ကို ဆက်ကြေးမပေးလို့ နှောက်ယှက်တာလားလို့ စုံစမ်းတော့ KIA ကိုဆက်ကြေးမပေးရတဲ့ ကားမရှိသလောက်ပါပဲရှင်။

ပြီးတော့ ဂျိမ်းဖောတွေ ခေါင်းဆောင်လုပ်တဲ့ KIA ဟာ ဂျိမ်းဖောလူမျိုးကြီးဝါဒနဲ့ ကချင်ပြည်နယ်တွင်းရှိ  ကျန်တိုင်းရင်းသား တွေကို လူသစ်ဖွဲ့၊ သေနတ်တပ် သေမဲ့တိုက်ပွဲနေရာကို ပို့ဆောင် လုပ်နေတာလားရှင်။ အဆိုးဆုံးက NDA(K) ဖြစ်ခဲ့ဖူးတဲ့ နယ်ခြားစောင့်တပ် ရ၀မ်တွေကို မုန်းတီးတဲ့ KIA ဟာ ရ၀မ်-လီစူးဆိုရင် သတ်လို့များ သတ်လို့များ သတ်မှတ်ထားလားရှင်။ ပူတာအို-ဆွမ်ပရာဘွန်ဒေသရှိ ရ၀မ်-လီစူးတွေကိုလည်း ငတ်ပြီးအမျိုးပြုတ်အောင် ဆောင်ရွက်နေတာလားရှင်။ KIA ရဲ့ လူမျိုးကြီးဝါဒနဲ့ လုပ်ဆောင်မှုတွေကို ကချင်ပြည်နယ်ရှိ တိုင်းရင်းသားများ ဒီလိုဘဲ လက်ပိုက်ကြည့် နေတော့မှာ လားရှင် ------------------

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်